ရွန်းနီနဲ့ ပေါလ်စခိုးပါပြီး ရပ်ဖိုဒ့် မပါတဲ့ မန်ချက်စတာသားရဲ့ အကောင်းဆုံး ယူနိုက်တက်အသင်း

UNICODE – မန်ချက်စတာသား တိုက်စစ်သမား ရပ်ဖိုဒ့်ဟာ သူ့ရဲ့ အကောင်းဆုံးသော ၆ ဦးအသင်းကို ရွေးထုတ်ခဲ့ပြီး အဆိုပါ အသင်းမှာ သူကိုယ်တိုင်တောင် မပါဝင်ခဲ့ပါဘူး။

ရပ်ဖိုဒ့်က ” ခံစစ်အတွက် ဖာဒီနန်ကို ရွေးလိုတယ်။ ဂိုးသမားနေရာအတွက် ဒီဂီယာကို ရွေးပါတယ်။ သူနဲ့ ဗန်ဒါးဆားထဲ ရွေးရခက်ပေမယ့် ဒီဂီယာကိုပဲ ရွေးပါတယ်။ တိုက်စစ်ဖွင့်တဲ့ အနေအထားကို ရွေးချယ်မှာပါ။ ရီယိုရဲ့ အရှေ့မှာ ပေါစခိုးလ်နဲ့ ဘယ် ညာတွေမှာ ဂစ်နဲ့ ရော်နယ်ဒိုကို ထားပါမယ်။ ရှေ့ဆုံးမှာတော့ ရွန်းနီပေါ့။ ကျနော်ကတော့ ဒီစာရင်းထဲ ပါမှာ မဟုတ်ပါဘူး ” လို့ ရွေးချယ်ပေးခဲ့တာပါ။

အင်္ဂလန်သား တိုက်စစ်မှူး ရပ်ဖိုဒ့်ဟာ ယူနိုက်တက်အတွက် ၂၀၁ ပွဲ ကစားပြီး ၆၄ ဂိုး သွင်းယူပေးထားသူပါ။ သူက တွဲဘက် ကစားဖူးတဲ့ အကောင်းဆုံး ကစားသမားစာရင်းမှာ ရွန်းနီကို ရွှေးချယ်ခဲ့ပါတယ်။

” ရွန်းနီနဲ့ တွဲဘက်ကစားခွင့် ရခဲ့တာက အရမ်းကောင်းတဲ့ အခွင့်အရေးဖြစ်ပြီး မယုံနိုင်လောက်တဲ့ အတွေ့အကြုံ ဖြစ်ခဲ့ပါတယ်။ သူက ပွဲတွေမှာ နည်းနည်းလေး လုပ်ပြရင်တောင်မှပဲ တကယ်ကို ကောင်းတဲ့ ကစားသမားဖြစ်တယ်ဆိုတာ လုပ်ပြနိုင်ခဲ့တယ်။

ကျနော်က သူ့ကို အနီးကပ် စောင့်ကြည့်ပြီး ကြီးပြင်းလာတာပါ။ ကစားတဲ့ နေရာတွေမှာ သူ့ရဲ့ အသွင်ကူးပြောင်းမှုက သူ့အတွက်တော့ ဘာမှ မဟုတ်သလိုပါပဲ။ ဒါကပဲ သူ့ကို ကမ္ဘာအဆင့် ကစားသမား ဖြစ်စေခဲ့တာပါ ” လို့ ရပ်ဖိုဒ့်က ပြောပါတယ်။

ကစားသမားဘဝ အစောပိုင်းတွေမှာ ယူနိုက်တက်ပထမအသင်းနဲ့ အသားကျစေသူကိုတော့ ရွန်းနီနဲ့ ရိုင်ယန်ဂစ်တို့ဖြစ်ကြောင်း ရပ်ဖိုဒ့်က ပြောဆိုခဲ့တယ်။ မန်နေဂျာဗန်ဟားလက်ထက် နည်းပြအဖွဲ့ဝင်ဖြစ်သူ ဂစ်ဟာ သူ့ကို အကောင်းဆုံး ကူညီပေးခဲ့ပြီး ကွင်းထဲမှာတော့ ရွန်းနီက ကူညီပေးတယ်လို့ ရပ်ဖိုဒ့်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI – မန္ခ်က္စတာသား တိုက္စစ္သမား ရပ္ဖိုဒ့္ဟာ သူ႔ရဲ႕ အေကာင္းဆံုးေသာ ၆ ဦးအသင္းကို ေရြးထုတ္ခဲ့ျပီး အဆိုပါ အသင္းမွာ သူကိုယ္တိုင္ေတာင္ မပါဝင္ခဲ့ပါဘူး။

ရပ္ဖိုဒ့္က ” ခံစစ္အတြက္ ဖာဒီနန္ကို ေရြးလိုတယ္။ ဂိုးသမားေနရာအတြက္ ဒီဂီယာကို ေရြးပါတယ္။ သူနဲ႔ ဗန္ဒါးဆားထဲ ေရြးရခက္ေပမယ့္ ဒီဂီယာကိုပဲ ေရြးပါတယ္။ တိုက္စစ္ဖြင့္တဲ့ အေနအထားကို ေရြးခ်ယ္မွာပါ။ ရီယိုရဲ႕ အေရွ႔မွာ ေပါစခိုးလ္နဲ႔ ဘယ္ ညာေတြမွာ ဂစ္နဲ႔ ေရာ္နယ္ဒိုကို ထားပါမယ္။ ေရွ႔ဆံုးမွာေတာ့ ရြန္းနီေပါ့။ က်ေနာ္ကေတာ့ ဒီစာရင္းထဲ ပါမွာ မဟုတ္ပါဘူး ” လို႔ ေရြးခ်ယ္ေပးခဲ့တာပါ။

အဂၤလန္သား တိုက္စစ္မွဴး ရပ္ဖိုဒ့္ဟာ ယူႏုိက္တက္အတြက္ ၂၀၁ ပြဲ ကစားျပီး ၆၄ ဂိုး သြင္းယူေပးထားသူပါ။ သူက တြဲဘက္ ကစားဖူးတဲ့ အေကာင္းဆံုး ကစားသမားစာရင္းမွာ ရြန္းနီကို ေရႊးခ်ယ္ခဲ့ပါတယ္။

” ရြန္းနီနဲ႔ တြဲဘက္ကစားခြင့္ ရခဲ့တာက အရမ္းေကာင္းတဲ့ အခြင့္အေရးျဖစ္ျပီး မယံုႏုိင္ေလာက္တဲ့ အေတြ႔အၾကံဳ ျဖစ္ခဲ့ပါတယ္။ သူက ပြဲေတြမွာ နည္းနည္းေလး လုပ္ျပရင္ေတာင္မွပဲ တကယ္ကို ေကာင္းတဲ့ ကစားသမားျဖစ္တယ္ဆိုတာ လုပ္ျပႏုိင္ခဲ့တယ္။

က်ေနာ္က သူ႔ကို အနီးကပ္ ေစာင့္ၾကည့္ျပီး ၾကီးျပင္းလာတာပါ။ ကစားတဲ့ ေနရာေတြမွာ သူ႔ရဲ႕ အသြင္ကူးေျပာင္းမႈက သူ႔အတြက္ေတာ့ ဘာမွ မဟုတ္သလိုပါပဲ။ ဒါကပဲ သူ႔ကို ကမၻာအဆင့္ ကစားသမား ျဖစ္ေစခဲ့တာပါ ” လို႔ ရပ္ဖိုဒ့္က ေျပာပါတယ္။

ကစားသမားဘဝ အေစာပိုင္းေတြမွာ ယူႏုိက္တက္ပထမအသင္းနဲ႔ အသားက်ေစသူကိုေတာ့ ရြန္းနီနဲ႔ ရိုင္ယန္ဂစ္တို႔ျဖစ္ေၾကာင္း ရပ္ဖိုဒ့္က ေျပာဆိုခဲ့တယ္။ မန္ေနဂ်ာဗန္ဟားလက္ထက္ နည္းျပအဖြဲ႔ဝင္ျဖစ္သူ ဂစ္ဟာ သူ႔ကို အေကာင္းဆံုး ကူညီေပးခဲ့ျပီး ကြင္းထဲမွာေတာ့ ရြန္းနီက ကူညီေပးတယ္လို႔ ရပ္ဖိုဒ့္က ေျပာဆိုခဲ့တာျဖစ္ပါတယ္။