ယာဂင်ကလော့ပ်ကို လီဗာပူးအသင်းကနေ ခေါ်ထုတ်ဖို့ ကြံရွယ်လာတဲ့ ဂျာမနီအသင်း

UNICODE – လီဗာပူးအသင်းနဲ့ ဂျာမနီလက်ရွေးစင်အသင်းတို့ဟာ မန်နေဂျာယာဂင်ကလော့ပ်ကို သက်ဆိုင်ရာ အသင်းတွေကို ကိုင်တွယ်ဖို့ အပြိုင် ကြိုးစားရဖွယ် ရှိနေပါကြောင်း ဒေးလီးမေလ်းက ဖော်ပြသွားပါတယ်။

လီဗာပူးအသင်းကို စိတ်တိုင်းကျ တည်ဆောက်အပြီးမှာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်တွေကို ကောင်းကောင်းကြီး စိန်ခေါ်ပြခဲ့တဲ့ ကလော့ပ်ဟာ ထိပ်တန်းမန်နေဂျာအဖြစ် ကိုယ်ပိုင် ဘောလုံးအတွေးအမြင်တွေ ပိုင်ဆိုင်ထားသူပါ။ သူ့ရဲ့ ဖိအားပေး ကစားဟန်ဟာ ဘွန်ဒက်လီဂါရဲ့ အမှတ်အသားဖြစ်လာပြီး အင်္ဂလန်လိဂ်မှာပါ ဆင့်ပွားအသုံးပြုမှုတွေ များလာခဲ့ပါတယ်။

ကလော့ပ်ဟာ လီဗာပူးအသင်းနဲ့ ၂၀၂၄ ခုနှစ်ထိ စာချုပ်ရှည် ရှိထားသူဖြစ်တယ်။ ဒါပေမယ့် ဂျာမနီအသင်းဟာ မန်နေဂျာ ဂျိုအာချင်လိုးနဲ့ ၂၀၂၂ ခုနှစ်မှာ စာချုပ်ကုန်ပြီးရင် အစားထိုးစရာ မန်နေဂျာအဖြစ် ကလော့ပ်ကို မျက်စိကျနေတာဖြစ်ပါတယ်။

ကလော့ပ်ကိုယ်တိုင်က အနာဂတ်မှာ ဂျာမနီလက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားကြောင်း ပြောဆိုထားပြီး လီဗာပူးနဲ့ ဂျာမနီကြားမှာ အားပြိုင်မှုတွေ ရှိလာမှာဖြစ်တယ်။ ဂျာမနီဘက်က ကလော့ပ်က ဂျာမနီသားဖြစ်တဲ့အပြင် သူ့ရဲ့ နည်းစနစ်က လက်ရွေးစင်အသင်းအတွက် အသားကျမြန်ဆန်မယ်လို့ ယုံကြည်ချက် ရှိနေပါတယ်။

တစ်ဘက်မှာလည်း မန်နေဂျာကလော့ပ်ဟာ လီဗာပူးနဲ့ လက်ရှိ စာချုပ်ကို ပြီးတဲ့အထိ ဆက်နေမယ်ဆိုရင် ဆယ်စုနှစ်ကြာ အန်ဖီးကလပ်ကို ကိုင်တွယ်မှုဖြစ်လာမှာပါ။ ဒါဟာ ဆာအဲလက်စ် ဖာဂူဆန်နဲ့ အာဆင်ဝင်းဂါးနောက်ပိုင်း ကာလရှည် တာဝန်ယူနိုင်တဲ့ မန်နေဂျာတစ်ဦး ဖြစ်လာပါမယ်။

ယာဂင်ကလော့ပ်ဟာ အန်ဖီးကွင်းရဲ့ အဓိက ပွဲကြည့်စင်၊ ကရာဘီ လေ့ကျင့်ရေးစင်တာသစ်တို့လို သမိုင်းတွင်တဲ့ တည်ဆောက်မှုတွေကို ကိုယ်တိုင် ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး မိခင်နိုင်ငံရဲ့ လက်ရွေးစင်အသင်းနဲ့ လီဗာပူးအသင်းကြား ရွေးချယ်ရမယ့် နေ့ရက်မျိုး ရှိလာခဲ့ရင် ဘယ်လို ဆုံးဖြတ်ချက် ပြုလုပ်မလဲဆိုတာက စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

ZAWGYI – လီဗာပူးအသင္းနဲ႔ ဂ်ာမနီလက္ေရြးစင္အသင္းတို႔ဟာ မန္ေနဂ်ာယာဂင္ကေလာ့ပ္ကို သက္ဆိုင္ရာ အသင္းေတြကို ကိုင္တြယ္ဖို႔ အျပိဳင္ ၾကိဳးစားရဖြယ္ ရွိေနပါေၾကာင္း ေဒးလီးေမလ္းက ေဖာ္ျပသြားပါတယ္။

လီဗာပူးအသင္းကို စိတ္တိုင္းက် တည္ေဆာက္အျပီးမွာ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ေတြကို ေကာင္းေကာင္းၾကီး စိန္ေခၚျပခဲ့တဲ့ ကေလာ့ပ္ဟာ ထိပ္တန္းမန္ေနဂ်ာအျဖစ္ ကိုယ္ပိုင္ ေဘာလံုးအေတြးအျမင္ေတြ ပိုင္ဆိုင္ထားသူပါ။ သူ႔ရဲ႕ ဖိအားေပး ကစားဟန္ဟာ ဘြန္ဒက္လီဂါရဲ႕ အမွတ္အသားျဖစ္လာျပီး အဂၤလန္လိဂ္မွာပါ ဆင့္ပြားအသံုးျပဳမႈေတြ မ်ားလာခဲ့ပါတယ္။

ကေလာ့ပ္ဟာ လီဗာပူးအသင္းနဲ႔ ၂၀၂၄ ခုႏွစ္ထိ စာခ်ဳပ္ရွည္ ရွိထားသူျဖစ္တယ္။ ဒါေပမယ့္ ဂ်ာမနီအသင္းဟာ မန္ေနဂ်ာ ဂ်ိဳအာခ်င္လိုးနဲ႔ ၂၀၂၂ ခုႏွစ္မွာ စာခ်ဳပ္ကုန္ျပီးရင္ အစားထိုးစရာ မန္ေနဂ်ာအျဖစ္ ကေလာ့ပ္ကို မ်က္စိက်ေနတာျဖစ္ပါတယ္။

ကေလာ့ပ္ကိုယ္တုိင္က အနာဂတ္မွာ ဂ်ာမနီလက္ေရြးစင္အသင္းကို ကိုင္တြယ္ဖို႔ စိတ္ဝင္စားေၾကာင္း ေျပာဆိုထားျပီး လီဗာပူးနဲ႔ ဂ်ာမနီၾကားမွာ အားျပိဳင္မႈေတြ ရွိလာမွာျဖစ္တယ္။ ဂ်ာမနီဘက္က ကေလာ့ပ္က ဂ်ာမနီသားျဖစ္တဲ့အျပင္ သူ႔ရဲ႕ နည္းစနစ္က လက္ေရြးစင္အသင္းအတြက္ အသားက်ျမန္ဆန္မယ္လို႔ ယံုၾကည္ခ်က္ ရွိေနပါတယ္။

တစ္ဘက္မွာလည္း မန္ေနဂ်ာကေလာ့ပ္ဟာ လီဗာပူးနဲ႔ လက္ရွိ စာခ်ဳပ္ကို ျပီးတဲ့အထိ ဆက္ေနမယ္ဆိုရင္ ဆယ္စုႏွစ္ၾကာ အန္ဖီးကလပ္ကို ကိုင္တြယ္မႈျဖစ္လာမွာပါ။ ဒါဟာ ဆာအဲလက္စ္ ဖာဂူဆန္နဲ႔ အာဆင္ဝင္းဂါးေနာက္ပိုင္း ကာလရွည္ တာဝန္ယူႏုိင္တဲ့ မန္ေနဂ်ာတစ္ဦး ျဖစ္လာပါမယ္။

ယာဂင္ကေလာ့ပ္ဟာ အန္ဖီးကြင္းရဲ႕ အဓိက ပြဲၾကည့္စင္၊ ကရာဘီ ေလ့က်င့္ေရးစင္တာသစ္တို႔လို သမိုင္းတြင္တဲ့ တည္ေဆာက္မႈေတြကို ကိုယ္တိုင္ ပါဝင္ခဲ့သူတစ္ဦးျဖစ္ျပီး မိခင္ႏုိင္ငံရဲ႕ လက္ေရြးစင္အသင္းနဲ႔ လီဗာပူးအသင္းၾကား ေရြးခ်ယ္ရမယ့္ ေန႔ရက္မ်ိဳး ရွိလာခဲ့ရင္ ဘယ္လို ဆံုးျဖတ္ခ်က္ ျပဳလုပ္မလဲဆိုတာက စိတ္ဝင္စားစရာပဲ ျဖစ္ပါတယ္။