ဆောင်းပါး | လိဂ်တွေ ဘယ်လို ရှေ့ဆက်မလဲ၊ စာချုပ်တွေ၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွေနဲ့ UEFA ရဲ့ အစီအမံများ

UNICODE – ယူအီးအက်ဖ်အေဟာ ကိုရိုနာ ဗိုင်းရပ် ကပ်ဘေးနဲ့ ပက်သက်ပြီး သက်ရောက်နိုင်မယ့် ဆွေးနွေးမှုတစ်ခုကို ဒီကနေ့မှာ ထပ်မံ ညိနှိုင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေရဲ့ အဓိက လုပ်ငန်းစဉ်တွေက ဘာလဲ ဆိုတဲ့အပေါ် ဘောလုံးပရိသတ်တွေ သိလိုကြမှာဖြစ်ပြီး ဒီကိစ္စနဲ့ ပက်သက်လို့ စကိုင်းစပေါ့ရဲ့ အယ်ဒီတာတစ်ဦးဖြစ်သူ Bryan Swanson ရဲ့ တင်ပြချက်တွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။

ဒီကနေ့မှာ ယူအီးအက်ဖ်အေက ဘာလို့ အစည်းအဝေး ခေါ်ရလဲ?

မတ်လ ၁၇ ရက်နောက်ပိုင်း ဥရောပရဲ့ ဘောလုံးအဖွဲ့ချုပ် ၅၅ ခုဟာ ပထမဆုံးအကြိမ် ထပ်မံပြီး အစည်းအဝေး ခေါ်တာဖြစ်တယ်။ ဒါဟာ ယူရိုပြိုင်ပွဲကို တစ်နှစ် နောက်ဆုတ်အပြီး အဖြေထုတ်ဖို့ ထပ်မံ လိုအပ်နေသေးတဲ့ အမှတ်ပေးပြိုင်ပွဲတွေအတွက် ဆွေးနွေးမှုဖြစ်ပါမယ်။

ကိုရိုနာ ကပ်ဘေးကြောင့် ဘောလုံးပွဲတွေ ရပ်နားထားရတာက ဘောလုံးပြိုင်ပွဲတွေမှာ ကြီးမားတဲ့ ဘဏ္ဍာရေးထိခိုက်မှု ရှိလာမှာပါ။ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အာဏာပိုင်တွေက တိုင်းပြည်တွေမှာ ဖြစ်နေတဲ့ အနေအထားတွေ ထူးခြားသတင်းတွေကို ပို့ပေးရမှာဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ စုဝေးကြတာ မဟုတ်ပဲ တာဝန်ရှိသူတွေက မိနစ် ၉၀ စာအတွက် ဗီဒီယိုကနေ တွေ့ဆုံ ဆွေးနွေးကြမှာဖြစ်ပြီး ယူအီးအက်ဖ်အေ ဥက္ကဌ Aleksander Ceferin ကိုယ်တိုင်က စလိုဗေးနီးယား နိုင်ငံမှာ ရှိနေပါတယ်။ ဒီတစ်ကြိမ် တွေ့ဆုံမှုမှာတော့ အရင်တစ်ခေါက် တွေ့ဆုံထားတာရဲ့ နောက်ဆုံးတွဲနဲ့ အမျိုးမျိုးထွက်နေတဲ့ ကောလဟာလတွေအတွက် အတည်ပြုပေးမယ့် ကိစ္စတွေကို ဆွေးနွေးမှာဖြစ်တယ်။

ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေ ဘာဆက်ဖြစ်မလဲ?

ယူအီးအက်ဖ်အေက ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တို့ကို ဆက်လက် ယှဉ်ပြိုင်စေဖို့ ရည်မှန်းချက် ရှိပါတယ်။ ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်အဆင့်တွေ ကစားဖို့ လိုအပ်နေပြီး ဒါကို တူညီတဲ့ ကွင်းတစ်ကွင်းမှာ တစ်ကျော့တည်း ကစားဖို့ ဆွေးနွေးမှာဖြစ်တယ်။ ချန်ပီယံလိဂ်မှာ နိုင်ငံ ၅ နိုင်ငံမှ ကလပ် ၁၂ သင်း ယူရိုပါလိဂ်မှာ နိုင်ငံ ၁၁ နိုင်ငံက ကလပ် ၁၆ သင်းတွေက ပြိုင်ပွဲထဲမှာ ဆက်ရှိနေသေးတာဖြစ်ပါတယ်။

ကိုရိုနာ ကပ်ဘေးက နိုင်ငံတွေကို မတူညီတဲ့ နည်းလမ်းတွေနဲ့ ရိုက်ခတ်နေတာဖြစ်ပြီး အခြေအနေ မတည်ငြိမ်သ၍တော့ ယူအီးအက်ဖ်အေက ပြန်ကစားဖို့ ရက်စွဲကို သဘောတူပေးဖွယ် မရှိပါဘူး။

ဒီရာသီကို ပယ်ဖျက်လိုက်တာကို ယူအီးအက်ဖ်အေက လုပ်ဆောင်မလား?

ဥရောပ အဖွဲ့ချုပ်ရဲ့ အတွင်းသတင်းအရတော့ ယူအီးအက်ဖ်အေက ဘယ်လို ထိန်းချုပ်မှုတွေအောက်မှာမှ မရှိပါဘူး။ အနာဂတ်မှာ လုပ်ဆောင်မယ့် နေ့ရက်တွေအတွက် အစီအစဉ်တွေ ရှိနေပါတယ်။ ဒီရာသီကို အပြီးသတ်ဖို့ ရည်ရွယ်ထားပြီး ဇွန်လ ၃၀ ရက်ကို နောက်ဆုံးရက်အဖြစ် သက်မှတ်ထားပါတယ်။ ဒါပေမယ့် ဇွန်လိုင်လနဲ့ အဲ့နောက်ပိုင်း လတွေမှ ဘောလုံးလိဂ်တွေကို အဆုံးသတ်နိုင်မလား ကိစ္စတွေကိုလည်း ဆွေးနွေးသွားပါမယ်။

ဒီနေရာမှ ပြဿနာတစ်ခုရှိနေတာက ရက်စွဲတစ်ခုကို သက်မှတ်ဖို့ဖြစ်ပါတယ်။ ပြိုင်ပွဲတွေဟာ ဘောလုံးပွဲတွေ ပြန်စဖို့နဲ့ ပြန်လည် ယှဉ်ပြိုင်ဖို့ကို ဒုတိယ ဦးစားပေး သက်မှတ်ထားပြီး အရေးကြီးဆုံးကတော့ လူသားတွေရဲ့ အသက်အန္တရာယ်ဖြစ်ကာ ဥရောပတစ်ဝန်းကို ကျန်းမာနေစေဖို့ ဦးစားပေးမှာ ဖြစ်ပါတယ်။

အပြောင်းအရွှေ့က ဘယ်လို ဖြစ်လာမလဲ?

ယူအီးအက်ဖ်အေက ဆွေးနွေးမယ့် ကိစ္စတွေထဲမှာ ကစားသမားတွေ စာချုပ်ကိစ္စက အရေးကြီးဆုံးဖြစ်ပါတယ်။ ဖီဖာဘက်က အဖွဲ့တစ်ခုဟာ ဒီခက်ခဲတဲ့ ကိစ္စအတွက် ယူအီးအက်ဖ်အေကို လမ်းညွှန်ပေးမှာဖြစ်တယ်။ သက်ဆိုင်ရာ နိုင်ငံအလိုက် ပြိုင်ပွဲတိုင်းက ကိုယ်ပိုင် ဦးစားပေးတွေနဲ့ဖြစ်လို့ အခြေအနေတွေကို ဖြေရှင်ဖို့က အရမ်း မမြန်ပါဘူး။

သက်ဆိုင်ရာ နိုင်ငံတိုင်းရဲ့ စာချုပ်ကိစ္စတွေက ဖီဖာရဲ့ ဆွေးနွေးမှုတွေ ပါဝင်ထားတာဖြစ်ပြီး ဒီကိစ္စက အတော်လေး ရှုပ်ထွေးတဲ့ အပိုင်းဖြစ်ပါတယ်။ ပွဲတွေအတွက် အတူတကွ လုပ်ဆောင်ဖို့ လိုပါတယ်။ ကပ်ဘေးက အတူတကွ လုပ်ဆောင်ရမှာဖြစ်ပြီး ကမ္ဘာဘောလုံးလောကဟာ မကြုံဖူးတဲ့ သဘောတူညီမှုတွေ လုပ်ရဖို့ ရှိပါတယ်။ ပြီးပြည့်စုံတဲ့ ဖြေရှင်းနည်း မရှိတာကို အားလုံး လက်ခံထားဖို့ လိုပါတယ်။

ယူအီးအက်ဖ်အေက ကွင်းပိတ်ကစားမယ်ဆိုရင်တောင် သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ကျန်းမာရေးအခြေအနေ မီးစိမ်းပြတာမျိုးကို လိုချင်ပါတယ်။ ဥရောပဘောလုံးက ပြန်လာမှာဖြစ်တယ်။ ဒါပေမယ့် လုံခြုံစိတ်ချရမယ့် အနေအထားကို ရောက်မှ ပြန်စမှာဖြစ်ပါတယ်။

ZAWGYI – ယူအီးအက္ဖ္ေအဟာ ကိုရိုနာ ဗုိုင္းရပ္ ကပ္ေဘးနဲ႔ ပက္သက္ျပီး သက္ေရာက္ႏုိင္မယ့္ ေဆြးေႏြးမႈတစ္ခုကို ဒီကေန႔မွာ ထပ္မံ ညိႏိႈင္း ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။

ယူအီးအက္ဖ္ေအရဲ႕ အဓိက လုပ္ငန္းစဥ္ေတြက ဘာလဲ ဆိုတဲ့အေပၚ ေဘာလံုးပရိသတ္ေတြ သိလိုၾကမွာျဖစ္ျပီး ဒီကိစၥနဲ႔ ပက္သက္လို႔ စကိုင္းစေပါ့ရဲ႕ အယ္ဒီတာတစ္ဦးျဖစ္သူ Bryan Swanson ရဲ႕ တင္ျပခ်က္ေတြကို ေဖာ္ျပသြားမွာျဖစ္ပါတယ္။

ဒီကေန႔မွာ ယူအီးအက္ဖ္ေအက ဘာလို႔ အစည္းအေဝး ေခၚရလဲ?

မတ္လ ၁၇ ရက္ေနာက္ပိုင္း ဥေရာပရဲ႕ ေဘာလံုးအဖြဲ႔ခ်ဳပ္ ၅၅ ခုဟာ ပထမဆံုးအၾကိမ္ ထပ္မံျပီး အစည္းအေဝး ေခၚတာျဖစ္တယ္။ ဒါဟာ ယူရိုျပိဳင္ပြဲကို တစ္ႏွစ္ ေနာက္ဆုတ္အျပီး အေျဖထုတ္ဖို႔ ထပ္မံ လိုအပ္ေနေသးတဲ့ အမွတ္ေပးျပိဳင္ပြဲေတြအတြက္ ေဆြးေႏြးမႈျဖစ္ပါမယ္။

ကိုရိုနာ ကပ္ေဘးေၾကာင့္ ေဘာလံုးပြဲေတြ ရပ္နားထားရတာက ေဘာလံုးျပိဳင္ပြဲေတြမွာ ၾကီးမားတဲ့ ဘ႑ာေရးထိခိုက္မႈ ရွိလာမွာပါ။ သက္ဆုိင္ရာ ႏုိင္ငံေတြရဲ႕ အာဏာပိုင္ေတြက တိုင္းျပည္ေတြမွာ ျဖစ္ေနတဲ့ အေနအထားေတြ ထူးျခားသတင္းေတြကို ပို႔ေပးရမွာျဖစ္ပါတယ္။

ႏုိင္ငံတစ္ႏုိင္ငံမွာ စုေဝးၾကတာ မဟုတ္ပဲ တာဝန္ရွိသူေတြက မိနစ္ ၉၀ စာအတြက္ ဗီဒီယိုကေန ေတြ႔ဆံု ေဆြးေႏြးၾကမွာျဖစ္ျပီး ယူအီးအက္ဖ္ေအ ဥကၠဌ Aleksander Ceferin ကိုယ္တိုင္က စလိုေဗးနီးယား ႏုိင္ငံမွာ ရွိေနပါတယ္။ ဒီတစ္ၾကိမ္ ေတြ႔ဆုံမႈမွာေတာ့ အရင္တစ္ေခါက္ ေတြ႔ဆံုထားတာရဲ႕ ေနာက္ဆံုးတြဲနဲ႔ အမ်ိဳးမ်ိဳးထြက္ေနတဲ့ ေကာလဟာလေတြအတြက္ အတည္ျပဳေပးမယ့္ ကိစၥေတြကို ေဆြးေႏြးမွာျဖစ္တယ္။

ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္ျပိဳင္ပြဲေတြ ဘာဆက္ျဖစ္မလဲ?

ယူအီးအက္ဖ္ေအက ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္တို႔ကို ဆက္လက္ ယွဥ္ျပိဳင္ေစဖို႔ ရည္မွန္းခ်က္ ရွိပါတယ္။ ကြာတားဖိုင္နယ္နဲ႔ ဆီမီးဖိုင္နယ္အဆင့္ေတြ ကစားဖို႔ လိုအပ္ေနျပီး ဒါကို တူညီတဲ့ ကြင္းတစ္ကြင္းမွာ တစ္ေက်ာ့တည္း ကစားဖို႔ ေဆြးေႏြးမွာျဖစ္တယ္။ ခ်န္ပီယံလိဂ္မွာ ႏုိင္ငံ ၅ ႏိုင္ငံမွ ကလပ္ ၁၂ သင္း ယူရိုပါလိဂ္မွာ ႏုိင္ငံ ၁၁ ႏုိင္ငံက ကလပ္ ၁၆ သင္းေတြက ျပိဳင္ပြဲထဲမွာ ဆက္ရွိေနေသးတာျဖစ္ပါတယ္။

ကိုရိုနာ ကပ္ေဘးက ႏုိင္ငံေတြကို မတူညီတဲ့ နည္းလမ္းေတြနဲ႔ ရိုက္ခတ္ေနတာျဖစ္ျပီး အေျခအေန မတည္ျငိမ္သ၍ေတာ့ ယူအီးအက္ဖ္ေအက ျပန္ကစားဖို႔ ရက္စြဲကို သေဘာတူေပးဖြယ္ မရွိပါဘူး။

ဒီရာသီကို ပယ္ဖ်က္လိုက္တာကို ယူအီးအက္ဖ္ေအက လုပ္ေဆာင္မလား?

ဥေရာပ အဖြဲ႔ခ်ဳပ္ရဲ႕ အတြင္းသတင္းအရေတာ့ ယူအီးအက္ဖ္ေအက ဘယ္လို ထိန္းခ်ဳပ္မႈေတြေအာက္မွာမွ မရွိပါဘူး။ အနာဂတ္မွာ လုပ္ေဆာင္မယ့္ ေန႔ရက္ေတြအတြက္ အစီအစဥ္ေတြ ရွိေနပါတယ္။ ဒီရာသီကို အျပီးသတ္ဖို႔ ရည္ရြယ္ထားျပီး ဇြန္လ ၃၀ ရက္ကို ေနာက္ဆံုးရက္အျဖစ္ သက္မွတ္ထားပါတယ္။ ဒါေပမယ့္ ဇြန္လိုင္လနဲ႔ အဲ့ေနာက္ပိုင္း လေတြမွ ေဘာလံုးလိဂ္ေတြကို အဆံုးသတ္ႏုိင္မလား ကိစၥေတြကိုလည္း ေဆြးေႏြးသြားပါမယ္။

ဒီေနရာမွ ျပႆနာတစ္ခုရွိေနတာက ရက္စြဲတစ္ခုကို သက္မွတ္ဖို႔ျဖစ္ပါတယ္။ ျပိဳင္ပြဲေတြဟာ ေဘာလံုးပြဲေတြ ျပန္စဖို႔နဲ႔ ျပန္လည္ ယွဥ္ျပိဳင္ဖို႔ကို ဒုတိယ ဦးစားေပး သက္မွတ္ထားျပီး အေရးၾကီးဆံုးကေတာ့ လူသားေတြရဲ႕ အသက္အႏၱရာယ္ျဖစ္ကာ ဥေရာပတစ္ဝန္းကို က်န္းမာေနေစဖို႔ ဦးစားေပးမွာ ျဖစ္ပါတယ္။

အေျပာင္းအေရႊ႔က ဘယ္လို ျဖစ္လာမလဲ?

ယူအီးအက္ဖ္ေအက ေဆြးေႏြးမယ့္ ကိစၥေတြထဲမွာ ကစားသမားေတြ စာခ်ဳပ္ကိစၥက အေရးၾကီးဆံုးျဖစ္ပါတယ္။ ဖီဖာဘက္က အဖြဲ႔တစ္ခုဟာ ဒီခက္ခဲတဲ့ ကိစၥအတြက္ ယူအီးအက္ဖ္ေအကို လမ္းညႊန္ေပးမွာျဖစ္တယ္။ သက္ဆုိင္ရာ ႏုိင္ငံအလိုက္ ျပိဳင္ပြဲတိုင္းက ကိုယ္ပိုင္ ဦးစားေပးေတြနဲ႔ျဖစ္လို႔ အေျခအေနေတြကို ေျဖရွင္ဖို႔က အရမ္း မျမန္ပါဘူး။

သက္ဆုိင္ရာ ႏုိင္ငံတိုင္းရဲ႕ စာခ်ဳပ္ကိစၥေတြက ဖီဖာရဲ႕ ေဆြးေႏြးမႈေတြ ပါဝင္ထားတာျဖစ္ျပီး ဒီကိစၥက အေတာ္ေလး ရႈပ္ေထြးတဲ့ အပိုင္းျဖစ္ပါတယ္။ ပြဲေတြအတြက္ အတူတကြ လုပ္ေဆာင္ဖို႔ လိုပါတယ္။ ကပ္ေဘးက အတူတကြ လုပ္ေဆာင္ရမွာျဖစ္ျပီး ကမၻာေဘာလံုးေလာကဟာ မၾကံဳဖူးတဲ့ သေဘာတူညီမႈေတြ လုပ္ရဖို႔ ရွိပါတယ္။ ျပီးျပည့္စံုတဲ့ ေျဖရွင္းနည္း မရွိတာကို အားလံုး လက္ခံထားဖို႔ လိုပါတယ္။

ယူအီးအက္ဖ္ေအက ကြင္းပိတ္ကစားမယ္ဆိုရင္ေတာင္ သက္ဆိုင္ရာ ႏုိင္ငံေတြရဲ႕ က်န္းမာေရးအေျခအေန မီးစိမ္းျပတာမ်ိဳးကို လိုခ်င္ပါတယ္။ ဥေရာပေဘာလံုးက ျပန္လာမွာျဖစ္တယ္။ ဒါေပမယ့္ လံုျခံဳစိတ္ခ်ရမယ့္ အေနအထားကို ေရာက္မွ ျပန္စမွာျဖစ္ပါတယ္။