ဂျူဗင်တပ် ခံစစ်မှူး ဒီလစ်ကို အခွင့်အရေးရှိက ခေါ်ယူနိုင်ဖို့ ပလန်တစ်ခု လုပ်နေတဲ့ ယူနိုက်တက်

UNICODE – ယူနိုက်တက်ဟာ ဂျူဗင်တပ်အသင်း ခံစစ်မှူး ဒီလစ်ကို ခေါ်ယူနိုင်ဖို့အတွက် အခွင့်အရေး ရှာနေကြောင်း ဒီကနေ ဗြိတိန်သတင်းတွေမှာ ဖော်ပြလာပါတယ်။ ဒီသတင်းတွေက ယူနိုက်တက်က ၂၀၂၁ ခုနှစ် နွေမှာ ခေါ်ယူခွင့်ရှိမယ့် ဒီလစ်ကို လာမယ့် အပြောင်းအရွှေ့တွေမှာ ချိတ်ဆက်နိုင်ဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ The Times သတင်းကို မှီငြမ်းပြီး ဖော်ပြလာကြခြင်းလို့ ယူဆရတယ်။

ဥရောပရဲ့ အလားအလာ အရှိဆုံး လူငယ်တွေထဲက တစ်ဦးဖြစ်တဲ့ ဒီလစ်ကို ပြီးခဲ့တဲ့ နွေမှာ ဂျူဗင်တပ်က ပေါင် ၆၇.၅ သန်းနဲ့ ခေါ်ယူခဲ့တာပါ။ အသက် ၂၀ အရွယ် ခံစစ်သမားဟာ စီးရီးအေ ပထမဆုံးရာသီမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရပြီး အရန်ခုံမှာ မကြာခဏ တွေ့နေရတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ခံစစ်အတွက် မက်ဂွဲရားကို ပေါင် သန်း ၈၀ အကုန်အကျခံ ခေါ်ယူထားခဲ့ပြီးဖြစ်တယ်။ လင်ဒီအော့၊ ဘိုင်လီ၊ တွမ်ဇီဘီ၊ ဖီးဂျုံးတို့လို ကစားသမားတွေ ရှိနေပြီး ရိုးမားအသင်းကိုလည်း စမောလင်းကို အငှားချထားတာဖြစ်တယ်။ နွေမှာတော့ စမောလင်းနဲ့ ဂျုံးတို့ ထွက်ခွာနိုင်တာကြောင့် ခံစစ်မှူးတစ်ဦးကို အားဖြည့်ဖို့ လိုလာပါတယ်။

ကွင်းလယ်လူ ပေါ့ဘာရဲ့ အနာဂတ် မသေချာသေးပဲ ပြင်သစ်သားက ဂျူဗင်တပ်ကို ပြောင်းဖို့လည်း စိတ်ဝင်စားနေတာကြောင့် ကစားသမားကို လက်လွတ်ရမယ်ဆိုတဲ့ အနေအထားအတွက် ယူနိုက်တက်ဘက်ကလည်း ပြင်ဆင်စရာ ရှိတာတွေကို ပြင်ဆင်လာတာဖြစ်တယ်။

ဥရောပ အပြောင်းအရွှေ့ဈေးကွက်ဟာ ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် အပြောင်းအလဲတွေ ဖြစ်လာနိုင်ပြီး NBA စတိုင် ဈေးကွက်မျိုးကို မိတ်ဆက်လာဖွယ်ရှိနေတယ်။ အမေရိက အားကစားဖြစ်တဲ့ NBA ဘက်စကတ်ဘောဟာ နှစ်စဉ် ဈေးကွက်ဖွင့်ချိန်မှာ ကလပ်တွေကြား ကစားသမား လဲလှယ်မှုတွေ လုပ်ရတဲ့ ပြောင်းရွှေ့နည်းဖြစ်ပြီး ငွေကြေး ထပ်ပေးစရာမလိုတာမျိုး ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ ဂျူဗင်တပ်တို့ကတော့ ပြောင်းရွှေ့ကြေး အနည်းငယ်ပါတဲ့ ပေါ့ဘာ၊ ဒီလစ် လဲလှယ်မှုမျိုးကို လုပ်ဆောင်နိုင်ပြီး မန်ချက်စတာကလပ်ဘက်ကတော့ အေးဂျင့် ရွိုင်အိုလာနဲ့ ဆက်သွယ် စကားပြောမယ်လို့ သိရပါတယ်။

ZAWGYI – ယူႏုိက္တက္ဟာ ဂ်ဴဗင္တပ္အသင္း ခံစစ္မွဴး ဒီလစ္ကို ေခၚယူႏုိင္ဖို႔အတြက္ အခြင့္အေရး ရွာေနေၾကာင္း ဒီကေန ျဗိတိန္သတင္းေတြမွာ ေဖာ္ျပလာပါတယ္။ ဒီသတင္းေတြက ယူႏုိက္တက္က ၂၀၂၁ ခုႏွစ္ ေႏြမွာ ေခၚယူခြင့္ရွိမယ့္ ဒီလစ္ကို လာမယ့္ အေျပာင္းအေရႊ႔ေတြမွာ ခ်ိတ္ဆက္ႏုိင္ဖို႔ စိတ္ဝင္စားေနတယ္ဆိုတဲ့ The Times သတင္းကို မွီျငမ္းျပီး ေဖာ္ျပလာၾကျခင္းလို႔ ယူဆရတယ္။

ဥေရာပရဲ႕ အလားအလာ အရွိဆံုး လူငယ္ေတြထဲက တစ္ဦးျဖစ္တဲ့ ဒီလစ္ကို ျပီးခဲ့တဲ့ ေႏြမွာ ဂ်ဴဗင္တပ္က ေပါင္ ၆၇.၅ သန္းနဲ႔ ေခၚယူခဲ့တာပါ။ အသက္ ၂၀ အရြယ္ ခံစစ္သမားဟာ စီးရီးေအ ပထမဆံုးရာသီမွာ ေျခစြမ္းျပဖို႔ ရုန္းကန္ေနခဲ့ရျပီး အရန္ခံုမွာ မၾကာခဏ ေတြ႔ေနရတာျဖစ္ပါတယ္။

ယူႏုိက္တက္ဟာ ခံစစ္အတြက္ မက္ဂြဲရားကို ေပါင္ သန္း ၈၀ အကုန္အက်ခံ ေခၚယူထားခဲ့ျပီးျဖစ္တယ္။ လင္ဒီေအာ့၊ ဘိုင္လီ၊ တြမ္ဇီဘီ၊ ဖီးဂ်ံဳးတို႔လို ကစားသမားေတြ ရွိေနျပီး ရိုးမားအသင္းကိုလည္း စေမာလင္းကို အငွားခ်ထားတာျဖစ္တယ္။ ေႏြမွာေတာ့ စေမာလင္းနဲ႔ ဂ်ံဳးတို႔ ထြက္ခြာႏုိင္တာေၾကာင့္ ခံစစ္မွဴးတစ္ဦးကို အားျဖည့္ဖို႔ လိုလာပါတယ္။

ကြင္းလယ္လူ ေပါ့ဘာရဲ႕ အနာဂတ္ မေသခ်ာေသးပဲ ျပင္သစ္သားက ဂ်ဴဗင္တပ္ကို ေျပာင္းဖို႔လည္း စိတ္ဝင္စားေနတာေၾကာင့္ ကစားသမားကို လက္လြတ္ရမယ္ဆိုတဲ့ အေနအထားအတြက္ ယူႏုိက္တက္ဘက္ကလည္း ျပင္ဆင္စရာ ရွိတာေတြကို ျပင္ဆင္လာတာျဖစ္တယ္။

ဥေရာပ အေျပာင္းအေရႊ႔ေစ်းကြက္ဟာ ကိုဗစ္-၁၉ ရိုက္ခတ္မႈေၾကာင့္ အေျပာင္းအလဲေတြ ျဖစ္လာႏုိင္ျပီး NBA စတိုင္ ေစ်းကြက္မ်ိဳးကို မိတ္ဆက္လာဖြယ္ရွိေနတယ္။ အေမရိက အားကစားျဖစ္တဲ့ NBA ဘက္စကတ္ေဘာဟာ ႏွစ္စဥ္ ေစ်းကြက္ဖြင့္ခ်ိန္မွာ ကလပ္ေတြၾကား ကစားသမား လဲလွယ္မႈေတြ လုပ္ရတဲ့ ေျပာင္းေရႊ႔နည္းျဖစ္ျပီး ေငြေၾကး ထပ္ေပးစရာမလိုတာမ်ိဳး ျဖစ္ပါတယ္။

ယူႏုိက္တက္နဲ႔ ဂ်ဴဗင္တပ္တို႔ကေတာ့ ေျပာင္းေရႊ႔ေၾကး အနည္းငယ္ပါတဲ့ ေပါ့ဘာ၊ ဒီလစ္ လဲလွယ္မႈမ်ိဳးကို လုပ္ေဆာင္ႏုိင္ျပီး မန္ခ်က္စတာကလပ္ဘက္ကေတာ့ ေအးဂ်င့္ ရိြဳင္အိုလာနဲ႔ ဆက္သြယ္ စကားေျပာမယ္လို႔ သိရပါတယ္။