မက်ဆီ ချီးကျူးရသူများ၊ အပြောင်းအရွှေ့ လှုပ်ရှားမှုနဲ့ ဗုဒ္ဓဟူးနေ့အတွက် ပရီးမီးယားလိဂ် နံနက်ခင်းသတင်းများ

UNICODE – လိုင်ယွန်နယ်မက်ဆီက မန်စီးတီးလူငယ်ကစားသမား ဖိုဒန်ဟာ အရည်အချင်းရှိပြီး ဘောလုံးနဲ့အတူ စွမ်းစွမ်းတမံ လုပ်နိုင်ကြောင်း ဘရာဇီးသတင်းစာ O Globo နဲ့ အင်တာဗျူးမှာ ထည့်သွင်း ဖြေဆိုပါတယ်။

မက်ဆီက ဗန်ဒိုက်က ရင်ဆိုင်ရခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်သလို အယ်လီဆန်က တည်ငြိမ်လွန်းပြီး ဆာလက်၊ မာနေးတို့ကလည်း ထူးခြားတဲ့ အရည်အချင်းတွေရှိတဲ့ တိုက်စစ်သမားတွေပါလို့ ချီးကျူးခဲ့ပါတယ်။

ချယ်ဆီးအသင်းက စိတ်ဝင်စားနေပေမယ့် ဘိုင်ယန်မြူနစ် ဂိုးသမား နူအာဟာ အသင်းမပြောင်းပဲ ဘိုင်ယန်မှာပဲ စာချုပ်သစ် ထပ်ချုပ်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ၂၀၂၁ ခုနှစ်မှာ ကုန်မယ့် အဆိုပါ စာချုပ်အတွက် သဘောတူညီမှုတော့ မရသေးပါဘူး။

ချယ်ဆီးဟာ ဘာစီလိုနာခံစစ်မှူး အမ်တီတီထက် လိုင်လီအသင်း ခံစစ်မှူး ဂါဘရီရယ်ကိုပဲ ပိုမို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ နှစ်ဦးလုံးအတွက် ပြောင်းရွှေ့ကြေးတွေက ယူရို သန်း ၅၀ ဝန်းကျင်ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေဟာ ကိုရိုနာအတွက် အချင်းချင်း နီးနာမှုတွေ၊ ဆွေးနွေးမှုတွေကို ဆက်လက် လုပ်ဆောင်မှုတွေ ရှိနေပါတယ်။

ကိုရိုနာ ကပ်ဘေးကြောင့် ဘောလုံးအသင်းတွေ စီးပွားရေး ထိခိုက်နိုင်ပေမယ့် ဆန်ချိုအတွက် ပေါင် သန်း ၁၁၀ ထက်နည်းတဲ့ ပမာဏဖြင့် ကမ်းလှမ်းမှုတွေကို ဒေါ့မွန်အသင်းက လက်ခံ စဉ်းစားပေးမှာ မဟုတ်ပါဘူး။

အာဆင်နယ် လူငယ်ကစားသမား ဆာကာရဲ့ ပြောင်းရွှေ့ကြေးဟာ ၂၀၁၉ စက်တင်ဘာလကနေ ၂၀၂၀ မတ်လအတွင်း သုံးဆလောက်ထိ ထိုးတက်သွားပါတယ်။

စပါးအသင်းဟာ ပရီးမီးယားလိဂ်ကလပ်တွေထဲ ဒုတိယမြောက် အသင်းအဖြစ် ဝန်ထမ်းတွေကို လုပ်ခ မပေးမှုတွေ လုပ်ဆောင်မှု ရှိလာမယ့် ကလပ်အသင်းဖြစ်လာပါတယ်။

ယူနိုက်တက်ဟာ ဂျူဗင်တပ်ခံစစ်မှူး ဒီလစ်ရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး အခြေအနေကောင်းရင် ဝင်ရောက် ကမ်းလှမ်းမှုလုပ်ဖို့ ကစားသမားရဲ့ အေးဂျန့် ရိုင်အိုလာနဲ့ ဆက်သွယ်မှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်ဟာ ၎င်းတို့အသင်း လူငယ်ကစားသမားတွေကို လုပ်ခပေးမှုအား ရပ်တန့်ဖို့ ပြင်ဆင်နေပါတယ်။ ပရီးမီးယားလိဂ် အသင်း ၂၀ ထဲမှာ ဘဏ္ဍာရေး အဆိုးဆုံး အနေအထား ရင်ဆိုင်ရမယ့် အသင်းတွေထဲ ဘုန်းမောက် ပါဝင်နေပါတယ်။

ZAWGYI – လိုင္ယြန္နယ္မက္ဆီက မန္စီးတီးလူငယ္ကစားသမား ဖိုဒန္ဟာ အရည္အခ်င္းရွိျပီး ေဘာလံုးနဲ႔အတူ စြမ္းစြမ္းတမံ လုပ္ႏုိင္ေၾကာင္း ဘရာဇီးသတင္းစာ O Globo နဲ႔ အင္တာဗ်ဴးမွာ ထည့္သြင္း ေျဖဆိုပါတယ္။

မက္ဆီက ဗန္ဒိုက္က ရင္ဆုိင္ရခက္ခဲတဲ့ ျပိဳင္ဘက္ျဖစ္သလို အယ္လီဆန္က တည္ျငိမ္လြန္းျပီး ဆာလက္၊ မာေနးတို႔ကလည္း ထူးျခားတဲ့ အရည္အခ်င္းေတြရွိတဲ့ တိုက္စစ္သမားေတြပါလို႔ ခ်ီးက်ဴးခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းက စိတ္ဝင္စားေနေပမယ့္ ဘိုင္ယန္ျမဴနစ္ ဂိုးသမား ႏူအာဟာ အသင္းမေျပာင္းပဲ ဘိုင္ယန္မွာပဲ စာခ်ဳပ္သစ္ ထပ္ခ်ဳပ္ႏုိင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။ ၂၀၂၁ ခုႏွစ္မွာ ကုန္မယ့္ အဆိုပါ စာခ်ဳပ္အတြက္ သေဘာတူညီမႈေတာ့ မရေသးပါဘူး။

ခ်ယ္ဆီးဟာ ဘာစီလိုနာခံစစ္မွဴး အမ္တီတီထက္ လိုင္လီအသင္း ခံစစ္မွဴး ဂါဘရီရယ္ကိုပဲ ပိုမို ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။ ႏွစ္ဦးလုံးအတြက္ ေျပာင္းေရႊ႔ေၾကးေတြက ယူရို သန္း ၅၀ ဝန္းက်င္ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကလပ္ေတြဟာ ကိုရိုနာအတြက္ အခ်င္းခ်င္း နီးနာမႈေတြ၊ ေဆြးေႏြးမႈေတြကို ဆက္လက္ လုပ္ေဆာင္မႈေတြ ရွိေနပါတယ္။

ကိုရိုနာ ကပ္ေဘးေၾကာင့္ ေဘာလံုးအသင္းေတြ စီးပြားေရး ထိခိုက္ႏုိင္ေပမယ့္ ဆန္ခ်ိဳအတြက္ ေပါင္ သန္း ၁၁၀ ထက္နည္းတဲ့ ပမာဏျဖင့္ ကမ္းလွမ္းမႈေတြကို ေဒါ့မြန္အသင္းက လက္ခံ စဥ္းစားေပးမွာ မဟုတ္ပါဘူး။

အာဆင္နယ္ လူငယ္ကစားသမား ဆာကာရဲ႕ ေျပာင္းေရႊ႔ေၾကးဟာ ၂၀၁၉ စက္တင္ဘာလကေန ၂၀၂၀ မတ္လအတြင္း သံုးဆေလာက္ထိ ထိုးတက္သြားပါတယ္။

စပါးအသင္းဟာ ပရီးမီးယားလိဂ္ကလပ္ေတြထဲ ဒုတိယေျမာက္ အသင္းအျဖစ္ ဝန္ထမ္းေတြကို လုပ္ခ မေပးမႈေတြ လုပ္ေဆာင္မႈ ရွိလာမယ့္ ကလပ္အသင္းျဖစ္လာပါတယ္။

ယူႏုိက္တက္ဟာ ဂ်ဴဗင္တပ္ခံစစ္မွဴး ဒီလစ္ရဲ႕ အေျခအေနကို ေစာင့္ၾကည့္ေနျပီး အေျခအေနေကာင္းရင္ ဝင္ေရာက္ ကမ္းလွမ္းမႈလုပ္ဖုိ႔ ကစားသမားရဲ႕ ေအးဂ်န္႔ ရိုင္အိုလာနဲ႔ ဆက္သြယ္မွာ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကလပ္ ဘုန္းေမာက္ဟာ ၄င္းတို႔အသင္း လူငယ္ကစားသမားေတြကို လုပ္ခေပးမႈအား ရပ္တန္႔ဖို႔ ျပင္ဆင္ေနပါတယ္။ ပရီးမီးယားလိဂ္ အသင္း ၂၀ ထဲမွာ ဘ႑ာေရး အဆိုးဆံုး အေနအထား ရင္ဆုိင္ရမယ့္ အသင္းေတြထဲ ဘုန္းေမာက္ ပါဝင္ေနပါတယ္။