လီဗာပူးရဲ့ နောက်မျိုးဆက် ဂိုးသွင်းစက်သစ်လေး လေတန် စတီးဝပ်

” လေတန် စတီးဝပ်။ သူ့ကို ရှာကြည့်ပါ။ အဲဒီကောင်လေးက သူ ဖြစ်တာ ဘာမဆို ဖြစ်အောင် လုပ်နိုင်တဲ့သူ ဖြစ်တယ်။ ” လို့ လီဗာပူး အကယ်ဒမီ ဒါရိုက်တာ Alex Inglethorpe ကိုယ်တိုင် ထုတ်ဖော် ချီးကျူးရသူလေး တစ်ဦး အသင်း အကယ်ဒမီမှာ ရှိပါတယ်။

အင်္ဂလန်နဲ့ လီဗာပူးအသင်းရဲ့ နောက် ဘောလုံးမျိုးဆက်တွေ အကြောင်း ဆွေးနွေးစဉ်မှာ လီဗာပူး အကယ်ဒမီ ဒါရိုက်တာ ကိုယ်တိုင် ညွှန်းဆို ချီးကျူးရသူလေးက နှယ်နှယ်ရရတော့ မဟုတ်ပါဘူး။ လူူငယ်တိုက်စစ်မူှးလေး စတီးဝပ်ဟာ ပြီးခဲ့တဲ့ ၁၀ လ လောက်အတွင်း တဟုန်ထိုး ထူးချွန်မှုတွေနဲ့ အများအာရုံကို စတင် ဖမ်းစားနေပြီ ဖြစ်ပါတယ်။

လီဗာပူး U18 အသင်းနဲ့ အတူ ၎င်းရဲ့ ပထမ ရာသီပြည့် ကစားချိန်မှာ ၁၆ ဂိုး သွင်းထားပြီး ဖြစ်တဲ့ စတီးဝပ်က ခြေကျင်းဝတ် ဒဏ်ရာ ရခဲ့သေးလို့ တိုးတက်မှု နှေးသွားပေမယ့် အသက် ၁၇ နှစ်သား လူငယ်လေးဟာ လီဗာပူး စီနီယာအသင်း နည်းပြ ယာဂင်ကလော့ပ်ရဲ့ သတိပြုမိခြင်းပါ ခံထားရပါတယ်။

ဟေတန်ဖွား လီဗာပူးသားစစ်စစ်လေး စတီးဝပ်က လီဗာပူး စီနီယာအသင်းကြီးနဲ့အတူ အန်းဖီးလ်မှာ ကစားတာ ဘယ်လိုလဲဆိုတာ မြည်းစမ်းဖူးပြီ ဖြစ်ပါတယ်။ ကလော့ပ်ရဲ့ စီနီယာအသင်းနဲ့အတူ မဲလ်ဝုဒ်မှာ ဒီဇင်ဘာလထဲက အတူ လေ့ကျင့်ခွင့် ရခဲ့ပါတယ်။ ပရီးမီးယားလိဂ် ၂ မှာလည်း ပွဲအချို့ ပါဝင်ကစားခွင့် ရထားပါတယ်။

လီဗာပူးရဲ့ နာမည်ကျော် ဂိုးသွင်းစက် ဖာနန်ဒို တောရက်စ်လိုပဲ ပြိုင်ဘက် ခံစစ်မှူးတွေကို ထိုးဖောက်စဉ် အရှိန်လျှော့ချ နှေးကွေးစေပြီးမှာ သူတို့ကို ကျော်ဖြတ်ကာ နေရာယူ ဂိုးသွင်းလေ့ ရှိသူလေး စတီးဝပ်က ယုံကြည်မှုပိုင်းမှာလည်း ခိုင်မာသူ ဖြစ်ပါတယ်။

” ကျနော်က ဂိုးတိုင်ထဲ ရောက်သွား၇တာ သိပ်ကြိုက်ပါတယ်။ ကျနော် အဓိက မောင်းနှင်အားက ရှေ့ကို ပြေးမယ် ခံစစ်မှူးတွေကို ကျော်ဖြတ်ပစ်မယ်ပဲ။ ” လို့ စတီးဝပ်က LFC TV နဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။

လီဗာပူးပရိသတ် မိသားစု စစ်စစ်က ပေါက်ဖွားလာတဲ့ စတီးဝပ်က ၎င်း အနီရောင် ဂျာစီကို ဝတ်ဆင်လိုက်တိုင်း သူ့မိသားစုက ဂုဏ်ယူရတယ်လို့ ဆိုပါတယ်။ အလက်ဇန်းဒါးအာနိုး နည်းတူ ရိမ်းဟေးလ် အထက်တန်းကျောင်းသား ဖြစ်နေတာကလည်း လီဗာပူးအသင်းကြီးမှာ တချိန် နေရာရလာဖို့ စိတ်ဓာတ်ခွန်အား ရနေစေတယ် ဆိုရမှာပါ။ စတီးဝပ် မိခင် ဖြစ်သူက သူ့သားရဲ့ ပွဲတိုင်းလိုက်ပါ အားပေးနေပါတယ်။

စီနီယာအသင်းကြီးနဲ့ အတူ လေ့ကျင့်ခွင့်ရခဲ့တာက လီဗာပူးသား လူငယ်လေးအတွက် များစွာ အကျိုးရှိစေခဲ့တယ် ဆိုရမှာပါ။ ဖာမီနို၊ မာနေး၊ မို ဆာလက်တို့ လှုပ်ရှားမှုတွေကို အနီးကပ် မြင်ခွင့် သင်ယူခွင့် ရခဲ့ဲ့ အပြင် ပထမအသင်းကြီးမှာ နေရာ ရချင်တဲ့ စိတ်က စတီးဝပ်မှာ ပို ခိုင်မာစေခဲ့တယ် ဆိုရမှာပါ။

ဇန်နဝါရီကမှ လီဗာပူးအသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆို ဖြစ်ခဲ့ပြီ ဖြစ်တဲ့ စတီးဝပ်က ပထမအသင်းကြီးမှာ ရှိချင်ပြီ ထုတ်ဖော် ပြောဆိုခဲ့ပြီး ရည်မှန်းချက်ကို ရောက်ဖို့ ခရီးရှည်ကြီး ဆက်ရဦးမှာ ဖြစ်ပါတယ်။ လီဗာပူးအကယ်ဒမီက မျှော်မှန်းချက်ကြီး ရှိထားတဲ့ လူငယ် တိုက်စစ်မှူးလေး စတီးဝပ်ဟာ ဘယ်တော့မှ တိုက်စစ် တိမ်ကောလေ့ မရှိတဲ့ လီဗာပူးအသင်းမှာ နောင်တချိန် တောက်ပလာဦးမယ့် ဂိုးသွင်းစက် တစ်လုံး ဖြစ်လာနိုင်ပါတယ်။

Zawgyi –

” ေလတန္ စတီး၀ပ္။ သူ႔ကို ရွာၾကည့္ပါ။ အဲဒီေကာင္ေလးက သူ ျဖစ္တာ ဘာမဆို ျဖစ္ေအာင္ လုပ္နုိင္တဲ့သူ ျဖစ္တယ္။ ” လို႕ လီဗာပူး အကယ္ဒမီ ဒါရိုက္တာ Alex Inglethorpe ကိုယ္တိုင္ ထုတ္ေဖာ္ ခ်ီးက်ဴးရသူေလး တစ္ဦး အသင္း အကယ္ဒမီမွာ ရွိပါတယ္။

အဂၤလန္နဲ႕ လီဗာပူးအသင္းရဲ႕ ေနာက္ ေဘာလံုးမ်ိဳးဆက္ေတြ အေၾကာင္း ေဆြးေႏြးစဥ္မွာ လီဗာပူး အကယ္ဒမီ ဒါရိုက္တာ ကိုယ္တိုင္ ညႊန္းဆို ခ်ီးက်ဴးရသူေလးက နွယ္နွယ္ရရေတာ့ မဟုတ္ပါဘူး။ လူူငယ္တိုက္စစ္မဴွးေလး စတီး၀ပ္ဟာ ျပီးခဲ့တဲ့ ၁၀ လ ေလာက္အတြင္း တဟုန္ထိုး ထူးခၽြန္မႈေတြနဲ႕ အမ်ားအာရံုကို စတင္ ဖမ္းစားေနျပီ ျဖစ္ပါတယ္။

လီဗာပူး U18 အသင္းနဲ႕ အတူ ၄င္းရဲ႕ ပထမ ရာသီျပည့္ ကစားခ်ိန္မွာ ၁၆ ဂိုး သြင္းထားျပီး ျဖစ္တဲ့ စတီး၀ပ္က ေျခက်င္း၀တ္ ဒဏ္ရာ ရခဲ့ေသးလို႔ တိုးတက္မႈ ေနွးသြားေပမယ့္ အသက္ ၁၇ နွစ္သား လူငယ္ေလးဟာ လီဗာပူး စီနီယာအသင္း နည္းျပ ယာဂင္ကေလာ့ပ္ရဲ႕ သတိျပဳမိျခင္းပါ ခံထားရပါတယ္။

ေဟတန္ဖြား လီဗာပူးသားစစ္စစ္ေလး စတီး၀ပ္က လီဗာပူး စီနီယာအသင္းၾကီးနဲ႕အတူ အန္းဖီးလ္မွာ ကစားတာ ဘယ္လိုလဲဆိုတာ ျမည္းစမ္းဖူးျပီ ျဖစ္ပါတယ္။ ကေလာ့ပ္ရဲ႕ စီနီယာအသင္းနဲ႕အတူ မဲလ္၀ုဒ္မွာ ဒီဇင္ဘာလထဲက အတူ ေလ့က်င့္ခြင့္ ရခဲ့ပါတယ္။ ပရီးမီးယားလိဂ္ ၂ မွာလည္း ပြဲအခ်ိဳ႕ ပါ၀င္ကစားခြင့္ ရထားပါတယ္။

လီဗာပူးရဲ႕ နာမည္ေက်ာ္ ဂိုးသြင္းစက္ ဖာနန္ဒို ေတာရက္စ္လုိပဲ ျပိဳင္ဘက္ ခံစစ္မွဴးေတြကို ထိုးေဖာက္စဥ္ အရွိန္ေလွ်ာ့ခ် ေနွးေကြးေစျပီးမွာ သူတို႔ကို ေက်ာ္ျဖတ္ကာ ေနရာယူ ဂိုးသြင္းေလ့ ရွိသူေလး စတီး၀ပ္က ယံုၾကည္မႈပိုင္းမွာလည္း ခိုင္မာသူ ျဖစ္ပါတယ္။

” က်ေနာ္က ဂိုးတိုင္ထဲ ေရာက္သြား၇တာ သိပ္ၾကိဳက္ပါတယ္။ က်ေနာ္ အဓိက ေမာင္းနွင္အားက ေရွ႕ကို ေျပးမယ္ ခံစစ္မွဴးေတြကို ေက်ာ္ျဖတ္ပစ္မယ္ပဲ။ ” လို႔ စတီး၀ပ္က LFC TV နဲ႕ အင္တာဗ်ဴးမွာ ဖြင့္ဟခဲ့ပါတယ္။

လီဗာပူးပရိသတ္ မိသားစု စစ္စစ္က ေပါက္ဖြားလာတဲ့ စတီး၀ပ္က ၄င္း အနီေရာင္ ဂ်ာစီကို ၀တ္ဆင္လုိက္တိုင္း သူ႔မိသားစုက ဂုဏ္ယူရတယ္လို႔ ဆိုပါတယ္။ အလက္ဇန္းဒါးအာနုိး နည္းတူ ရိမ္းေဟးလ္ အထက္တန္းေက်ာင္းသား ျဖစ္ေနတာကလည္း လီဗာပူးအသင္းၾကီးမွာ တခ်ိန္ ေနရာရလာဖို႔ စိတ္ဓာတ္ခြန္အား ရေနေစတယ္ ဆိုရမွာပါ။ စတီး၀ပ္ မိခင္ ျဖစ္သူက သူ႔သားရဲ႕ ပြဲတိုင္းလိုက္ပါ အားေပးေနပါတယ္။

စီနီယာအသင္းၾကီးနဲ႕ အတူ ေလ့က်င့္ခြင့္ရခဲ့တာက လီဗာပူးသား လူငယ္ေလးအတြက္ မ်ားစြာ အက်ိဳးရွိေစခဲ့တယ္ ဆိုရမွာပါ။ ဖာမီနို၊ မာေနး၊ မို ဆာလက္တို႔ လႈပ္ရွားမႈေတြကို အနီးကပ္ ျမင္ခြင့္ သင္ယူခြင့္ ရခဲ့ဲ့ အျပင္ ပထမအသင္းၾကီးမွာ ေနရာ ရခ်င္တဲ့ စိတ္က စတီး၀ပ္မွာ ပို ခိုင္မာေစခဲ့တယ္ ဆိုရမွာပါ။

ဇန္န၀ါရီကမွ လီဗာပူးအသင္းနဲ႕ ပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္ ခ်ဳပ္ဆို ျဖစ္ခဲ့ျပီ ျဖစ္တဲ့ စတီး၀ပ္က ပထမအသင္းၾကီးမွာ ရွိခ်င္ျပီ ထုတ္ေဖာ္ ေျပာဆိုခဲ့ျပီး ရည္မွန္းခ်က္ကို ေရာက္ဖုိ႔ ခရီးရွည္ၾကီး ဆက္ရဦးမွာ ျဖစ္ပါတယ္။ လီဗာပူးအကယ္ဒမီက ေမွ်ာ္မွန္းခ်က္ၾကီး ရွိထားတဲ့ လူငယ္ တိုက္စစ္မွဴးေလး စတီး၀ပ္ဟာ ဘယ္ေတာ့မွ တိုက္စစ္ တိမ္ေကာေလ့ မရွိတဲ့ လီဗာပူးအသင္းမွာ ေနာင္တခ်ိန္ ေတာက္ပလာဦးမယ့္ ဂိုးသြင္းစက္ တစ္လံုး ျဖစ္လာနုိင္ပါတယ္။