လိဂ်တွေကို အပြီးသတ်ဖို့အပြင် ပရီးမီးယားလိဂ်ထံက ပေါင် သန်း ၅၀ ယူမယ့် EFL
UNICODE – အင်္ဂလန် EFL ကလပ်တွေဟာ ၎င်းတို့ရဲ့ လိဂ်ပြိုင်ပွဲတွေကို ကယ်ဆယ်ဖို့ ပရီးမီးယားလိဂ်ကနေ ပေါင် သန်း ၅၀ ကူညီငွေရယူဖို့ တောင်းခံမှာဖြစ်ပါတယ်။ အဆိုပါ ငွေကြေးနဲ့ သူတို့ရဲ့ ရပ်တည်မှုကို တောင့်ခံဖို့ ကလပ် ၇၂ သင်း (ချန်ပီယံရှစ်၊ လိဂ်ဝမ်း၊ လိဂ်တူး) အရေးပေါ် အစည်းအဝေးက ဆုံးဖြတ်ပါတယ်။
ဒီအပတ် တနင်္လာနေ့တုန်းက ချန်ပီယံရှစ်ကလပ်တွေထဲက ထိပ်ဆုံး ၆ သင်းဟာ လျှို့ဝှက် အစည်းအဝေးလုပ်ခဲ့ပြီး ချန်ပီယံရှစ်မှ ထိပ်ဆုံး ၂ သင်းကိုပဲ တန်းတက်ခွင့်ပေးမှာမျိုးကို ကန့်ကွက်ဖို့ သဘောတူညီထားခဲ့တယ်။ မနေ့တုန်းကတော့ ဒုတိယမြောက် အစည်းအဝေး လုပ်ခဲ့ပြီး ချန်ပီယံရှစ်ကလပ်အသင်း ၂၄ သင်း အပါအဝင် လိဂ်ဝမ်းကလပ် ၂၄ သင်း၊ လိဂ်တူးကလပ် ၂၄ သင်းတို့နဲ့ EFL ကလပ် ၇၂ သင်းလုံး ပါဝင်ခဲ့ပါတယ်။
EFL ရံပုံငွေအဖြစ် တောင်းခံတဲ့ အဆိုပါငွေကြေးနဲ့ ချန်ပီယံရှစ်တစ်သင်းကို ပေါင် ၈ သိန်း၊ လိဂ်ဝမ်းတစ်သင်းကို ပေါင် ၂၅၀၀၀၀ နဲ့ လိဂ်တူးတစ်သင်းကို ပေါင် ၁၆၄၀၀၀ ပြန်ခွဲဝေပြီး တောင့်ခံထားဖို့ ရည်ရွယ်ပါတယ်။ ဒါပေမယ့်လို့ ဒီငွေကြေးတွေက ကာလရှည် တောင့်ခံဖို့ မဟုတ်ပဲ ဒီကာလတိုအတွင်း တောင့်ခံထားဖို့အတွက်ပဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ဟာ ရုပ်သံလွှင့်ခ ပေါင် ၁.၅ ဘီလီယံကို ငွေသားသီးသန့် ရထားမှုဟာ ဗြိတိန် အောက်တန်းလိဂ်တွေဖြစ်တဲ့ EFL ရဲ့ ထောက်ပံ့မှု မရှိပဲ မဖြစ်နိုင်လို့ လိဂ်အသင်းတွေ ပြိုလဲမှုမဖြစ်အောင် ငွေကြေး အကူအညီပေးရမယ်လို့ EFL ကလပ်တွေက ယုံကြည်ထားပါတယ်။
ချန်ပီယံရှစ်ဟာ ထိပ်ဆုံး ၆ သင်း ဦးဆောင်တဲ့ အရေးပေါ် အစည်းအဝေး၊ EFL ၇၂ သင်း ပါဝင်တဲ့ အစည်းအဝေးတွေကနေ တစ်ဆင့် ဒီဆုံးဖြတ်ချက်ကို ချခဲ့တာဖြစ်ပြီး လိဂ်တွေကို ပယ်ဖျက်ဖို့အား လုံးဝ ဆွေးနွေးခဲ့ခြင်း မရှိပဲ အပြီးသတ်ဖို့ကို အာရုံစိုက်လိုတယ်လို့ သိရပါတယ်။