ကိုရိုနာ ဗိုင်းရပ် ခုခံနေရတဲ့ ဇာတိမြေအတွက် ထပ်တိုး လှူဒါန်းမှု ပြုလုပ်သွားတဲ့ မာနေး

လီဗာပူးမြို့မှာ နေအိမ်အတွင်းမှာပဲ နေထိုင်ပြီး ကျန်မားရေးဆိုင်ရာ သတိထားမှုတွေ လုပ်နေရတဲ့ မာနေးဟာ ဇာတိမြေဖြစ်တဲ့ ဆီနီဂေါကို ကိုရိုနာအန္တရာယ် ကာကွယ်မှုအတွက် ယူရို ၄၅၀၀၀ လှူဒါန်းမှု ပြုလုပ်သွားပါတယ်။

တရုတ်ကနေ ပံျ့ပွှားလာတဲ့ ကိုရိုနာ အန္တရာယ်ဟာ ဥရောပတိုက် အပါအဝင် ကမ္ဘာတိုက်ကြီး အများအပြားကို ပျံ့နှံ့ခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးက ကလပ်ရောဂါအဖြစ် သတိပေးချက် ထုတ်ပြန်ထားပြီး နိုင်ငံတိုင်းဟာ ကိုရိုနာ အန္တရာယ် ကာကွယ်မှုတွေ လုပ်နေရတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကို ဧပြီလ ၃ ရက်နေ့ထိ ပိတ်သိမ်းထားချိန်မှာ မန်နေဂျာယာဂင်ကလော့ပ်က တည်တည်ငြိမ်ငြိမ် ရှိကြဖို့ အနီးအနားက လူတွေကို ကူညီဖို့ လီဗာပူးပရိသတ်တွေကို မေတ္တရပ်ခံထားခဲ့တယ်။ အသင်းခေါင်းဆောင် ဟန်ဒါဆန် ဦးဆောင်တဲ့ စီနီယာအသင်းဟာ ဒေသခံတွေအတွက် လှူဒါန်းမှုတွေကို လုပ်ဆောင်ပေးနေတာလည်း ရှိပါတယ်။

မာနေးကတော့ ဆီနီဂေါကို ကိုရိုနာအတွက် သီးသန့် လှူဒါန်းမှု လုပ်ခဲ့တဲ့အပြင် လက်ဆေးကြဖို့နဲ့ ကျန်းမာရေးဆိုင်ရာမှာ တတ်သိနားလည်သူတွေရဲ့ လမ်းညွှန်မှုတွေကို လိုက်နာဖို့ ဗီဒီယိုဖိုင်နဲ့ သတိပေးမှုတွေ လုပ်ပေးခဲ့တာဖြစ်တယ်။

မာနေးဟာ မကြာသေးခင်ကပဲ ဆီနီဂေါက သူ့ရဲ့ဇာတိရွာမှာ ဆေးရုံနဲ့ အားကစားကွင်းတစ်ကွင်းကို ယူရို ၂၇၀၀၀၀ အကုန်အကျခံပြီး တည်ဆောက်ပေးထားတာပါ။ သူဟာ သူ့ရွာက မိသားစုတစ်ခုတိုင်းကို တစ်လ ယူရို ၇၀ နဲ့ အဝတ်အစား ထောက်ပံ့မှုတွေကိုလည်း လတိုင်း ပြုလုပ်နေသူဖြစ်တယ်။

ဒီတစ်ကြိမ်မှာတော့ ဆီနီဂေါရဲ့ ကိုရိုနာကာကွယ်ရေး ကော်မတီကို သီးသန့် ယူရို ၄၅၀၀၀ လှူဒါန်းခဲ့ခြင်းဖြစ်ကာ တိုင်းပြည်ရဲ့ စံပြတစ်ဦးအနေနဲ့ ရောဂါကို ကာကွယ်ရမယ့် ပုံစံတွေကိုပါ တိုက်တွန်းမှုတွေ လုပ်သွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးျမိဳ႕မွာ ေနအိမ္အတြင္းမွာပဲ ေနထိုင္ျပီး က်န္မားေရးဆိုင္ရာ သတိထားမႈေတြ လုပ္ေနရတဲ့ မာေနးဟာ ဇာတိေျမျဖစ္တဲ့ ဆီနီေဂါကို ကိုရိုနာအႏၱရာယ္ ကာကြယ္မႈအတြက္ ယူရို ၄၅၀၀၀ လွဴဒါန္းမႈ ျပဳလုပ္သြားပါတယ္။

တရုတ္ကေန ပံ်႔ပႊားလာတဲ့ ကိုရိုနာ အႏၱရာယ္ဟာ ဥေရာပတိုက္ အပါအဝင္ ကမၻာတိုက္ၾကီး အမ်ားအျပားကို ပ်ံ႔ႏွံ႔ခဲ့ျပီ ျဖစ္ပါတယ္။ ကမၻာက်န္းမာေရးအဖြဲ႔ၾကီးက ကလပ္ေရာဂါအျဖစ္ သတိေပးခ်က္ ထုတ္ျပန္ထားျပီး ႏုိင္ငံတိုင္းဟာ ကိုရိုနာ အႏၱရာယ္ ကာကြယ္မႈေတြ လုပ္ေနရတာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကို ဧျပီလ ၃ ရက္ေန႔ထိ ပိတ္သိမ္းထားခ်ိန္မွာ မန္ေနဂ်ာယာဂင္ကေလာ့ပ္က တည္တည္ျငိမ္ျငိမ္ ရွိၾကဖို႔ အနီးအနားက လူေတြကို ကူညီဖို႔ လီဗာပူးပရိသတ္ေတြကို ေမတၱရပ္ခံထားခဲ့တယ္။ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ ဦးေဆာင္တဲ့ စီနီယာအသင္းဟာ ေဒသခံေတြအတြက္ လွဴဒါန္းမႈေတြကို လုပ္ေဆာင္ေပးေနတာလည္း ရွိပါတယ္။

မာေနးကေတာ့ ဆီနီေဂါကို ကိုရိုနာအတြက္ သီးသန္႔ လွဴဒါန္းမႈ လုပ္ခဲ့တဲ့အျပင္ လက္ေဆးၾကဖို႔နဲ႔ က်န္းမာေရးဆိုင္ရာမွာ တတ္သိနားလည္သူေတြရဲ႕ လမ္းညႊန္မႈေတြကို လိုက္နာဖို႔ ဗီဒီယိုဖိုင္နဲ႔ သတိေပးမႈေတြ လုပ္ေပးခဲ့တာျဖစ္တယ္။

မာေနးဟာ မၾကာေသးခင္ကပဲ ဆီနီေဂါက သူ႔ရဲ႕ဇာတိရြာမွာ ေဆးရံုနဲ႔ အားကစားကြင္းတစ္ကြင္းကို ယူရို ၂၇၀၀၀၀ အကုန္အက်ခံျပီး တည္ေဆာက္ေပးထားတာပါ။ သူဟာ သူ႔ရြာက မိသားစုတစ္ခုတိုင္းကို တစ္လ ယူရို ၇၀ နဲ႔ အဝတ္အစား ေထာက္ပံ့မႈေတြကိုလည္း လတိုင္း ျပဳလုပ္ေနသူျဖစ္တယ္။

ဒီတစ္ၾကိမ္မွာေတာ့ ဆီနီေဂါရဲ႕ ကိုရိုနာကာကြယ္ေရး ေကာ္မတီကို သီးသန္႔ ယူရို ၄၅၀၀၀ လွဴဒါန္းခဲ့ျခင္းျဖစ္ကာ တိုင္းျပည္ရဲ႕ စံျပတစ္ဦးအေနနဲ႔ ေရာဂါကို ကာကြယ္ရမယ့္ ပံုစံေတြကိုပါ တိုက္တြန္းမႈေတြ လုပ္သြားခဲ့တာ ျဖစ္ပါတယ္။