ဘောလုံးရာသီ ပယ်ဖျက်ခွင့်ပေးမှာ မဟုတ်ပဲ အဆုံးသတ်ရမယ့် ရက်စွဲကို UEFA ကြေညာ

ဥရောပဘောလုံးအဖွဲ့ချုပ်က ကြီးမှုးပြီး ရှယ်ယာရှင်များနဲ့တကွ ဖီဖာတာဝန်ရှိသူတွေပါ ပါဝင်တဲံ အင်္ဂါနေ့ အရေးပေါ် အစည်းအဝေးက ဆုံးဖြတ်ချက်အချို့ ထွက်လာခဲ့ပြီဖြစ်ပါတယယ်။

ယူအီးအက်ဖ်အေကတော့ နွေမှာ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲကို တစ်နှစ် နောက်ဆုံးဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ကာ ဥရောပ ပြည်တွင်းလိဂ်တွေကို ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး အဆုံးသတ်ဖို့ ညွှန်ကြားခဲ့ပြီဖြစ်တယ်။ ကိုရိုနာ အခြေအနေ တိုးတက်မှုတွေကို စောင့်ကြည့်ပြီး မူလရည်မှန်းထားတာထက် တစ်လ နောက်ဆုတ်ကာ ရာသီသိမ်းနိုင်မှာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေရဲ့ ကြေညာမှုကြောင့် ဥရောပပြည်တွင်းလိဂ်တွေဟာ လိဂ်ကို အဆုံးသတ်ဖို့အတွက် ပွဲစဉ်ဇယားကို ပြန်လည် ရေးဆွဲရမှုတွေ ရှိလာတော့မှာပါ။ မူရင်း ပွဲစဉ်ဇယားတွေအရ ကလပ်အသင်းတွေဟာ မေလ ၃၀ ရက်နေ့ မကုန်ခင်မှာပဲ ပြိုင်ပွဲတွေ အားလုံးကို အပြီးသတ်နေရမှာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေရဲ့ စာမှာတော့ ဖြစ်နိုင်သမျှ ပြည်တွင်းအမှတ်ပေးပွဲတွေကို ကြားရက်မှာ ယှဉ်ပြိုင်ရနိုင်သလို ချန်ပီယံလိဂ်ပွဲတွေကလည်း သီတင်းပတ် အကုန်တွေကို ရောက်သွားနိုင်တယ်လို့ ပါဝင်ပါတယ်။ ဒါ့အပြင် လာမယ့် ဂျူလိုင်လမှာ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ခြေစစ်ပွဲတွေကိုလည်း ပုံမှန်အတိုင်းပဲ ကစားနိုင်ဖို့ ရည်ရွယ်ထားကြောင်းလည်း ပါဝင်ပါတယ်။

ပရီးမီးယားလိဂ်နဲ့ စကော့တလန်လိဂ်တွေက ကစားသမားတွေဟာ လေ့ကျင့်ရေးကွင်းတွေ ပိတ်ထားတာကြောင့် အိမ်မှာပဲ ကိုယ်ပိုင် ကြံ့ခိုင်ရေး အစီအစည်တွေကို လုပ်ဆောင်နေရတာပါ။ ပရီးမီးယားလိဂ်ကို ဧပြီလ ၃ ရက်နေ့ထိ ပိတ်ထားပြီး လာမယ့် ကြာသပတေးနေ့မှာ လိဂ်ကို ဘယ်လို ပြန်စမလဲဆိုတဲ့အပေါ် ဆွေးနွေးသွားရမှာဖြစ်ပါတယ်။

ZAWGYI

ဥေရာပေဘာလံုးအဖြဲ႔ခ်ဳပ္က ၾကီးမႈးျပီး ရွယ္ယာရွင္မ်ားနဲ႔တကြ ဖီဖာတာဝန္ရွိသူေတြပါ ပါဝင္တဲံ အဂၤါေန႔ အေရးေပၚ အစည္းအေဝးက ဆံုးျဖတ္ခ်က္အခ်ိဳ႕ ထြက္လာခဲ့ျပီျဖစ္ပါတယယ္။

ယူအီးအက္ဖ္ေအကေတာ့ ေႏြမွာ က်င္းပဖို႔ ျပင္ဆင္ထားတဲ့ ယူရို ၂၀၂၀ ျပိဳင္ပြဲကို တစ္ႏွစ္ ေနာက္ဆံုးဖို႔ ဆံုးျဖတ္ခဲ့ျပီျဖစ္ကာ ဥေရာပ ျပည္တြင္းလိဂ္ေတြကို ဇြန္လ ၃၀ ရက္ေန႔ ေနာက္ဆံုးထားျပီး အဆံုးသတ္ဖို႔ ညႊန္ၾကားခဲ့ျပီျဖစ္တယ္။ ကိုရိုနာ အေျခအေန တိုးတက္မႈေတြကို ေစာင့္ၾကည့္ျပီး မူလရည္မွန္းထားတာထက္ တစ္လ ေနာက္ဆုတ္ကာ ရာသီသိမ္းႏုိင္မွာ ျဖစ္ပါတယ္။

ယူအီးအက္ဖ္ေအရဲ႕ ေၾကညာမႈေၾကာင့္ ဥေရာပျပည္တြင္းလိဂ္ေတြဟာ လိဂ္ကို အဆံုးသတ္ဖို႔အတြက္ ပြဲစဥ္ဇယားကို ျပန္လည္ ေရးဆြဲရမႈေတြ ရွိလာေတာ့မွာပါ။ မူရင္း ပြဲစဥ္ဇယားေတြအရ ကလပ္အသင္းေတြဟာ ေမလ ၃၀ ရက္ေန႔ မကုန္ခင္မွာပဲ ျပိဳင္ပြဲေတြ အားလံုးကို အျပီးသတ္ေနရမွာ ျဖစ္ပါတယ္။

ယူအီးအက္ဖ္ေအရဲ႕ စာမွာေတာ့ ျဖစ္နုိင္သမွ် ျပည္တြင္းအမွတ္ေပးပြဲေတြကို ၾကားရက္မွာ ယွဥ္ျပိဳင္ရႏုိင္သလို ခ်န္ပီယံလိဂ္ပြဲေတြကလည္း သီတင္းပတ္ အကုန္ေတြကို ေရာက္သြားႏုိင္တယ္လို႔ ပါဝင္ပါတယ္။ ဒါ့အျပင္ လာမယ့္ ဂ်ဴလိုင္လမွာ ယွဥ္ျပိဳင္ကစားမယ့္ ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္ ေျခစစ္ပြဲေတြကိုလည္း ပံုမွန္အတိုင္းပဲ ကစားႏုိင္ဖို႔ ရည္ရြယ္ထားေၾကာင္းလည္း ပါဝင္ပါတယ္။

ပရီးမီးယားလိဂ္နဲ႔ စေကာ့တလန္လိဂ္ေတြက ကစားသမားေတြဟာ ေလ့က်င့္ေရးကြင္းေတြ ပိတ္ထားတာေၾကာင့္ အိမ္မွာပဲ ကိုယ္ပိုင္ ၾကံ႕ခိုင္ေရး အစီအစည္ေတြကို လုပ္ေဆာင္ေနရတာပါ။ ပရီးမီးယားလိဂ္ကို ဧျပီလ ၃ ရက္ေန႔ထိ ပိတ္ထားျပီး လာမယ့္ ၾကာသပေတးေန႔မွာ လိဂ္ကို ဘယ္လို ျပန္စမလဲဆိုတဲ့အေပၚ ေဆြးေႏြးသြားရမွာျဖစ္ပါတယ္။