ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တို့ကို ၄ ရက် ဗိုလ်လုပွဲအဖြစ် ကျင်းပဖို့ ဆွေးနွေးမယ့် ယူအီးအက်ဖ်အေ

ဒီရာသီမှာ ဘောလုံးပရိသတ်တွေ သိလိုနေကြတဲ့ ဥရောပအဆင့် ပြိုင်ပွဲတွေဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ကို ဘယ်လို စီမံမလဲ ဆိုတဲ့ ကိစ္စနဲ့ ပက်သက်ပြီး အဆိုတစ်ခု ထွက်ပေါ်လာပါပြီ။

ယူအီးအက်ဖ်အေကတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တွေနဲ့ ဗိုလ်လုပွဲကို တူရကီနိုင်ငံ အင်စတမ်ဘူလ်းမြို့မှာ ၄ ရက်အတွင်း အပြီးသတ် ယှဉ်ပြိုင်ဖို့ ဆွေးနွေးသွားတော့မှာဖြစ်ပါတယ်။ အဆိုပါကိစ္စကို သဘောတူညီမယ်ဆိုရင် ယူရိုပါလိဂ်ကိုလည်း ပိုလန်နိုင်ငံမြိုကတော်မှာ တူညီတဲ့ လမ်းစဉ်နဲ့ ကျင်းပမှာဖြစ်တယ်။

ဥရောပပွဲတွေအတွက် ရှေ့ဆက်လုပ်ဆောင်မယ့် နည်းလမ်းတွေထဲက တစ်ခုပဲဖြစ်ပြီး ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်တွေကိုလည်း နှစ်ကျော့အစား တစ်ကျော့ထဲ ကျင်းပသွားဖို့ ရှိနေပါတယ်။ ဒီကိစ္စတွေကို လာမယ့် အင်္ဂါနေ့ ယူအီးအက်ဖ်အေ အစည်းအဝေးမှာ ဆွေးနွေးပြီး အတည်ပြုချက် ရယူသွားမှာဖြစ်ပါတယ်။

နောက်ထပ် အဓိက ဆွေးနွေးမယ့် ကိစ္စအဖြစ် ၂၀၂၀ ယူရို ပြိုင်ပွဲကို လာမယ့် ဒီဇင်ဘာကို ရွှေ့ဆိုင်းသွားဖို့ ရည်ရွယ်နေပြီး မဟုတ်ရင်လည်း နောက်ရာသီ နွေအထိ ရွှေ့ဆိုင်းသွားဖို့လည်း ပါဝင်ပါတယ်။

ယူအီးအက်ဖ်အေရဲ့ အဖွဲ့သား ၅၅ ဦးပါ ဆွေးနွေးမှုကို ဥရောပ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဘုတ်အဖွဲ့ဝင်တွေ၊ FifPro တို့လည်း ပါဝင်သွားမှာဖြစ်တယ်။ အဆိုပါ ဆွေးနွေးမှု နောက်ဆက်တွဲမှာမှ နိုင်ငံအလိုက် ဘောလုံးအဖွဲ့ချုပ်တွေကလည်း သက်ဆိုင်ရာ အမှတ်ပေးလိဂ်တွေကို ဘယ်လို အဆုံးသတ်မလဲဆိုတာ စီစဉ်သွားရမှာ ဖြစ်ပါတယ်။

ZAWGYI

ဒီရာသီမွာ ေဘာလံုးပရိသတ္ေတြ သိလိုေနၾကတဲ့ ဥေရာပအဆင့္ ျပိဳင္ပြဲေတြျဖစ္တဲ့ ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္ကို ဘယ္လို စီမံမလဲ ဆိုတဲ့ ကိစၥနဲ႔ ပက္သက္ျပီး အဆိုတစ္ခု ထြက္ေပၚလာပါျပီ။

ယူအီးအက္ဖ္ေအကေတာ့ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ေတြနဲ႔ ဗိုလ္လုပြဲကို တူရကီႏုိင္ငံ အင္စတမ္ဘူလ္းျမိဳ႕မွာ ၄ ရက္အတြင္း အျပီးသတ္ ယွဥ္ျပိဳင္ဖို႔ ေဆြးေႏြးသြားေတာ့မွာျဖစ္ပါတယ္။ အဆိုပါကိစၥကို သေဘာတူညီမယ္ဆိုရင္ ယူရိုပါလိဂ္ကိုလည္း ပိုလန္ႏုိင္ငံျမိဳကေတာ္မွာ တူညီတဲ့ လမ္းစဥ္နဲ႔ က်င္းပမွာျဖစ္တယ္။

ဥေရာပပြဲေတြအတြက္ ေရွ႔ဆက္လုပ္ေဆာင္မယ့္ နည္းလမ္းေတြထဲက တစ္ခုပဲျဖစ္ျပီး ကြာတားဖိုင္နယ္နဲ႔ ဆီမီးဖုိင္နယ္ေတြကိုလည္း ႏွစ္ေက်ာ့အစား တစ္ေက်ာ့ထဲ က်င္းပသြားဖို႔ ရွိေနပါတယ္။ ဒီကိစၥေတြကို လာမယ့္ အဂၤါေန႔ ယူအီးအက္ဖ္ေအ အစည္းအေဝးမွာ ေဆြးေႏြးျပီး အတည္ျပဳခ်က္ ရယူသြားမွာျဖစ္ပါတယ္။

ေနာက္ထပ္ အဓိက ေဆြးေႏြးမယ့္ ကိစၥအျဖစ္ ၂၀၂၀ ယူရို ျပိဳင္ပြဲကို လာမယ့္ ဒီဇင္ဘာကို ေရႊ႔ဆိုင္းသြားဖို႔ ရည္ရြယ္ေနျပီး မဟုတ္ရင္လည္း ေနာက္ရာသီ ေႏြအထိ ေရႊ႔ဆုိင္းသြားဖို႔လည္း ပါဝင္ပါတယ္။

ယူအီးအက္ဖ္ေအရဲ႕ အဖြဲ႔သား ၅၅ ဦးပါ ေဆြးေႏြးမႈကို ဥေရာပ ေဘာလံုးအဖြဲ႔ခ်ဳပ္ရဲ႕ ဘုတ္အဖြဲ႔ဝင္ေတြ၊ FifPro တို႔လည္း ပါဝင္သြားမွာျဖစ္တယ္။ အဆိုပါ ေဆြးေႏြးမႈ ေနာက္ဆက္တြဲမွာမွ ႏုိင္ငံအလိုက္ ေဘာလံုးအဖြဲ႔ခ်ဳပ္ေတြကလည္း သက္ဆုိင္ရာ အမွတ္ေပးလိဂ္ေတြကို ဘယ္လို အဆံုးသတ္မလဲဆိုတာ စီစဥ္သြားရမွာ ျဖစ္ပါတယ္။