စက်တင်ဘာလမှ ဘောလုံးရာသီ အပြီးသတ်ဖို့ စတင် စုံစမ်းနေတဲ့ ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်ဟာ ပုံမှန်အတိုင်း အဆုံးသတ်နိုင်ဖို့ မဖြစ်နိုင်သလောက်ကို ရှိလာခဲ့တဲ့နောက် ဘောလုံးရာသီကို ဘယ်လို အဆုံးသတ်မလဲဆိုတဲ့ အပေါ်ကိုပဲ အဖြေရှာမှု စတင်လာခဲ့ကြပါပြီ။

ဘောလုံးရာသီကို ပယ်ဖျက်မလားနဲ့ ဆက်လက် ယှဉ်ပြိုင်မလားက အဓိက မေးခွန်းဖြစ်ပြီး ပယ်ဖျက်မယ်ဆိုရင်တော့ ကလပ်အသင်းတွေရဲ့ ထိခိုက်မှုက ကြီးမားသွားနိုင်ပါတယ်။ ဗြိတိန်မှာ ကလပ်အသင်း အများအပြားက ကွင်းဝင်ကြေးတွေကို အားကိုးနေရသလို ရုပ်သံလွှင့်ခတွေကိုလည်း အားပြုနေရတာပါ။

ဗြိတိန် ရုပ်သံဌာနတွေဖြစ်တဲ့ BBC, BT, Premier Sports နဲ့ Sky တို့ဟာ ရာသီကုန်ထိ ရုပ်သံထုတ်လွှင့်ခတွေကို ပေးထားခဲ့ပြီဖြစ်ပါတယ်။ ဘောလုံးရာသီ ရပ်တန့်မယ်ဆိုရင် အဆိုပါ ဌာနတွေကလည်း သူတို့ရဲ့ ရပ်တည်ချက်တွေအတွက် ငွေကြေး ပြန်တောင်းခံမှုတွေ ရှိလာနိုင်တယ်လို့ သိရတယ်။

ပရီးမီးယားလိဂ်ကတော့ ဂျူလိုင်နဲ့ စက်တင်ဘာလတွေမှာမှ လိဂ်ကို အဆုံးသတ်ဖို့ စတင်ကာ အဖြေရှာနေပြီး ဧပြီလ ၄ ရက်နေ့ နောက်ပိုင်း ကိစ္စတွေကို အဖြေထုတ်ဖို့ စတင်နေပါပြီ။ ဥရောပကို ဆက်လက် ပိတ်ထားမလားက မတ်လ ၁၇ ရက်နေ့မှာ ပြုလုပ်မယ့် ယူအီးအက်ဖ်အေ ဗီဒီယို သုံးသပ်မှု အစည်းအဝေးမှ သိရမှာဖြစ်တယ်။

ယူအီးအက်ဖ်အေက ယူရို ၂၀၂၀ ပြိုင်ပွဲကို ဒီဇင်ဘာကို ပြောင်းရွှေ့သွားမယ်ဆိုရင် ပရီးမီးယားလိဂ်ဟာ ရာသီကို နောက်ကျပြီးမှ သိမ်းဖို့ အစီအစဉ်ဆွဲနိုင်မှာဖြစ်တယ်။ လက်တလောမှာတော့ ယူအီးအက်ဖ်အေက ပွဲနေ့ရက် ပြက္ခဒိန်တွေကို ဘယ်လို ပြောင်းရွှေ့မလဲဖြစ်ပြီး အဆိုပါ ဆုံးဖြတ်ချက်ကို အခြေခံကာ ပရီးမီးယားလိဂ်က စက်တင်ဘာမှ အဆုံးသတ်ဖို့ထိ ကြံစည်နေပါတယ်။

ဒါပေမယ့်လည်း ဥရောပ အမှတ်ပေးလိဂ်တိုင်းက စက်တင်ဘာမှ အဆုံးသတ်ဖို့ကလည်း အဆင်မပြေဘူးလို့တော့ သိထားရပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ဟာ ပံုမွန္အတိုင္း အဆံုးသတ္ႏုိင္ဖို႔ မျဖစ္ႏုိင္သေလာက္ကို ရွိလာခဲ့တဲ့ေနာက္ ေဘာလံုးရာသီကို ဘယ္လို အဆံုးသတ္မလဲဆိုတဲ့ အေပၚကိုပဲ အေျဖရွာမႈ စတင္လာခဲ့ၾကပါျပီ။

ေဘာလံုးရာသီကို ပယ္ဖ်က္မလားနဲ႔ ဆက္လက္ ယွဥ္ျပိဳင္မလားက အဓိက ေမးခြန္းျဖစ္ျပီး ပယ္ဖ်က္မယ္ဆိုရင္ေတာ့ ကလပ္အသင္းေတြရဲ႕ ထိခိုက္မႈက ၾကီးမားသြားႏုိင္ပါတယ္။ ျဗိတိန္မွာ ကလပ္အသင္း အမ်ားအျပားက ကြင္းဝင္ေၾကးေတြကို အားကိုးေနရသလို ရုပ္သံလႊင့္ခေတြကိုလည္း အားျပဳေနရတာပါ။

ျဗိတိန္ ရုပ္သံဌာနေတြျဖစ္တဲ့ BBC, BT, Premier Sports နဲ႔ Sky တို႔ဟာ ရာသီကုန္ထိ ရုပ္သံထုတ္လႊင့္ခေတြကို ေပးထားခဲ့ျပီျဖစ္ပါတယ္။ ေဘာလံုးရာသီ ရပ္တန္႔မယ္ဆိုရင္ အဆိုပါ ဌာနေတြကလည္း သူတို႔ရဲ႕ ရပ္တည္ခ်က္ေတြအတြက္ ေငြေၾကး ျပန္ေတာင္းခံမႈေတြ ရွိလာႏုိင္တယ္လို႔ သိရတယ္။

ပရီးမီးယားလိဂ္ကေတာ့ ဂ်ဴလိုင္နဲ႔ စက္တင္ဘာလေတြမွာမွ လိဂ္ကို အဆံုးသတ္ဖို႔ စတင္ကာ အေျဖရွာေနျပီး ဧျပီလ ၄ ရက္ေန႔ ေနာက္ပိုင္း ကိစၥေတြကို အေျဖထုတ္ဖို႔ စတင္ေနပါျပီ။ ဥေရာပကို ဆက္လက္ ပိတ္ထားမလားက မတ္လ ၁၇ ရက္ေန႔မွာ ျပဳလုပ္မယ့္ ယူအီးအက္ဖ္ေအ ဗီဒီယို သံုးသပ္မႈ အစည္းအေဝးမွ သိရမွာျဖစ္တယ္။

ယူအီးအက္ဖ္ေအက ယူရို ၂၀၂၀ ျပိဳင္ပြဲကို ဒီဇင္ဘာကို ေျပာင္းေရႊ႔သြားမယ္ဆိုရင္ ပရီးမီးယားလိဂ္ဟာ ရာသီကို ေနာက္က်ျပီးမွ သိမ္းဖို႔ အစီအစဥ္ဆြဲႏုိင္မွာျဖစ္တယ္။ လက္တေလာမွာေတာ့ ယူအီးအက္ဖ္ေအက ပြဲေန႔ရက္ ျပကၡဒိန္ေတြကို ဘယ္လို ေျပာင္းေရႊ႔မလဲျဖစ္ျပီး အဆိုပါ ဆံုးျဖတ္ခ်က္ကို အေျခခံကာ ပရီးမီးယားလိဂ္က စက္တင္ဘာမွ အဆံုးသတ္ဖို႔ထိ ၾကံစည္ေနပါတယ္။

ဒါေပမယ့္လည္း ဥေရာပ အမွတ္ေပးလိဂ္တိုင္းက စက္တင္ဘာမွ အဆံုးသတ္ဖို႔ကလည္း အဆင္မေျပဘူးလို႔ေတာ့ သိထားရပါတယ္။