ပရီးမီးယားလိဂ်ကို ဘယ်လို အဆုံးသတ်မလဲ အရေးပေါ် ဆွေးနွေးမယ့် ရက်စွဲ အတည်ပြု

ပရီးမီးယားလိဂ်ဟာ လက်ကျန်ရာသီနဲ့ ပက်သက်ပြီး ဘာတွေကို ရှေ့ဆက်လုပ်ဆောင်ကြမလဲ ဆိုတာအတွက် အရေးပေါ် အစည်းအဝေးကို လာမယ့် ကြာသပတေးနေ့ မတ်လ ၁၉ ရက်မှာ ပြုလုပ်ဖို့ တရားဝင် ကြေညာလိုက်ပါပြီ။

ဘောလုံးလောကတစ်ခုလုံးကို ရိုက်ခတ်စေခဲ့ပြီး ကလပ်အသင်း အများအပြား ပြိုလဲသွားနိုင်တဲ့ ဖြစ်ရပ်ကြောင့် ဥရောပဆိုင်ရာ ဘောလုံးပြိုင်ပွဲတွေနဲ့ ပက်သက်တဲ့ ဆွေးနွေးမှုကို လာမယ့် အင်္ဂါနေ့မှာ ပြုလုပ်မှာပါ။ အသင်းကြီးတွေက ကစားသမား လုပ်ခပေးချေမှုတွေကြောင့် အထိနာနိုင်သလို အသင်းငယ်တွေဟာလည်း တူညီတဲ့ အထိနာမှုမှာ ပြိုလဲမှုတွေထိပါ ဖြစ်သွားနိုင်ပါတယ်။

ယူအီးအက်ဖ်အေက အဖွဲ့ဝင် ၅၅ ဦး ပါဝင်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ် ဘုတ်အဖွဲ့ဝင်တွေ၊ ဥရောပလိဂ်တွေနဲ့ ဖီဖာ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ဆွေးနွေးပွဲကို အဆိုပါ ရက်မှာ စတင်ပါမယ်။ ဆွေးနွေးမှုက ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲတွေကို ဘာတွေ ဆက်လုပ်ကြမလဲအပြင် မပြီးပြတ်သေးတဲ့ အမှတ်ပေးပွဲတွေကို ဘယ်လိုတွေ ရှေ့ဆက် လုပ်ဆောင်မလဲဆိုတာကို အဓိက အသားပေး ဆွေးနွေးမှာဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ ဆွေးနွေးမှုက အဖြေတစ်ခု ထွက်လာဖို့ရှိပြီး အဆိုပါ ဆွေးနွေးမှုအပြီး ၂ ရက်အကြာမှာ ပရီးမီးယားလိဂ်ကလည်း သက်ဆိုင်ရာကလပ်အသင်း တာဝန်ရှိသူတွေ အပါအဝင် ဆွေးနွေးမှုတစ်ခု ပြုလုပ်မှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဘက်က ဆွေးနွေးမှုကတော့ ရုပ်သံထုတ်လွှင့်မှုကိစ္စ၊ ယူအီးအက်ဖ်အေ ရှယ်ယာရှင်များ အစည်းအဝေးကနေ ပေါ်ထွက်လာမယ့် သဘောတူညီမှုနောက်ဆက်တွဲ လိဂ်ကို ဘယ်လို အဆုံးသတ်မလဲ ဆိုတဲ့ ကိစ္စနဲ့ ဇွန်လ ၃၀ ရက်နေ့မှာ သက်တမ်းကုန်မယ့် ပရီးမီးယားလိဂ် ကစားသမား ကိစ္စတွေကိုပါ ဆွေးနွေးမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ပြုလုပ်တဲ့ ပရီးမီးယားလိဂ်ကို သုံးပတ်ကြာ ယာယီရပ်တန့်ဖို့ သဘောတူညီခဲ့တဲ့ ပရီးမီးယားလိဂ် ရှယ်ယာရှင်များ အစည်းအဝေးမှာတော့ လိဂ်ဟာ အဆုံးမသတ်ဖို့ ၇၅% သေချာခဲ့ပြီဆိုတာကို အားလုံးက လက်ခံခဲ့ကြပါတယ်။ ဒါပေမယ့်လို့ လိဂ်ကို ဘယ်လို အဆုံးသတ်မလဲ၊ လာမယ့်ရာသီ ဥရောပဝင်ခွင့် တန်းဆင်း တန်းတက် ကိစ္စတွေကတော့ အငြင်းပွာစရာတွေ ဖြစ်နေကြဆဲပါပဲ။

ZAWGYI

ပရီးမီးယားလိဂ္ဟာ လက္က်န္ရာသီနဲ႔ ပက္သက္ျပီး ဘာေတြကို ေရွ႔ဆက္လုပ္ေဆာင္ၾကမလဲ ဆိုတာအတြက္ အေရးေပၚ အစည္းအေဝးကို လာမယ့္ ၾကာသပေတးေန႔ မတ္လ ၁၉ ရက္မွာ ျပဳလုပ္ဖို႔ တရားဝင္ ေၾကညာလိုက္ပါျပီ။

ေဘာလံုးေလာကတစ္ခုလံုးကို ရိုက္ခတ္ေစခဲ့ျပီး ကလပ္အသင္း အမ်ားအျပား ျပိဳလဲသြားႏုိင္တဲ့ ျဖစ္ရပ္ေၾကာင့္ ဥေရာပဆိုင္ရာ ေဘာလံုးျပိဳင္ပြဲေတြနဲ႔ ပက္သက္တဲ့ ေဆြးေႏြးမႈကို လာမယ့္ အဂၤါေန႔မွာ ျပဳလုပ္မွာပါ။ အသင္းၾကီးေတြက ကစားသမား လုပ္ခေပးေခ်မႈေတြေၾကာင့္ အထိနာႏိုင္သလို အသင္းငယ္ေတြဟာလည္း တူညီတဲ့ အထိနာမႈမွာ ျပိဳလဲမႈေတြထိပါ ျဖစ္သြားႏုိင္ပါတယ္။

ယူအီးအက္ဖ္ေအက အဖြဲ႔ဝင္ ၅၅ ဦး ပါဝင္ျပီး ဥေရာပေဘာလံုးအဖြဲ႔ခ်ဳပ္ ဘုတ္အဖြဲ႔ဝင္ေတြ၊ ဥေရာပလိဂ္ေတြနဲ႔ ဖီဖာ ကုိယ္စားလွယ္ေတြ ပါဝင္တဲ့ ေဆြးေႏြးပြဲကို အဆိုပါ ရက္မွာ စတင္ပါမယ္။ ေဆြးေႏြးမႈက ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္ ျပိဳင္ပြဲေတြကို ဘာေတြ ဆက္လုပ္ၾကမလဲအျပင္ မျပီးျပတ္ေသးတဲ့ အမွတ္ေပးပြဲေတြကို ဘယ္လိုေတြ ေရွ႔ဆက္ လုပ္ေဆာင္မလဲဆိုတာကို အဓိက အသားေပး ေဆြးေႏြးမွာျဖစ္ပါတယ္။

ယူအီးအက္ဖ္ေအ ေဆြးေႏြးမႈက အေျဖတစ္ခု ထြက္လာဖို႔ရွိျပီး အဆိုပါ ေဆြးေႏြးမႈအျပီး ၂ ရက္အၾကာမွာ ပရီးမီးယားလိဂ္ကလည္း သက္ဆုိင္ရာကလပ္အသင္း တာဝန္ရွိသူေတြ အပါအဝင္ ေဆြးေႏြးမႈတစ္ခု ျပဳလုပ္မွာ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ဘက္က ေဆြးေႏြးမႈကေတာ့ ရုပ္သံထုတ္လႊင့္မႈကိစၥ၊ ယူအီးအက္ဖ္ေအ ရွယ္ယာရွင္မ်ား အစည္းအေဝးကေန ေပၚထြက္လာမယ့္ သေဘာတူညီမႈေနာက္ဆက္တြဲ လိဂ္ကို ဘယ္လို အဆံုးသတ္မလဲ ဆိုတဲ့ ကိစၥနဲ႔ ဇြန္လ ၃၀ ရက္ေန႔မွာ သက္တမ္းကုန္မယ့္ ပရီးမီးယားလိဂ္ ကစားသမား ကိစၥေတြကိုပါ ေဆြးေႏြးမွာျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ေသာၾကာေန႔က ျပဳလုပ္တဲ့ ပရီးမီးယားလိဂ္ကို သံုးပတ္ၾကာ ယာယီရပ္တန္႔ဖို႔ သေဘာတူညီခဲ့တဲ့ ပရီးမီးယားလိဂ္ ရွယ္ယာရွင္မ်ား အစည္းအေဝးမွာေတာ့ လိဂ္ဟာ အဆံုးမသတ္ဖို႔ ၇၅% ေသခ်ာခဲ့ျပီဆိုတာကို အားလံုးက လက္ခံခဲ့ၾကပါတယ္။ ဒါေပမယ့္လို႔ လိဂ္ကို ဘယ္လို အဆံုးသတ္မလဲ၊ လာမယ့္ရာသီ ဥေရာပဝင္ခြင့္ တန္းဆင္း တန္းတက္ ကိစၥေတြကေတာ့ အျငင္းပြာစရာေတြ ျဖစ္ေနၾကဆဲပါပဲ။