အပြီးမသတ်ဖို့ ၇၅% သေချာနေတဲ့ ပရီးမီးယားလိဂ်နဲ့ ပက်သက်ပြီး သဘောတူညီချက် ၃ ချက်

သောကြာနေ့က ရှယ်ယာရှင်များ အစည်းအဝေးဟာ ပရီးမီးယားလိဂ်နဲ့တကွ အမှတ်ပေးပွဲတွေကို ဘယ်လို စတင်မလဲ ဆိုတာနဲ့ ပက်သက်လို့ အတော်လေး အပြင်းအထန် ဆွေးနွေးရမှု ဖြစ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ်အသင်း ၂၀ လုံးက လာမယ့်အပတ် အမှတ်ပေးပွဲတွေကို ရပ်နားဖို့ သဘောတူညီကြပေမယ့် ဧပြီလ ၃ ရက်နေ့နောက်ပိုင်း အစီအစဉ်တွေနဲ့ ပက်သက်လို့ အမြင်တွေ မတူညီကြပါဘူး။ ဒါနဲ့ ပက်သက်ပြီး စကိုင်းစပေါ့ သတင်းထောက် Kaveh Solhekol က သတင်းထုတ်ပြန်လိုက်ပါတယ်။

အချို့ကလပ်အသင်းတွေက ဧပြီလ ၃ ရက်နေ့ နောက်ပိုင်းမှာ ပရီးမီးယားလိဂ်ကို ပြန်ကစားလိုပါတယ်။ ဒါပေမယ့် ကလပ်အချို့ကတော့ နောက်ထပ် ဘောလုံးရာသီ စတင်ရမယ့် သြဂတ်လ ရောက်ချိန်မှာတောင်မှ ကိုရိုနာ အန္တရာယ်က ငြိမ်သက်သွားဖို့ မသေချာဘူးလို့ ယုံကြည်နေပါတယ်။ အကြီးတန်း ပုဂ္ဂိုလ်တစ်ဦးကတော့ ဒီရာသီ ပရီးမီးယားလိဂ်ဟာ အဆုံးမသတ်နိုင်ပဲ ပြီးသွားဖို့ ၇၅% သေချာနေတယ်လို့ စကိုင်းစပေါ့က ဖော်ပြပါတယ်။

နောက်ဆက်တွဲအားဖြင့် ဗြိတိန် အမှတ်ပေးလိဂ် ၄ ခုမှ ကလပ်အသင်း အများအပြားဟာ ဘဏ္ဍာရေးဆိုင်ရာ ထိုးနှက်ခံရမှုကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ လာမယ့် အင်္ဂါနေ့မှာ ယူအီးအက်ဖ်အေက ဥရောပ ဘောလုံးကလပ်အသင်း ရှယ်ယာရှင်များ အစည်းအဝေးကို ပြုလုပ်မှာဖြစ်ပြီး အဆိုပါ အစည်းအဝေးက ထွက်ပေါ်လာမယ့် လဒ်ကို စောင့်ဆိုင်းသွားမှာဖြစ်ပါတယ်။

လက်တလောမှာတော့ ပရီးမီးယားလိဂ်က အောက်ပါ သုံးချက်ကို သဘောတူညီထားပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ကို ဆက်လက် ကျင်းပနိုင်စွမ်း မရှိပဲ အဆုံးသတ်ရမယ်ဆိုရင်

– လီဗာပူးအသင်းကို ပရီးမီးယားလိဂ်ဖလား ပေးမှာဖြစ်ပြီး တန်းဆင်းစနစ်ကို လုပ်ဆောင်သွားမှာ မဟုတ်ပဲ လာမယ့်ရာသီကို ချန်ပီယံရှစ်က ဝက်ဘရွန်း၊ လိဒ်အပါအဝင် ကလပ် ၂၂ သင်းနဲ့ ကျင်းပပါမယ်။

– လာမယ့်ရာသီကို ပယ်ဖျက်ပြီး လက်ရှိရာသီမှာ ယှဉ်ပြိုင်နေတဲ့ ကလပ်အသင်း ၂၀ နဲ့ပဲ ပြန်လည်စတင်ဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ဒီရာသီ လီဗာပူးအသင်းဟာ အမှတ်ပေးဇယားကို ၂၅ မှတ်ဖြတ်ထားနိုင်တာပါ။

– လက်ရှိ အနေအထားနဲ့ပဲ ဘောလုံးရာသီကို ရပ်တန့်လိုက်လို့လည်း မရပါဘူး။ ပွဲစဉ် ၂၉ ပွဲ အပြီးမှာပဲ ဘုန်းမောက်၊ အက်စတွန်ဗီလာနဲ့ နော်ဝစ်တို့ကို တန်းဆင်းစေဖို့ မဖြစ်နိုင်ဘူးလို့ ဆုံးဖြတ်ထားကြပါတယ်။

ZAWGYI

ေသာၾကာေန႔က ရွယ္ယာရွင္မ်ား အစည္းအေဝးဟာ ပရီးမီးယားလိဂ္နဲ႔တကြ အမွတ္ေပးပြဲေတြကို ဘယ္လို စတင္မလဲ ဆိုတာနဲ႔ ပက္သက္လို႔ အေတာ္ေလး အျပင္းအထန္ ေဆြးေႏြးရမႈ ျဖစ္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္ ကလပ္အသင္း ၂၀ လံုးက လာမယ့္အပတ္ အမွတ္ေပးပြဲေတြကို ရပ္နားဖို႔ သေဘာတူညီၾကေပမယ့္ ဧျပီလ ၃ ရက္ေန႔ေနာက္ပိုင္း အစီအစဥ္ေတြနဲ႔ ပက္သက္လို႔ အျမင္ေတြ မတူညီၾကပါဘူး။ ဒါနဲ႔ ပက္သက္ျပီး စကိုင္းစေပါ့ သတင္းေထာက္ Kaveh Solhekol က သတင္းထုတ္ျပန္လိုက္ပါတယ္။

အခ်ိဳ႕ကလပ္အသင္းေတြက ဧျပီလ ၃ ရက္ေန႔ ေနာက္ပိုင္းမွာ ပရီးမီးယားလိဂ္ကို ျပန္ကစားလိုပါတယ္။ ဒါေပမယ့္ ကလပ္အခ်ိဳ႕ကေတာ့ ေနာက္ထပ္ ေဘာလံုးရာသီ စတင္ရမယ့္ ၾသဂတ္လ ေရာက္ခ်ိန္မွာေတာင္မွ ကိုရိုနာ အႏၱရာယ္က ျငိမ္သက္သြားဖို႔ မေသခ်ာဘူးလို႔ ယံုၾကည္ေနပါတယ္။ အၾကီးတန္း ပုဂၢိဳလ္တစ္ဦးကေတာ့ ဒီရာသီ ပရီးမီးယားလိဂ္ဟာ အဆံုးမသတ္ႏုိင္ပဲ ျပီးသြားဖို႔ ၇၅% ေသခ်ာေနတယ္လုိ႔ စကိုင္းစေပါ့က ေဖာ္ျပပါတယ္။

ေနာက္ဆက္တြဲအားျဖင့္ ျဗိတိန္ အမွတ္ေပးလိဂ္ ၄ ခုမွ ကလပ္အသင္း အမ်ားအျပားဟာ ဘ႑ာေရးဆိုင္ရာ ထိုးႏွက္ခံရမႈကို ရင္ဆိုင္ရေတာ့မွာ ျဖစ္ပါတယ္။ လာမယ့္ အဂၤါေန႔မွာ ယူအီးအက္ဖ္ေအက ဥေရာပ ေဘာလံုးကလပ္အသင္း ရွယ္ယာရွင္မ်ား အစည္းအေဝးကို ျပဳလုပ္မွာျဖစ္ျပီး အဆိုပါ အစည္းအေဝးက ထြက္ေပၚလာမယ့္ လဒ္ကို ေစာင့္ဆိုင္းသြားမွာျဖစ္ပါတယ္။

လက္တေလာမွာေတာ့ ပရီးမီးယားလိဂ္က ေအာက္ပါ သံုးခ်က္ကို သေဘာတူညီထားပါတယ္။

ဒီရာသီ ပရီးမီးယားလိဂ္ကို ဆက္လက္ က်င္းပႏုိင္စြမ္း မရွိပဲ အဆံုးသတ္ရမယ္ဆိုရင္

– လီဗာပူးအသင္းကို ပရီးမီးယားလိဂ္ဖလား ေပးမွာျဖစ္ျပီး တန္းဆင္းစနစ္ကို လုပ္ေဆာင္သြားမွာ မဟုတ္ပဲ လာမယ့္ရာသီကို ခ်န္ပီယံရွစ္က ဝက္ဘရြန္း၊ လိဒ္အပါအဝင္ ကလပ္ ၂၂ သင္းနဲ႔ က်င္းပပါမယ္။

– လာမယ့္ရာသီကို ပယ္ဖ်က္ျပီး လက္ရွိရာသီမွာ ယွဥ္ျပိဳင္ေနတဲ့ ကလပ္အသင္း ၂၀ နဲ႔ပဲ ျပန္လည္စတင္ဖို႔ကေတာ့ မျဖစ္ႏုိင္ပါဘူး။ ဒီရာသီ လီဗာပူးအသင္းဟာ အမွတ္ေပးဇယားကို ၂၅ မွတ္ျဖတ္ထားႏုိင္တာပါ။

– လက္ရွိ အေနအထားနဲ႔ပဲ ေဘာလံုးရာသီကို ရပ္တန္႔လိုက္လို႔လည္း မရပါဘူး။ ပြဲစဥ္ ၂၉ ပြဲ အျပီးမွာပဲ ဘုန္းေမာက္၊ အက္စတြန္ဗီလာနဲ႔ ေနာ္ဝစ္တို႔ကို တန္းဆင္းေစဖို႔ မျဖစ္ႏုိင္ဘူးလို႔ ဆံုးျဖတ္ထားၾကပါတယ္။