ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ပက်သက်ပြီး ယူနိုက်တက် အပါအဝင် ကလပ်သုံးသင်း သဘောမတူ

ပရီးမီးယားလိဂ်က ဘောလုံးရာသီကို ဧပြီလ ၃ ရက်နေ့ထိ ရပ်တန့်ကြောင်းကို ကြေညာခဲ့ပြီဖြစ်ပြီး ဗြိတိန်ပြည်တွင်း ပရော်ဖက်ရှင်နယ် ပွဲတွေကို ရပ်နားကြောင်း အတည်ပြုထားပြီဖြစ်ပါတယ်။

သို့ပေမယ့်လည်း ပရီးမီးယားလိဂ်ကို ဆက်ရန်ရှိဖို့ပါ အခက်အခဲ ရှိလာခဲ့ကာ ကလပ်အသင်းတွေက ဧပြီလ ၃ ရက်နေ့ နောက်ပိုင်းမှာလည်း ပြန်ကစားဖို့ကို တွန့်ဆုတ်နေခဲ့ကြပါတယ်။ ဒါ့အပြင် လက်ရွေးစင်အဆင့် ပြိုင်ပွဲတွေကြောင့်လည်း ၂၀၂၁ နဲ့ ၂၀၂၂ ဘောလုံးရာသီတွေအတွက် ပြက္ခဒိန်တွေက အပြည့် ဖြစ်နေပါတယ်။

အဓိက ပြဿနာက ကစားသမား အများစုဟာ ကလပ်အသင်းတွေနဲ့ စာချုပ်ကုန်ဆုံးမှုက ဇွန်လ ၃၀ ရက်နေ့ ဖြစ်ပါတယ်။ စာချုပ် နောက်ဆုံးလတွေပဲ ကျန်တဲ့ ကစားသမားတွေနဲ့ အငှားကစားသမားတွေကို ဇွန်လ ၃၀ ရက်နေ့ပိုင်းမှာ ဆက်လက် အသုံးပြုခွင့် မရနိုင်ခြင်းက ပရီးမီးယားလိဂ်ကို နွေအထိ ယှဉ်ပြိုင်စေဖို့ကို အခက်တွေ့လာစေခဲ့တာဖြစ်တယ်။

တယ်လီဂရပ်က ဖော်ပြရာမှာ ပရီးမီးယားလိဂ်ကို ဆက်လက် မကျင်းပနိုင်ရင် ဆိုတာအတွက် ဆွေးနွေးမှု ပြင်းထန်ခဲ့ပြီး ရှယ်ယာရှင်းများ အစည်းအဝေးမှာတော့ လီဗာပူးကို ပရီးမီးယားလိဂ်ဖလားပေးဖို့ ငြင်းဆန်ခဲ့ခြင်းမျိုး မရှိကြပါဘူး။ ဒါပေမယ့်လို့ ချန်ပီယံလိဂ်ဝင်ခွင့်၊ တန်းဆင်း တန်တက် စနစ်အတွက် အငြင်းပွားမှုက ပြင်းထန်ပါတယ်။

ကလပ်တွေရဲ့ ဘဏ္ဍာရေးကို ကြီးကြီးမားမား ထိခိုက်မယ် ဒီလို အနေအထားမှာ အဆိုတင်သွင်းမှု တစ်ခုကတော့ လာမယ့် ရာသီမှာ ချန်ပီယံရှစ်က ထိပ်ဆုံး ကလပ်နှစ်သင်း ဝက်ဘရွန်းနဲ့ လိဒ်ကို ပရီးမီးယားလိဂ်ထံ တန်းတက်လာစေပြီး ကလပ်အသင်း ၂၂ သင်းနဲ့ ယှဉ်ပြိုင်ဖို့ ဖြစ်ပါတယ်။ ချန်ပီယံရှစ်၊ လိဂ်ဝမ်းနဲ့ လိဂ်တူး တွေမှာတော့ တန်းဆင်းမှုတွေ ရှိသွားနိုင်ပါတယ်။

ချန်ပီယံလိဂ်အတွက်ကိုတော့ ဒီရာသီ ဥရောပဝင်ခွင့်ရ အသင်းတွေကို လာမယ့်ရာသီမှာ ထပ်ဝင်ခွင့်ပေးဖို့နဲ့ ဒီရာသီ လိဂ်ရပ်တည်မှု အမြင့်ဆုံး အသင်းတွေကို ထပ်မံဝင်ခွင့်ပေးရမယ့် အသင်းတွေထဲ ထည့်သွင်းဖို့ ဆွေးနွေးခဲ့ကြတာဖြစ်တယ်။

ဒီတိုင်းဆိုရင် မန်စီးတီး၊ လီဗာပူး၊ ချယ်ဆီးနဲ့ စပါးတို့က လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရမှာပါ။ မန်စီးတီးက ဥရောပ ပွဲပယ်ခံထားရတာကြောင့် ထိုလေးသင်းမဟုတ်တဲ့ အထဲက လိဂ်ရပ်တည်မှု အမြင့်ဆုံးအသင်းဖြစ်တဲ့ လက်စတာက ဝင်ခွင့်ရမှာဖြစ်တယ်။ ဒါပေမယ့် လက်ရှိမှာ စပါးရဲ့ အထက်မှာ ရှိနေတဲ့ ယူနိုက်တက်၊ ဝုဗ်နဲ့ ရှက်ဖီးက စပါးကို ဝင်ခွင့်ပေးဖို့ကို သဘောမတူကြဘူးလို့ သိရပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္က ေဘာလံုးရာသီကို ဧျပီလ ၃ ရက္ေန႔ထိ ရပ္တန္႔ေၾကာင္းကို ေၾကညာခဲ့ျပီျဖစ္ျပီး ျဗိတိန္ျပည္တြင္း ပေရာ္ဖက္ရွင္နယ္ ပြဲေတြကို ရပ္နားေၾကာင္း အတည္ျပဳထားျပီျဖစ္ပါတယ္။

သို႔ေပမယ့္လည္း ပရီးမီးယားလိဂ္ကို ဆက္ရန္ရွိဖို႔ပါ အခက္အခဲ ရွိလာခဲ့ကာ ကလပ္အသင္းေတြက ဧျပီလ ၃ ရက္ေန႔ ေနာက္ပိုင္းမွာလည္း ျပန္ကစားဖို႔ကို တြန္႔ဆုတ္ေနခဲ့ၾကပါတယ္။ ဒါ့အျပင္ လက္ေရြးစင္အဆင့္ ျပိဳင္ပြဲေတြေၾကာင့္လည္း ၂၀၂၁ နဲ႔ ၂၀၂၂ ေဘာလံုးရာသီေတြအတြက္ ျပကၡဒိန္ေတြက အျပည့္ ျဖစ္ေနပါတယ္။

အဓိက ျပႆနာက ကစားသမား အမ်ားစုဟာ ကလပ္အသင္းေတြနဲ႔ စာခ်ဳပ္ကုန္ဆံုးမႈက ဇြန္လ ၃၀ ရက္ေန႔ ျဖစ္ပါတယ္။ စာခ်ဳပ္ ေနာက္ဆံုးလေတြပဲ က်န္တဲ့ ကစားသမားေတြနဲ႔ အငွားကစားသမားေတြကို ဇြန္လ ၃၀ ရက္ေန႔ပိုင္းမွာ ဆက္လက္ အသံုးျပဳခြင့္ မရႏုိင္ျခင္းက ပရီးမီးယားလိဂ္ကို ေႏြအထိ ယွဥ္ျပိဳင္ေစဖို႔ကို အခက္ေတြ႔လာေစခဲ့တာျဖစ္တယ္။

တယ္လီဂရပ္က ေဖာ္ျပရာမွာ ပရီးမီးယားလိဂ္ကို ဆက္လက္ မက်င္းပႏုိင္ရင္ ဆိုတာအတြက္ ေဆြးေႏြးမႈ ျပင္းထန္ခ့ဲျပီး ရွယ္ယာရွင္းမ်ား အစည္းအေဝးမွာေတာ့ လီဗာပူးကို ပရီးမီးယားလိဂ္ဖလားေပးဖို႔ ျငင္းဆန္ခဲ့ျခင္းမ်ိဳး မရွိၾကပါဘူး။ ဒါေပမယ့္လို႔ ခ်န္ပီယံလိဂ္ဝင္ခြင့္၊ တန္းဆင္း တန္တက္ စနစ္အတြက္ အျငင္းပြားမႈက ျပင္းထန္ပါတယ္။

ကလပ္ေတြရဲ႕ ဘ႑ာေရးကို ၾကီးၾကီးမားမား ထိခိုက္မယ္ ဒီလို အေနအထားမွာ အဆုိတင္သြင္းမႈ တစ္ခုကေတာ့ လာမယ့္ ရာသီမွာ ခ်န္ပီယံရွစ္က ထိပ္ဆံုး ကလပ္ႏွစ္သင္း ဝက္ဘရြန္းနဲ႔ လိဒ္ကို ပရီးမီးယားလိဂ္ထံ တန္းတက္လာေစျပီး ကလပ္အသင္း ၂၂ သင္းနဲ႔ ယွဥ္ျပိဳင္ဖို႔ ျဖစ္ပါတယ္။ ခ်န္ပီယံရွစ္၊ လိဂ္ဝမ္းနဲ႔ လိဂ္တူး ေတြမွာေတာ့ တန္းဆင္းမႈေတြ ရွိသြားႏုိင္ပါတယ္။

ခ်န္ပီယံလိဂ္အတြက္ကိုေတာ့ ဒီရာသီ ဥေရာပဝင္ခြင့္ရ အသင္းေတြကို လာမယ့္ရာသီမွာ ထပ္ဝင္ခြင့္ေပးဖို႔နဲ႔ ဒီရာသီ လိဂ္ရပ္တည္မႈ အျမင့္ဆံုး အသင္းေတြကို ထပ္မံဝင္ခြင့္ေပးရမယ့္ အသင္းေတြထဲ ထည့္သြင္းဖို႔ ေဆြးေႏြးခဲ့ၾကတာျဖစ္တယ္။

ဒီတိုင္းဆိုရင္ မန္စီးတီး၊ လီဗာပူး၊ ခ်ယ္ဆီးနဲ႔ စပါးတို႔က လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရမွာပါ။ မန္စီးတီးက ဥေရာပ ပြဲပယ္ခံထားရတာေၾကာင့္ ထိုေလးသင္းမဟုတ္တဲ့ အထဲက လိဂ္ရပ္တည္မႈ အျမင့္ဆံုးအသင္းျဖစ္တဲ့ လက္စတာက ဝင္ခြင့္ရမွာျဖစ္တယ္။ ဒါေပမယ့္ လက္ရွိမွာ စပါးရဲ႕ အထက္မွာ ရွိေနတဲ့ ယူႏုိက္တက္၊ ဝုဗ္နဲ႔ ရွက္ဖီးက စပါးကို ဝင္ခြင့္ေပးဖို႔ကို သေဘာမတူၾကဘူးလို႔ သိရပါတယ္။