၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ် ဘောလုံးရာသီကို ဖျက်သိမ်းဖို့ ကလပ်အသင်းတွေ သဘောမတူ

ပရီးမီးယားလိဂ်ကတော့ ဧပြီလ ၃ ရက်နေ့ထိ ပြည်တွင်း အမှတ်ပေးပြိုင်ပွဲတွေနဲ့ အက်ဖ်အေဖလား ပြိုင်ပွဲတွေအပြင် သက်တမ်းအလိုက် ပွဲတွေကိုပါ ရပ်နားထားဖို့ တရားဝင် သတင်းထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

လူပြောများနေတဲ့ မေးခွန်းတစ်ခုက ပရီးမီးယားလိဂ်ဘောလုံးရာသီက ပိတ်သိမ်းသွားမလား ဆိုတာနဲ့ ဘာတွေဆက်ဖြစ်နိုင်သလဲဆိုတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါနဲ့ ပက်သက်ပြီး ဒေးလီးမေလ်းက အထူး ဆောင်းပါးတစ်ပုဒ်မှာ ထည့်သွင်း ပြန်ကြားပေးသွားခဲ့ပါတယ်။

ဒေးလီးမေလ်းမှာပဲ ” ဒီရာသီ ပရီးမီးယားလိဂ်က ပျက်ပြယ်သွားတော့မှာလားဆိုတဲ့ မေးခွန်းက မြောက်လန်ဒန်က Jose မေးလာတာပါ။ မေးခွန်းကောင်းအတွက် ကျေးဇူးပါ Jose ရေ။ ဒါပေမယ့် ဖြစ်ဖို့များသွားတာက လက်ရှိ ဘောလုံးရာသီကို နွေမှာ အဆုံးသတ်ပါလိမ့်မယ်။ လီဗာပူးက နွေမှာ ဆုဖလား ကိုင်မြောက်ခွင့်ကို ရသွားနိုင်ပါတယ်။

ပြဿနာတွေအားလုံးကို ဖြေရှင်းပြီးရင်တော့ သိရမှာပါ ဒါပေမယ့် အင်္ဂါနေ့မှာ ယူအီးအက်ဖ်အေရဲ့ အစည်းအဝေးအပြီးမှာပဲ ဘယ်အချိန်မှာ ဒီရာသီကို အပြီးသတ်မယ်ဆိုတာနဲ့ ပက်သက်ပြီး ရှင်းရှင်းလင်းလင်း သိရမှာပါ။ ရာသီကို ပျက်ပြယ်စေဖို့ ကလပ်အသင် းအနည်းငယ်က အလိုရှိခဲ့ကြပါတယ်။ ဒါပေမယ့် အားလုံးသော ကလပ်အသငင်းတွေက ဒီမိုကရေစီ ကျကျပဲ လုပ်ဆောင်လိုကြပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေရဲ့ သုံးချိုးနှစ်ချိး (သို့) ၁၄ သင်းလောက်က သဘောမတူပဲ ဘောလုံးရာသီကို ပျက်ပြယ်စေလို့ မရပါဘူး။ အမှတ်ပေးပွဲ တစ်ခုျင်းဟာ အစီအစဉ်တွေကို အတည်ပြုပြီးမှပဲ ပလန်တွေအတိုင်း လုပ်ဆောင်ကြမှာပါ။ ပိုမကောင်းလာသေးခင်တော့ အားလုံးက ဆိုရွားတာတွေ ဖြစ်နေဦးမှာပါ ” လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ကေတာ့ ဧျပီလ ၃ ရက္ေန႔ထိ ျပည္တြင္း အမွတ္ေပးျပိဳင္ပြဲေတြနဲ႔ အက္ဖ္ေအဖလား ျပိဳင္ပြဲေတြအျပင္ သက္တမ္းအလိုက္ ပြဲေတြကိုပါ ရပ္နားထားဖို႔ တရားဝင္ သတင္းထုတ္ျပန္လိုက္ျပီျဖစ္ပါတယ္။

လူေျပာမ်ားေနတဲ့ ေမးခြန္းတစ္ခုက ပရီးမီးယားလိဂ္ေဘာလံုးရာသီက ပိတ္သိမ္းသြားမလား ဆိုတာနဲ႔ ဘာေတြဆက္ျဖစ္ႏုိင္သလဲဆိုတဲ့ အေနအထား ျဖစ္ပါတယ္။ ဒါနဲ႔ ပက္သက္ျပီး ေဒးလီးေမလ္းက အထူး ေဆာင္းပါးတစ္ပုဒ္မွာ ထည့္သြင္း ျပန္ၾကားေပးသြားခဲ့ပါတယ္။

ေဒးလီးေမလ္းမွာပဲ ” ဒီရာသီ ပရီးမီးယားလိဂ္က ပ်က္ျပယ္သြားေတာ့မွာလားဆိုတဲ့ ေမးခြန္းက ေျမာက္လန္ဒန္က Jose ေမးလာတာပါ။ ေမးခြန္းေကာင္းအတြက္ ေက်းဇူးပါ Jose ေရ။ ဒါေပမယ့္ ျဖစ္ဖို႔မ်ားသြားတာက လက္ရွိ ေဘာလံုးရာသီကို ေႏြမွာ အဆံုးသတ္ပါလိမ့္မယ္။ လီဗာပူးက ေႏြမွာ ဆုဖလား ကိုင္ေျမာက္ခြင့္ကို ရသြားႏုိင္ပါတယ္။

ျပႆနာေတြအားလံုးကို ေျဖရွင္းျပီးရင္ေတာ့ သိရမွာပါ ဒါေပမယ့္ အဂၤါေန႔မွာ ယူအီးအက္ဖ္ေအရဲ႕ အစည္းအေဝးအျပီးမွာပဲ ဘယ္အခ်ိန္မွာ ဒီရာသီကို အျပီးသတ္မယ္ဆိုတာနဲ႔ ပက္သက္ျပီး ရွင္းရွင္းလင္းလင္း သိရမွာပါ။ ရာသီကို ပ်က္ျပယ္ေစဖို႔ ကလပ္အသင္ းအနည္းငယ္က အလိုရွိခဲ့ၾကပါတယ္။ ဒါေပမယ့္ အားလံုးေသာ ကလပ္အသငင္းေတြက ဒီမိုကေရစီ က်က်ပဲ လုပ္ေဆာင္လိုၾကပါတယ္။

ပရီးမီးယားလိဂ္ကလပ္ေတြရဲ႕ သံုးခ်ိဳးႏွစ္ခ်ိး (သို႔) ၁၄ သင္းေလာက္က သေဘာမတူပဲ ေဘာလံုးရာသီကို ပ်က္ျပယ္ေစလို႔ မရပါဘူး။ အမွတ္ေပးပြဲ တစ္ခု်င္းဟာ အစီအစဥ္ေတြကို အတည္ျပဳျပီးမွပဲ ပလန္ေတြအတိုင္း လုပ္ေဆာင္ၾကမွာပါ။ ပိုမေကာင္းလာေသးခင္ေတာ့ အားလံုးက ဆိုရြားတာေတြ ျဖစ္ေနဦးမွာပါ ” လို႔ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။