BREAKING: ဧပြီလ ၃ ရက်နေ့ထိ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေကို ရပ်နားမည်ဖြစ်ကြောင်း အတည်ပြု

ဗြိတိန်တွင်း ပရော်ဖက်ရှင်နယ် ဘောလုံးကို ဧပြီလ ၃ ရက်နေ့ထိ ရက်နားမှာဖြစ်ကြောင်း ဒီကနေ့ ပရီးမီးယားလိဂ် အစည်းအဝေးကနေပြီး အတည်ပြု ကြေညာလိုက်ပြီဖြစ်ပါတယ်။

အက်ဖ်အေဖလား၊ ပရီးမီးယားလိဂ်၊ ချန်ပီယံရှစ်၊ လိဂ်ဝမ်း၊ လိဂ်တူး အစရှိတဲ့ ပရိုပြိုင်ပွဲတွေအပြင် အက်ဖ်အေ အမျိုးသမီး စူပါလိဂ်၊ အက်ဖ်အေ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲတွေ အားလုံးဟာ အစောဆုံးအဖြစ် ဧပြီလ ၃ ရက်နေ့ထိ ရပ်နားဖို့ သဘောတူညီလိုက်တာပါ။

ဒီပြိုင်ပွဲတွေထဲမှာတော့ စီနီယာအဆင့် ပြိုင်ပွဲတွေအပြင် သက်တမ်းအလိုက် လူငယ်နဲ့ အကယ်ဒမီဆိုင်ရာ ပြိုင်ပွဲတွေအားလုံး ပါဝင်သွားမှာဖြစ်ပါတယ်။ ဒီအပတ် ပွဲကနေစပြီး ရပ်နားမှာဖြစ်ပါတယ်။

အစောပိုင်းတုန်းကပဲ နောက်အပတ်မှာ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲတွေ အားလုံးကို ရွှေ့ဆိုင်းလိုက်ပါပြီ။ ဥရောပပြိုင်ပွဲတွေကိုတော့ ဘယ်အချိန်ထိ ဆက်ပိတ်မလဲဆိုတာ မသိရသေးပါဘူး။

ပရီးမီးယားလိဂ်မှာ လက်စတာအသင်းက စီနီယာအသင်းသား သုံးဦး ကိုရိုနာသံသရ ရှိခဲ့ပြီး ချယ်ဆီးမှ အိုဒွိုင်းနဲ့ အာဆင်နယ်မန်နေဂျာ အာတီတာအပြင် မန်စီးတီးမှ မန်ဒီကိုလည်း သံသယလူနာအဖြစ် စောင့်ကြည့်မှာဖြစ်ပြီး ဘုန်းမောက်အသင်းသား တစ်ဦးပါ ကိုရိုနာ သံသယ ရှိခဲ့တာပါ။

မကြာသေးခင်ကပဲ လီဗာပူးအခြေစိုက် အဲဗာတန်ကပါ တစ်သင်းလုံးကို ကိုရိုနာ စစ်ဆေးမှုတွေ ပြုလုပ်မှာဖြစ်လို့ ဒီအပတ် မာဆေးဆိုဒ်ဒါဘီကို ယှဉ်ပြိုင် ကစားဖို့ မရှိကြောင်းကိုလည်း သတင်းထုတ်ပြန် ထားခဲ့ပြီး ဖြစ်ပါတယ်။

ZAWGYI

ျဗိတိန္တြင္း ပေရာ္ဖက္ရွင္နယ္ ေဘာလံုးကို ဧျပီလ ၃ ရက္ေန႔ထိ ရက္နားမွာျဖစ္ေၾကာင္း ဒီကေန႔ ပရီးမီးယားလိဂ္ အစည္းအေဝးကေနျပီး အတည္ျပဳ ေၾကညာလိုက္ျပီျဖစ္ပါတယ္။

အက္ဖ္ေအဖလား၊ ပရီးမီးယားလိဂ္၊ ခ်န္ပီယံရွစ္၊ လိဂ္ဝမ္း၊ လိဂ္တူး အစရွိတဲ့ ပရိုျပိဳင္ပြဲေတြအျပင္ အက္ဖ္ေအ အမ်ိဳးသမီး စူပါလိဂ္၊ အက္ဖ္ေအ အမ်ိဳးသမီး ခ်န္ပီယံရွစ္ ျပိဳင္ပြဲေတြ အားလံုးဟာ အေစာဆံုးအျဖစ္ ဧျပီလ ၃ ရက္ေန႔ထိ ရပ္နားဖို႔ သေဘာတူညီလိုက္တာပါ။

ဒီျပိဳင္ပြဲေတြထဲမွာေတာ့ စီနီယာအဆင့္ ျပိဳင္ပြဲေတြအျပင္ သက္တမ္းအလိုက္ လူငယ္နဲ႔ အကယ္ဒမီဆုိင္ရာ ျပိဳင္ပြဲေတြအားလံုး ပါဝင္သြားမွာျဖစ္ပါတယ္။ ဒီအပတ္ ပြဲကေနစျပီး ရပ္နားမွာျဖစ္ပါတယ္။

အေစာပိုင္းတုန္းကပဲ ေနာက္အပတ္မွာ ယွဥ္ၿပိဳင္ကစားမယ့္ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္ ၿပိဳင္ပြဲေတြ အားလုံးကို ေ႐ႊ႕ဆိုင္းလိုက္ပါၿပီ။ ဥေရာပျပိဳင္ပြဲေတြကိုေတာ့ ဘယ္အခ်ိန္ထိ ဆက္ပိတ္မလဲဆိုတာ မသိရေသးပါဘူး။

ပရီးမီးယားလိဂ္မွာ လက္စတာအသင္းက စီနီယာအသင္းသား သံုးဦး ကိုရိုနာသံသရ ရွိခဲ့ျပီး ခ်ယ္ဆီးမွ အိုဒိြဳင္းနဲ႔ အာဆင္နယ္မန္ေနဂ်ာ အာတီတာအျပင္ မန္စီးတီးမွ မန္ဒီကိုလည္း သံသယလူနာအျဖစ္ ေစာင့္ၾကည့္မွာျဖစ္ျပီး ဘုန္းေမာက္အသင္းသား တစ္ဦးပါ ကိုရိုနာ သံသယ ရွိခဲ့တာပါ။

မၾကာေသးခင္ကပဲ လီဗာပူးအေျခစိုက္ အဲဗာတန္ကပါ တစ္သင္းလံုးကို ကိုရိုနာ စစ္ေဆးမႈေတြ ျပဳလုပ္မွာျဖစ္လို႔ ဒီအပတ္ မာေဆးဆိုဒ္ဒါဘီကို ယွဥ္ျပိဳင္ ကစားဖို႔ မရွိေၾကာင္းကိုလည္း သတင္းထုတ္ျပန္ ထားခဲ့ျပီး ျဖစ္ပါတယ္။