ပရီးမီးယားလိဂ် တာဝန်ရှိသူတွေ အရေးပေါ် အစည်းအဝေး လုပ်နေပြီး လိဂ်ကို ရွေ့ဆိုင်းမည်

သောကြာနေ့ မနက်မှာပဲ ပရီးမီးယားလိဂ်က ကလပ်အသင်းတွေကို အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပြီး ရှေ့လာမယ့် ပွဲတွေအတွက် ဆွေးနွေးမှုကို စတင်ခဲ့ပြီဖြစ်ပါတယ်။

ချယ်ဆီးအသင်းသား အိုဒွိုင်းနဲ့ အာဆင်နယ်မန်နေဂျာ အာတီတာတို့ကိုယ်တိုင် ကိုရိုနာ ကူးစက်ခံနေရတဲ့နောက် ပရီးမီးယားလိဂ်က အာဏာပိုင်တွေရဲ့ လမ်းညွှန်မှုကို လိုက်နာဖို့ စတင် စီစဉ်လာတာပါ။ အဆိုပါ ကလပ်နှစ်သင်းရဲ့ အသင်းသားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ သံသယလူနာတွေအဖြစ် စောင့်ကြည့်ခံရမှာ ဖြစ်ပါတယ်။

အာဆင်နယ်ဘက်က အာတီတာ ကိုရိုနာဖြစ်ကြောင်းကို စာထုတ်ပြန်ခဲ့ပြီး စပိန်သားကတော့ ” တကယ်ကို စိတ်ပျက်စရာပါပဲ။ ဒါပေမယ့် ခံစားမှုမကောင်းတာကြောင့် စစ်ဆေးမှုတွေ ခံယူခဲ့ပြီး ခွင့်ပြုတာနဲ့ တစ်ပြိုင်နက် အလုပ်တွေ စလုပ်သွားမှာပါ ” လို့ ဆိုခဲ့တယ်။

ပရီးမီးယားလိဂ်ကလည်း ” အာဆင်နယ်အသင်း မန်နေဂျာ အာတီတာမှာ ကိုဗစ်-၁၉ တွေ့ရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့တာကို ၎င်းတို့ဘက်က အတည်ပြု ကြေညာခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဟာ အရေးပေါ် အစည်းအဝေး ပြုလုပ်ပြီး ပွဲစဉ်တွေနဲ့ စပ်လျဉ်းလို့ အဖြေရှာသွားမှာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဥရောပပြိုင်ပွဲ အများအပြားဟာ ကွင်းပိတ်ပွဲတွေကို ယှဉ်ပြိုင်နေကြတာဖြစ်ပေမယ့် ဆိုးရွားလာတဲ့ အနေအထားအရ ပရီးမီးယားလိဂ်ဟာ ပွဲစဉ်တွေကို သီတင်းပတ် အနည်းငယ် ရပ်နားတာမျိုးကို ပြုလုပ်ဖို့ ဆွေးနွေးသွားတော့မှာ ဖြစ်ပါတယ်။

ZAWGYI

ေသာၾကာေန႔ မနက္မွာပဲ ပရီးမီးယားလိဂ္က ကလပ္္္အသင္းေတြကို အေရးေပၚ အစည္းအေဝး ေခၚယူခဲ့ျပီး ေရွ႔လာမယ့္ ပြဲေတြအတြက္ ေဆြးေႏြးမႈကို စတင္ခဲ့ျပီျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းသား အိုဒိြဳင္းနဲ႔ အာဆင္နယ္မန္ေနဂ်ာ အာတီတာတို႔ကိုယ္တိုင္ ကိုရိုနာ ကူးစက္ခံေနရတဲ့ေနာက္ ပရီးမီးယားလိဂ္က အာဏာပိုင္ေတြရဲ႕ လမ္းညႊန္မႈကို လိုက္နာဖို႔ စတင္ စီစဥ္လာတာပါ။ အဆိုပါ ကလပ္ႏွစ္သင္းရဲ႕ အသင္းသားေတြနဲ႔ နည္းျပအဖြဲ႔ဝင္ေတြဟာ သံသယလူနာေတြအျဖစ္ ေစာင့္ၾကည့္ခံရမွာ ျဖစ္ပါတယ္။

အာဆင္နယ္ဘက္က အာတီတာ ကိုရိုနာျဖစ္ေၾကာင္းကို စာထုတ္ျပန္ခဲ့ျပီး စပိန္သားကေတာ့ ” တကယ္ကို စိတ္ပ်က္စရာပါပဲ။ ဒါေပမယ့္ ခံစားမႈမေကာင္းတာေၾကာင့္ စစ္ေဆးမႈေတြ ခံယူခဲ့ျပီး ခြင့္ျပဳတာနဲ႔ တစ္ျပိဳင္နက္ အလုပ္ေတြ စလုပ္သြားမွာပါ ” လို႔ ဆိုခဲ့တယ္။

ပရီးမီးယားလိဂ္ကလည္း ” အာဆင္နယ္အသင္း မန္ေနဂ်ာ အာတီတာမွာ ကိုဗစ္-၁၉ ေတြ႔ရွိေၾကာင္း စစ္ေဆး ေတြ႔ရွိခဲ့တာကို ၄င္းတို႔ဘက္က အတည္ျပဳ ေၾကညာခဲ့ပါတယ္။ ပရီးမီးယားလိဂ္ဟာ အေရးေပၚ အစည္းအေဝး ျပဳလုပ္ျပီး ပြဲစဥ္ေတြနဲ႔ စပ္လ်ဥ္းလို႔ အေျဖရွာသြားမွာပါ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ဥေရာပျပိဳင္ပြဲ အမ်ားအျပားဟာ ကြင္းပိတ္ပြဲေတြကို ယွဥ္ျပိဳင္ေနၾကတာျဖစ္ေပမယ့္ ဆိုးရြားလာတဲ့ အေနအထားအရ ပရီးမီးယားလိဂ္ဟာ ပြဲစဥ္ေတြကို သီတင္းပတ္ အနည္းငယ္ ရပ္နားတာမ်ိဳးကို ျပဳလုပ္ဖို႔ ေဆြးေႏြးသြားေတာ့မွာ ျဖစ္ပါတယ္။