ကိုရိုနာ ရိုက်ခတ်မှုများ ပါဝင်တဲ့ သောကြာနေ့ ပရီးမီးယားလိဂ်သတင်းများ

အာဆင်နယ်အသင်း နည်းပြ အာတီတာက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရာကြောင်း အသင်းဘက် က အတည်ပြု သတင်း ထုတ်ပြန်သွားပါတယ်။ ဒါကြောင့် အသင်းပွဲစဉ်တွေမှာ ပါဝင်ကြီးကြပ်နိုင်မှာ မဟုတ်တော့တဲ့ အပြင် အာဆင်နယ်အသင်းသားတွေကိုလည်း သီးခြား စောင့်ကြည့်မှုတွေ ပြုလုပ်တော့မှာပါ။

အာဆင်နယ်အသင်းသားတွေရဲ့ သီးခြား စောင့်ကြည့်ခံရမှု နှစ်ပတ်တာ ကာလဟာ မတ် ၂၄ မှ ပြီးဆုံးမှာ ဖြစ်ပြီး အသင်းကြီး အဖွဲ့ဝင်တွေ အားလုံး ပါဝင်မယ်လို့ သိရပါတယ်။

အာတီတာ သတင်းမထွက်ခင်မှာ ပရီးမီးယားလိဂ်က ပွဲစဉ်တွေကို ဆက်လက် ကျင်းပမယ် သတင်းထုတ်ပြန်ထားပေမယ့် အခုလို အပြောင်းအလဲ ဖြစ်လာတာကြောင့် သောကြာနေ့မှာ ထပ်မံပြီး အရေးကြီး အစည်းအဝေးခေါ်ကာ ပြိုင်ပွဲကို ရပ်နားဖို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းမှ တောင်ပံတိုက်စစ်သမား အိုဒွိုင်းလည်း ကိုရိုနာ ဗိုင်းရပ်စ် ရှိနေကြောင်း အတည်ပြု သတင်း ထွက်လာပါတယ်။ ချယ်ဆီး အသင်းသားတွေဟာ ထရိန်နင်ကနေ ပြန်လွှတ်ခံခဲ့ရပြီး ဆက်လက် စစ်ဆေးမှုတွေ ပြုလုပ်သွားဖို့ ရှိကြောင်း သိရပါတယ်။

အိုဒွိုင်းဟာ ဒဏ်ရာကနေ သက်သာဆဲ ဖြစ်လို့ အသင်းမှာ ပါဝင်မကစားခဲ့ပေမယ့် ၎င်းနည်းတူ ဒဏ်ရာရှိ ကစားသမား ပူလီဆစ်နဲ့ အတူ လေ့ကျင့်မှုတွေ ရှိထားပါတယ်။ ဒါကြောင့် ကစားသမား အားလုံး လောလောဆယ် သီးခြားနေထိုင်စေမှုနဲ့ စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။

UEFA ကလည်း ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပွဲစဉ်များ ရပ်နားဖို့ အစည်းအဝေး ပြုလုပ်သွားဖို့ ရှိနေပါတယ်။ လောလောဆယ်ထိတော့ မန်စီးတီး Vs ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ် Vs လိုင်ယွန် ပွဲများ ရွှေ့ဆိုင်းထားပါတယ်။

ဂယ်ရီနဗီးလ်ကတော့ ပရီးမီးယားလိဂ်ဟာ ပွဲရွှေ့တာ ပြိုင်ပွဲရပ်တာ ဆုံးဖြတ်ချက်တွေ ချဖို့ အတွက် ပရီးမီးယားလိဂ် အသင်း မန်နေဂျာ တစ်ယောက် ဗိုင်းရပ်စ် ကူးစက်ခံရသည်ထိ နှောင့်နှေးနေတဲ့ အပေါ် ပြစ်တင်ဝေဖန်သွားပါတယ်။

Zawgyi – အာဆင္နယ္အသင္း နည္းျပ အာတီတာက ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံေနရာေၾကာင္း အသင္းဘက္ က အတည္ျပဳ သတင္း ထုတ္ျပန္ သြားပါတယ္။ ဒါေၾကာင့္ အသင္းပြဲစဥ္ေတြမွာ ပါ၀င္ၾကီးၾကပ္နိုင္မွာ မဟုတ္ေတာ့တဲ့ အျပင္ အာဆင္နယ္အသင္းသားေတြကိုလည္း သီးျခား ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေတာ့မွာပါ။

အာဆင္နယ္အသင္းသားေတြရဲ႕ သီးျခား ေစာင့္ၾကည့္ခံရမႈ နွစ္ပတ္တာ ကာလဟာ မတ္ ၂၄ မွ ျပီးဆံုးမွာ ျဖစ္ျပီး အသင္းၾကီး အဖြဲ႕၀င္ေတြ အားလံုး ပါ၀င္မယ္လို႔ သိရပါတယ္။

အာတီတာ သတင္းမထြက္ခင္မွာ ပရီးမီးယားလိဂ္က ပြဲစဥ္ေတြကို ဆက္လက္ က်င္းပမယ္ သတင္းထုတ္ျပန္ထားေပမယ့္ အခုလို အေျပာင္းအလဲ ျဖစ္လာတာေၾကာင့္ ေသာၾကာေန႔မွာ ထပ္မံျပီး အေရးၾကီး အစည္းအေ၀းေခၚကာ ျပိဳင္ပြဲကို ရပ္နားဖို႔ ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းမွ ေတာင္ပံတိုက္စစ္သမား အိုဒြိဳင္းလည္း ကိုရိုနာ ဗိုင္းရပ္စ္ ရွိေနေၾကာင္း အတည္ျပဳ သတင္း ထြက္လာပါတယ္။ ခ်ယ္ဆီး အသင္းသားေတြဟာ ထရိန္နင္ကေန ျပန္လႊတ္ခံခဲ့ရျပီး ဆက္လက္ စစ္ေဆးမႈေတြ ျပဳလုပ္သြားဖို႔ ရွိေၾကာင္း သိရပါတယ္။

အိုဒြိဳင္းဟာ ဒဏ္ရာကေန သက္သာဆဲ ျဖစ္လို႔ အသင္းမွာ ပါ၀င္မကစားခဲ့ေပမယ့္ ၄င္းနည္းတူ ဒဏ္ရာရွိ ကစားသမား ပူလီဆစ္နဲ႕ အတူ ေလ့က်င့္မႈေတြ ရွိထားပါတယ္။ ဒါေၾကာင့္ ကစားသမား အားလံုး ေလာေလာဆယ္ သီးျခားေနထိုင္ေစမႈနဲ႔ ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနပါတယ္။

UEFA ကလည္း ခ်န္ပီယံလိဂ္နဲ႕ ယူရိုပါလိဂ္ ပြဲစဥ္မ်ား ရပ္နားဖို႔ အစည္းအေ၀း ျပဳလုပ္သြားဖို႔ ရွိေနပါတယ္။ ေလာေလာဆယ္ထိေတာ့ မန္စီးတီး Vs ရီးရဲလ္မက္ဒရစ္၊ ဂ်ဴဗင္တပ္ Vs လိုင္ယြန္ ပြဲမ်ား ေရႊ႕ဆိုင္းထားပါတယ္။

ဂယ္ရီနဗီးလ္ကေတာ့ ပရီးမီးယားလိဂ္ဟာ ပြဲေရႊ႕တာ ျပိဳင္ပြဲရပ္တာ ဆံုးျဖတ္ခ်က္ေတြ ခ်ဖို႔ အတြက္ ပရီးမီးယားလိဂ္ အသင္း မန္ေနဂ်ာ တစ္ေယာက္ ဗိုင္းရပ္စ္ ကူးစက္ခံရသည္ထိ ေနွာင့္ေႏွးေနတဲ့ အေပၚ ျပစ္တင္ေ၀ဖန္သြားပါတယ္။