ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းမှ ကစားသမား ၃ဦး ကိုရိုနာဗိုင်းရပ်စ် လက္ခဏာများ စတင်

အမည် အတည်ပြု ဖော်ပြနိုင်ခြင်း မရှိသေးတဲ့ ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းဟာ ဒီနေ့ တစ်သင်းလုံး ကိုရိုနာဗိုင်းရပ်စ် ရှိ မရှိ ဆေးစစ်မှု ခံယူထားတယ်လို့ သိရပါတယ်။ ဆေးစစ်ထားတဲ့ ရလဒ်များကတော့ မနက်ဖြန်မှာ သိရမှာပါ။

ထိုအသင်းက ကစားသမား သုံးဦးမှာ ကိုရိုနာဗိုင်းရပ်စ် လက္ခဏာများ စတင် ဖြစ်ပွားလာတာကြောင့် တစ်သင်းလုံး ချက်ချင်း စစ်ဆေးမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။

ကလပ်အသင်းရဲ့ စီနီယာအသင်းသားထဲမှ တစ်ဦးက ပထမဆုံး ကိုရိုနာ လက္ခဏာများ စတင် ဖြစ်ပေါ်လာခဲ့တာကြောင့် သူ့ကိုယ်သူ ချက်ချင်း သီးခြားနေကာ ကုသမှု ခံယူခဲ့ပါတယ်။ ၎င်း အနည်းငယ် သက်သာလာချိန်မှာပဲ နောက်ဆက်တွဲ အသင်းဖော် နှစ်ဦးကပါ အလားတူ အခြေအနေများ ဖြစ်လာတာကြောင့် ကစားသမား အားလုံးကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ကစားသမား အားလုံးကိုလည်း အသင်းမှာ စုဝေးမနေစေဘဲ အိမ်ပြန်စေလွှတ်လိုက်တယ်လို့ တယ်လီဂရပ်ဖ် သတင်းဌာနမှာ ဖော်ပြထားပါတယ်။ တကယ်လို့ မနက်ဖြန် ဆေးစစ်တဲ့ ရလဒ်ထွက်ပေါ်လာလို့ ကိုရိုနာဗိုင်းရပ်စ် ရှိသူတွေ ရှိနေရင် ဒီတစ်ပတ် ထိုအသင်းရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်က သေချာပေါက် ပယ်ဖျက်ခံရမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ ကွင်းပိတ်ပွဲစဉ်များ ဆက်လက် ကျင်းပဖို့ထက် ပြိုင်ပွဲ ရပ်နားဖို့ ဖိအားကြီးများစွာ ရှိနေပြီး အခုလို ဖြစ်ရပ်မျိုး ထွက်ပေါ်လာတာက အကြီးမားဆုံး တပ်လှန့်မှုလည်း ဖြစ်ကာ ပြိုင်ပွဲနားသွားဖို့ များနေပါတယ်။

နောက်ဆက်တွဲ သတင်းများအရ ထိုအသင်းဟာ လက်စတာအသင်း ဖြစ်တယ်လို့ သိရပါတယ်။ လက်စတာနည်းပြ ဘရန်ဒန် ရော်ဂျာ ကိုယ်တိုင်က အသင်း ကစားသမား အချို့မှာ ကိုရိုနာဗိုင်းရပ်စ် လက္ခဏာ ပြသနေကြောင်း ဝန်ခံလိုက်ပြီး ထို ကစားသမားများကို အခြားအသင်းသားတွေနဲ့ ခွဲထားလိုက်ပြီလို့ ပြောကြားခဲ့ပါတယ်။

Zawgyi – အမည္ အတည္ျပဳ ေဖာ္ျပနုိင္ျခင္း မရွိေသးတဲ့ ပရီးမီးယားလိဂ္ ကလပ္အသင္း တစ္သင္းဟာ ဒီေန႔ တစ္သင္းလံုး ကိုရိုနာဗိုင္းရပ္စ္ ရွိ မရွိ ေဆးစစ္မႈ ခံယူထားတယ္လို႔ သိရပါတယ္။ ေဆးစစ္ထားတဲ့ ရလဒ္မ်ားကေတာ့ မနက္ျဖန္မွာ သိရမွာပါ။

ထိုအသင္းက ကစားသမား သံုးဦးမွာ ကိုရိုနာဗိုင္းရပ္စ္ လကၡဏာမ်ား စတင္ ျဖစ္ပြားလာတာေၾကာင့္ တစ္သင္းလံုး ခ်က္ခ်င္း စစ္ေဆးမႈ ခံယူခဲ့ရတာ ျဖစ္ပါတယ္။

ကလပ္အသင္းရဲ႕ စီနီယာအသင္းသားထဲမွ တစ္ဦးက ပထမဆံုး ကိုရိုနာ လကၡဏာမ်ား စတင္ ျဖစ္ေပၚလာခဲ့တာေၾကာင့္ သူ႔ကိုယ္သူ ခ်က္ခ်င္း သီးျခားေနကာ ကုသမႈ ခံယူခဲ့ပါတယ္။ ၄င္း အနည္းငယ္ သက္သာလာခ်ိန္မွာပဲ ေနာက္ဆက္တြဲ အသင္းေဖာ္ နွစ္ဦးကပါ အလားတူ အေျခအေနမ်ား ျဖစ္လာတာေၾကာင့္ ကစားသမား အားလံုးကို စစ္ေဆးခဲ့တာ ျဖစ္ပါတယ္။

ကစားသမား အားလံုးကိုလည္း အသင္းမွာ စုေ၀းမေနေစဘဲ အိမ္ျပန္ေစလႊတ္လိုက္တယ္လို႔ တယ္လီဂရပ္ဖ္ သတင္းဌာနမွာ ေဖာ္ျပထားပါတယ္။ တကယ္လို႔ မနက္ျဖန္ ေဆးစစ္တဲ့ ရလဒ္ထြက္ေပၚလာလို႔ ကိုရိုနာဗိုင္းရပ္စ္ ရွိသူေတြ ရွိေနရင္ ဒီတစ္ပတ္ ထိုအသင္းရဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္က ေသခ်ာေပါက္ ပယ္ဖ်က္ခံရမွာ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ဟာ ကြင္းပိတ္ပြဲစဥ္မ်ား ဆက္လက္ က်င္းပဖို႔ထက္ ျပိဳင္ပြဲ ရပ္နားဖို႔ ဖိအားၾကီးမ်ားစြာ ရွိေနျပီး အခုလို ျဖစ္ရပ္မ်ိဳး ထြက္ေပၚလာတာက အၾကီးမားဆံုး တပ္လွန္႔မွဳလည္း ျဖစ္ကာ ျပိဳင္ပြဲနားသြားဖို႔ မ်ားေနပါတယ္။

ေနာက္ဆက္တဲြ သတင္းမ်ားအရ ထိုအသင္းဟာ လက္စတာအသင္း ျဖစ္တယ္လို႔ သိရပါတယ္။ လက္စတာနည္းျပ ဘရန္ဒန္ ေရာ္ဂ်ာ ကိုယ္တိုင္က အသင္း ကစားသမား အခ်ိဳ႕မွာ ကုိရိုနာဗိုင္းရပ္စ္ လကၡဏာ ျပသေနေၾကာင္း ၀န္ခံလိုက္ျပီး ထို ကစားသမားမ်ားကို အျခားအသင္းသားေတြနဲ႕ ခြဲထားလိုက္ျပီလို႔ ေျပာၾကားခဲ့ပါတယ္။