စီနီယာအဆင့်ကို ရောက်ဖို့ မူရင်းနေရာကနေ ပြောင်းကစားခဲ့ရမှုကို ရှင်းပြတဲ့ ထရန့်

လီဗာပူးညာအစွန်လူ ထရန့် အလက်ဇန္ဒား-အာနိုးက သူဟာ စီနီယာအသင်းကို ရောက်လာဖို့ အကယ်ဒမီ ကစားသမားဘဝမှာ မူလ ကစားတဲ့ နေရာကနေ နေရာချိန်းကစားခဲ့ရပါတယ်လို့ ဝန်ခံလိုက်ပါတယ်။

အကယ်ဒမီ ကစားသမားဘဝတုန်းက ထရန့်ဟာ ကွင်းလယ်လူနေရာကို အဓိက ကစားခဲ့သူဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ စီနီယာအဆင့်ကို ရောက်နိုင်ဖို့ တိုးတက်မှု ပိုမို မြန်ဆန် လွယ်ကူမယ့် နေရာအဖြစ် ညာအစွန်လူနေရာကို ပြောင်းကစားခဲ့ပြီး အဆိုပါနေရာကနေပဲ စီနီယာအဆင့်ကို ရောက်လာခဲ့ကာ လက်ရှိ အချိန်ထိ ကစားနေတာ ဖြစ်ပါတယ်။

ထရန့်ကပဲ ” နေရာပြောင်းကစားဖို့ ဘယ်သူတွေက အဆုံးအဖြတ်ပေးလဲဆိုရင် ကျနော် ကိုယ်တိုင်ရယ် လူငယ်နည်းပြ နေးခရစ်ချ်လေ (လက်ရှိ ဘလက်ပူးမန်နေဂျာ) နဲ့ အကယ်ဒမီ ဒါရိုက်တာ အဲလက်စ်တို့ ဖြစ်ပါတယ် ” လို့ ရှင်းပြခဲ့ပါတယ်။

” နေးခရစ်ချ်လေက ကျနော်ရဲ့ ယူ-၁၈ အသင်း မန်နေဂျာပါ။ အဲလက်စ်ကတော့ အကယ်ဒမီ အကြီးအကဲဖြစ်ပါတယ်။ ဖြစ်နိုင်သလောက် ပထမအသင်းထံ ခပ်မြန်မြန် ရောက်လိုတော့ ကျနေ်ာတို့က အမြန်ဆုံး ရောက်နိုင်မယ့် နည်းလမ်းကို ရွေးချယ် ဆုံးဖြတ်ခဲ့တာပေါ့။

အစွန်နေရာကနေ အသားကျဖို့ အစတုန်းကတော့ ခက်ခဲ့ပါတယ်။ တစ်ဘက်ကွင်းထိပ်ထိ တက်ပြီး ကစားရသလို ခံစစ်ပိုင်း ကာကွယ်မှုတွေကိုလည်း လုပ်ရသေးတာလေ။ ခံစစ် ကာကွယ်ရတာက အခက်ဆုံးပါပဲ။ တစ်ဦးချင်း အနေအထားတွေမှာ တောင်ပံထိ ထွက်ကစားရပြီး ဘယ်သူမှလည်း အကူအညီပေးလို့ မရဘူး။

ညာအစွန်နေရာမှာ တိုက်စစ်ကို ပိုမိုလွတ်လပ်စွာ ကစားနိုင်တာကို ကျနော် အမြဲတမ်း ပျော်မိပါတယ်။ ကွင်းလယ်ထက်တော့ ပိုပြီး ပရမ်းပတာနိုင်ပါတယ်။ အခုချိန်မှာ ကျနေ်ာ ကွင်းလယ်မှာ ကစားခဲ့တုန်းကထက် ဘောလုံးကို ပိုရလာနေပါပြီ။ ဖြစ်နိုင်သလောက် ကွင်းပေါ်မှာ လွှမ်းမိုးမှုရှိအောင် ကြိုးစားပြီး ကစားရတာပေါ့။

ပွဲတွေထဲ သွားရောက်တဲ့အခါ အစွန်နေရာကို ဆွဲမက်ဖို့ကောင်းတဲ့ နေရာဖြစ်အောင် မလုပ်လိုပါဘူး။ လူအများအပြားက အစွန်နေရာက ဘယ်လောက်တောင် အရေးပါသလဲဆိုတာ သိပြီးသားပါ။ ကွင်းတစ်ခြမ်းကို အတက်အဆင်းလုပ်ပြီး အခွင့်အရေးတွေ ဖန်တီးရတယ် ခံစစ်ကာကွယ်မှုတွေ လုပ်ရတယ်။ ကျနော် ကစားပုံက စွဲမက်ဖို့ကောင်းတယ် မကောင်းဘူးဆိုတာထက် အသင်း အနိုင်ရအောင်ပဲ ကြိုးစားပေးလိုပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ညာအစွန်မှာ ကစားသမား လိုအပ်ချက်အရ ခေါ်ယူအသုံးပြုရင်း စီနီယာအဆင့်ကို စတင် ခြေလှမ်းစနိုင်ခဲ့တဲ့ ထရန့်ဟာ လက်ရှိမှာတော့ လီဗာပူးရဲ့ မရှိမဖြစ် ကစားသမားတစ်ဦးနဲ့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ညာအစွန်လူ ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးညာအစြန္လူ ထရန္႔ အလက္ဇႏၵား-အာႏိုးက သူဟာ စီနီယာအသင္းကို ေရာက္လာဖို႔ အကယ္ဒမီ ကစားသမားဘဝမွာ မူလ ကစားတဲ့ ေနရာကေန ေနရာခ်ိန္းကစားခဲ့ရပါတယ္လို႔ ဝန္ခံလိုက္ပါတယ္။

အကယ္ဒမီ ကစားသမားဘဝတုန္းက ထရန္႔ဟာ ကြင္းလယ္လူေနရာကို အဓိက ကစားခဲ့သူျဖစ္တယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာ စီနီယာအဆင့္ကို ေရာက္ႏုိင္ဖို႔ တိုးတက္မႈ ပိုမို ျမန္ဆန္ လြယ္ကူမယ့္ ေနရာအျဖစ္ ညာအစြန္လူေနရာကို ေျပာင္းကစားခဲ့ျပီး အဆိုပါေနရာကေနပဲ စီနီယာအဆင့္ကို ေရာက္လာခဲ့ကာ လက္ရွိ အခ်ိန္ထိ ကစားေနတာ ျဖစ္ပါတယ္။

ထရန္႔ကပဲ ” ေနရာေျပာင္းကစားဖို႔ ဘယ္သူေတြက အဆံုးအျဖတ္ေပးလဲဆိုရင္ က်ေနာ္ ကိုယ္တိုင္ရယ္ လူငယ္နည္းျပ ေနးခရစ္ခ်္ေလ (လက္ရွိ ဘလက္ပူးမန္ေနဂ်ာ) နဲ႔ အကယ္ဒမီ ဒါရိုက္တာ အဲလက္စ္တို႔ ျဖစ္ပါတယ္ ” လို႔ ရွင္းျပခဲ့ပါတယ္။

” ေနးခရစ္ခ်္ေလက က်ေနာ္ရဲ႕ ယူ-၁၈ အသင္း မန္ေနဂ်ာပါ။ အဲလက္စ္ကေတာ့ အကယ္ဒမီ အၾကီးအကဲျဖစ္ပါတယ္။ ျဖစ္ႏုိင္သေလာက္ ပထမအသင္းထံ ခပ္ျမန္ျမန္ ေရာက္လိုေတာ့ က်ေန္ာတို႔က အျမန္ဆံုး ေရာက္ႏိုင္မယ့္ နည္းလမ္းကို ေရြးခ်ယ္ ဆံုးျဖတ္ခဲ့တာေပါ့။

အစြန္ေနရာကေန အသားက်ဖို႔ အစတုန္းကေတာ့ ခက္ခဲ့ပါတယ္။ တစ္ဘက္ကြင္းထိပ္ထိ တက္ျပီး ကစားရသလို ခံစစ္ပိုင္း ကာကြယ္မႈေတြကိုလည္း လုပ္ရေသးတာေလ။ ခံစစ္ ကာကြယ္ရတာက အခက္ဆံုးပါပဲ။ တစ္ဦးခ်င္း အေနအထားေတြမွာ ေတာင္ပံထိ ထြက္ကစားရျပီး ဘယ္သူမွလည္း အကူအညီေပးလို႔ မရဘူး။

ညာအစြန္ေနရာမွာ တိုက္စစ္ကို ပိုမိုလြတ္လပ္စြာ ကစားႏုိင္တာကို က်ေနာ္ အျမဲတမ္း ေပ်ာ္မိပါတယ္။ ကြင္းလယ္ထက္ေတာ့ ပိုျပီး ပရမ္းပတာႏုိင္ပါတယ္။ အခုခ်ိန္မွာ က်ေန္ာ ကြင္းလယ္မွာ ကစားခဲ့တုန္းကထက္ ေဘာလံုးကို ပိုရလာေနပါျပီ။ ျဖစ္ႏုိင္သေလာက္ ကြင္းေပၚမွာ လႊမ္းမိုးမႈရွိေအာင္ ၾကိဳးစားျပီး ကစားရတာေပါ့။

ပြဲေတြထဲ သြားေရာက္တဲ့အခါ အစြန္ေနရာကို ဆြဲမက္ဖို႔ေကာင္းတဲ့ ေနရာျဖစ္ေအာင္ မလုပ္လိုပါဘူး။ လူအမ်ားအျပားက အစြန္ေနရာက ဘယ္ေလာက္ေတာင္ အေရးပါသလဲဆိုတာ သိျပီးသားပါ။ ကြင္းတစ္ျခမ္းကို အတက္အဆင္းလုပ္ျပီး အခြင့္အေရးေတြ ဖန္တီးရတယ္ ခံစစ္ကာကြယ္မႈေတြ လုပ္ရတယ္။ က်ေနာ္ ကစားပံုက စြဲမက္ဖို႔ေကာင္းတယ္ မေကာင္းဘူးဆိုတာထက္ အသင္း အႏုိင္ရေအာင္ပဲ ၾကိဳးစားေပးလိုပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

ညာအစြန္မွာ ကစားသမား လိုအပ္ခ်က္အရ ေခၚယူအသံုးျပဳရင္း စီနီယာအဆင့္ကို စတင္ ေျခလွမ္းစႏုိင္ခဲ့တဲ့ ထရန္႔ဟာ လက္ရွိမွာေတာ့ လီဗာပူးရဲ႕ မရွိမျဖစ္ ကစားသမားတစ္ဦးနဲ႔ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ညာအစြန္လူ ျဖစ္လာခဲ့ျပီ ျဖစ္ပါတယ္။