ချန်ပီယံလိဂ် ဝင်ခွင့်ဆုံးရှုံးရင် Adidas ထံက ဝင်ငွေလျော့မှာ ဖြစ်ပေမယ့် အချီကြီးနာမှာ မဟုတ်တဲ့ ယူနိုက်တက်

ယူနိုက်တက်က ယူရိုပါလိဂ်မှာ တိုးတက်မှုကောင်းတွေနဲ့ ရှေ့ဆက်နေပြီး ပရီးမီးယားလိဂ်မှာလည်း တည်ငြိမ်မှု ရလာပြီ ဖြစ်တဲ့နောက် မန်စီးတီးရဲ့ ဥရောပ ဝင်ခွင့် ပိတ်ပင်ခံရတဲ့ အပြစ် အယူခံကို စောင့်မျှော်နေပါတယ်။ အဓိပ္ပါယ်ကတော့ ယူနိုက်တက်ဟာ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ယူရိုပါလိဂ် အပြင် ပြည်တွင်းလမ်းကြောင်းကပါ သေချာမှု ရှိစေချင်တာ ဖြစ်ပါတယ်။

နောက်ရာသီ ချန်ပီယံလိဂ် ကစားခွင့် အတွက် ယူနိုက်တက်မှာ ရှိတဲ့ လူကုန် အစွမ်းကုန် အားထုတ်နေတာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် မရရင် ယူနိုက်တက်ဟာ စပွန်ဆာ အဖြစ် လက်တွဲထားတဲ့ Adidas ထံက ရမယ့် နှစ်စဉ်ကြေးတွေ ဖြတ်တောက်ခံရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ချန်ပီယံလိဂ် ရည်မှန်းချက် မအောင်မြင်သည့်တိုင် ယူနိုက်တက်နဲ့ Adidas ကြား သဘောတူညီထားတဲ့ အချက်တွေထဲက ခြွင်းချက်တွေ အရ ဆုံးရှုံးမှုဟာ ဖော်ပြထားသလောက် မဆိုးဝါးနိုင်ဘူးလို့ သိရပါတယ်။

The Athletic သတင်းဌာန အဆိုအရတော့ ယူနိုက်တက်နဲ့ Adidas သဘောတူ စာချုပ်မှာ ကလပ်အသင်းက နှစ်ရာသီဆက် ချန်ပီယံလိဂ် ကစားခွင့် မရရင် ၎င်းတို့ နှစ်စဉ်ရမယ့် ပေါင် ၇၅ သန်းကနေ ၃၀ % ဖြတ်တောက်ခံရဖို့ ရှိပါတယ်။ ထို ပမာဏက ပေါင် ၂၂.၅ သန်းနဲ့ ညှီမျှပြီး ပြီးခဲ့တဲ့နှစ် ဝင်ငွေ ပေါင် ၆၂၇ သန်း ရခဲ့တဲ့ ယူနိုက်တက် အတွက် နည်းပါးတဲ့ပမာဏတော့ မဟုတ်ပါဘူး။

ဒါပေမယ့် ယူနိုက်တက်နဲ့ Adidas စာချုပ်မှာ ထိုသို့ ဖြတ်တောက်မှုတွေက တစ်ကြိမ်တည်းနဲ့ အကုန် ဖြတ်တာမျိုးတော့ မဟုတ်ပါဘူး။ Adidas နဲ့ စာချုပ်က ၁၀ နှစ် ချုပ်ဆိုခဲ့တာ ဖြစ်လို့ လက်ကျန် ငါးရာသီမှာ ယူနိုက်တက်က တစ်နှစ် ပေါင် ၄.၅ သန်း နှုန်းလောက်နဲ့ လျော့သွားမှာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ စွမ်းဆောင်ရည်ပိုင်းအရ သတ်မှတ်ချက်တွေနဲ့လည်း ဂျာစီရှပ် စပွန်ဆာ Chevrolet နဲ့ သဘောတူညီထားမှုတွေ ရှိပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်က စွမ်းဆောင်ရည်တွေနဲ့သာ သက်ဆိုင်မှာ ဖြစ်ပြီး ချန်ပီယံရှစ်ထိ တန်းဆင်းရမှသာ Chevrolet ထံက ရတဲ့ ဝင်ငွေတွေက လျှော့မှာ ဖြစ်ပါတယ်။

Zawgyi – ယူနုိက္တက္က ယူရိုပါလိဂ္မွာ တုိးတက္မႈေကာင္းေတြနဲ႕ ေရွ႕ဆက္ေနျပီး ပရီးမီးယားလိဂ္မွာလည္း တည္ျငိမ္မႈ ရလာျပီ ျဖစ္တဲ့ေနာက္ မန္စီးတီးရဲ႕ ဥေရာပ ၀င္ခြင့္ ပိတ္ပင္ခံရတဲ့ အျပစ္ အယူခံကို ေစာင့္ေမွ်ာ္ေနပါတယ္။ အဓိပၸါယ္ကေတာ့ ယူနိုက္တက္ဟာ ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ အတြက္ ယူရိုပါလိဂ္ အျပင္ ျပည္တြင္းလမ္းေၾကာငး္ကပါ ေသခ်ာမႈ ရွိေစခ်င္တာ ျဖစ္ပါတယ္။

ေနာက္ရာသီ ခ်န္ပီယံလိဂ္ ကစားခြင့္ အတြက္ ယူနိုက္တက္မွာ ရွိတဲ့ လူကုန္ အစြမ္းကုန္ အားထုတ္ေနတာ ျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ ၀င္ခြင့္ မရရင္ ယူနိုက္တက္ဟာ စပြန္ဆာ အျဖစ္ လက္တြဲထားတဲ့ Adidas ထံက ရမယ့္ နွစ္စဥ္ေၾကးေတြ ျဖတ္ေတာက္ခံရမွာ ျဖစ္ပါတယ္။

ဒါေပမယ့္ ခ်န္ပီယံလိဂ္ ရည္မွန္းခ်က္ မေအာင္ျမင္သည့္တိုင္ ယူနိုက္တက္နဲ႕ Adidas ၾကား သေဘာတူညီထားတဲ့ အခ်က္ေတြထဲက ျခြင္းခ်က္ေတြ အရ ဆံုးရွံဳးမႈဟာ ေဖာ္ျပထားသေလာက္ မဆိုး၀ါးနိုင္ဘူးလို႔ သိရပါတယ္။

The Athletic သတင္းဌာန အဆိုအရေတာ့ ယူနိုက္တက္နဲ႕ Adidas သေဘာတူ စာခ်ဳပ္မွာ ကလပ္အသင္းက နွစ္ရာသီဆက္ ခ်န္ပီယံလိဂ္ ကစားခြင့္ မရရင္ ၄င္းတို႔ နွစ္စဥ္ရမယ့္ ေပါင္ ၇၅ သန္းကေန ၃၀ % ျဖတ္ေတာက္ခံရဖို႔ ရွိပါတယ္။ ထို ပမာဏက ေပါင္ ၂၂.၅ သန္းနဲ႕ ညွီမွ်ျပီး ျပီးခဲ့တဲ့နွစ္ ၀င္ေငြ ေပါင္ ၆၂၇ သန္း ရခဲ့တဲ့ ယူနိုက္တက္ အတြက္ နည္းပါးတဲ့ပမာဏေတာ့ မဟုတ္ပါဘူး။

ဒါေပမယ့္ ယူနိုက္တက္နဲ႕ Adidas စာခ်ဳပ္မွာ ထိုသို႔ ျဖတ္ေတာက္မႈေတြက တစ္ၾကိမ္တည္းနဲ႕ အကုန္ ျဖတ္တာမ်ိဳးေတာ့ မဟုတ္ပါဘူး။ Adidas နဲ႕ စာခ်ဳပ္က ၁၀ နွစ္ ခ်ဳပ္ဆိုခဲ့တာ ျဖစ္လို႔ လက္က်န္ ငါးရာသီမွာ ယူနိုက္တက္က တစ္နွစ္ ေပါင္ ၄.၅ သန္း နႈန္းေလာက္နဲ႕ ေလ်ာ့သြားမွာ ျဖစ္ပါတယ္။

ယူနိုက္တက္ဟာ စြမး္ေဆာင္ရည္ပိုင္းအရ သတ္မွတ္ခ်က္ေတြနဲ႕လည္း ဂ်ာစီရွပ္ စပြန္ဆာ Chevrolet နဲ႕ သေဘာတူညီထားမႈေတြ ရွိပါတယ္။ ဒါေပမယ့္ ပရီးမီးယားလိဂ္က စြမ္းေဆာင္ရည္ေတြနဲ႕သာ သက္ဆိုင္မွာ ျဖစ္ျပီး ခ်န္ပီယံရွစ္ထိ တန္းဆင္းရမွသာ Chevrolet ထံက ရတဲ့ ၀င္ေငြေတြက ေလွ်ာ့မွာ ျဖစ္ပါတယ္။