အက်ဖ်အေပွဲမှာ မန်နေဂျာအာတီတာ စတင် မိတ်ဆက်ပေးမယ့် ဆယ်ကျော်သက် ဂန်းနားလေး

အာဆင်နယ်နဲ့ ချယ်ဆီးပွဲတုန်းက အရန်စာရင်းမှာ ပါဝင်ခဲ့တဲ့ လူငယ်ကစားသမားလေး ထရိုက်စီ ဂျွန်ရူးဟာ အဆိုပါ ပွဲတုန်းက အခွင့်အရေး မရခဲ့ပေမယ့် လာမယ့် ဝုဒ်နဲ့ အက်ဖ်အေပွဲမှာ နေရာရဖို့ ရှိနေပါတယ်။

အူဘာမီယန်နဲ့ လာကာဇက်တီတို့ ပွဲဆက်များနေသလို မာတင်နယ်လီ တံကောက်ကြော ဒဏ်ရာရနေတာကြောင့် လိဒ်နဲ့ ယှဉ်ပြိုင်ရမယ့် အက်ဖ်အေပွဲမှာ ထရိုက်စီက ပထမဆုံး စီနီယာပွဲထွက်ခွင့်ကို ရဖို့ ရှိနေတာပါ။ သူဟာ စီနီယာအသင်းနဲ့ လေ့ကျင့်ရေး ဆင်းမှုတွေ လုပ်ခဲ့သလို အရန်စာရင်းမှာ ပါဝင်မှုလည်း ရှိထားခဲ့သူဖြစ်ပါတယ်။

သောကြာနေ့က ဒါဘီ ယူ-၂၃ အသင်းနဲ့ ယှဉ်ပြိုင်တဲ့ပွဲမှာ ပါဝင်ခဲ့ပေမယ့်လည်း အစောပိုင်းတည်းက လူစားလဲခဲ့ရခြင်းကလည်း စီနီယာအသင်းထံ ခေါ်ယူဖို့ ဖြစ်နိုင်ပါတယ်။ သူဟာ အဆိုပါပွဲမှာ လူစားလဲခံရစဉ် မည်သည့် ဒဏ်ရာ ပြဿနာမှ ရှိမနေခဲ့တာဖြစ်ပါတယ်။

ထရိုက်စီဟာ ဒီရာသီ အစောပိုင်းတုန်းက ဒဏ်ရာပြဿနာ ရင်ဆိုင်ခဲ့ရပေမယ့် ပြန်လည် ကစားနိုင်ချိန်မှာ ကိုယ်တိုင် ၈ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၃ ကြိမ် လုပ်နိုင်ခဲ့တယ်။ ရာသီကြိုတုန်းက ဘိုဟမ်အသင်းနဲ့ပွဲမှာ ကိုယ်တိုင် ၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် တိုက်စစ်သမားဟာ ဘိုင်ယန်မြူးနစ်ပွဲမှာလည်း အနိုင်ဂိုးအတွက် ဖန်တီးမှု လုပ်ပေးနိုင်ခဲ့တာဖြစ်တယ်။

ချယ်ဆီးနဲ့ပွဲမှာတော့ တိုးတက်လာနေတဲ့ ထရိုက်စီကို မန်နေဂျာအာတီတာက အရန်စာရင်းထဲ ထည့်ခဲ့တာဖြစ်ပြီး တနင်္လာနေ့မှာ ယှဉ်ပြိုင်ရမယ့် လိဒ်နဲ့ အက်ဖ်အေပွဲမှာတော့ သူ့ကို ပွဲနေ့လူစာရင်းထဲ ထည့်သုံးပြီး ပထမဆုံး ပွဲထွက်ခွင့်ကို ပေးသွားဖွယ် ရှိနေပါတယ်။

ZAWGYI

အာဆင္နယ္နဲ႔ ခ်ယ္ဆီးပြဲတုန္းက အရန္စာရင္းမွာ ပါဝင္ခဲ့တဲ့ လူငယ္ကစားသမားေလး ထရိုက္စီ ဂၽြန္ရူးဟာ အဆိုပါ ပြဲတုန္းက အခြင့္အေရး မရခ့ဲေပမယ့္ လာမယ့္ ဝုဒ္နဲ႔ အက္ဖ္ေအပြဲမွာ ေနရာရဖို႔ ရွိေနပါတယ္။

အူဘာမီယန္နဲ႔ လာကာဇက္တီတို႔ ပြဲဆက္မ်ားေနသလို မာတင္နယ္လီ တံေကာက္ေၾကာ ဒဏ္ရာရေနတာေၾကာင့္ လိဒ္နဲ႔ ယွဥ္ျပိဳင္ရမယ့္ အက္ဖ္ေအပြဲမွာ ထရိုက္စီက ပထမဆံုး စီနီယာပြဲထြက္ခြင့္ကို ရဖို႔ ရွိေနတာပါ။ သူဟာ စီနီယာအသင္းနဲ႔ ေလ့က်င့္ေရး ဆင္းမႈေတြ လုပ္ခဲ့သလို အရန္စာရင္းမွာ ပါဝင္မႈလည္း ရွိထားခဲ့သူျဖစ္ပါတယ္။

ေသာၾကာေန႔က ဒါဘီ ယူ-၂၃ အသင္းနဲ႔ ယွဥ္ျပိဳင္တဲ့ပြဲမွာ ပါဝင္ခဲ့ေပမယ့္လည္း အေစာပိုင္းတည္းက လူစားလဲခဲ့ရျခင္းကလည္း စီနီယာအသင္းထံ ေခၚယူဖို႔ ျဖစ္ႏုိင္ပါတယ္။ သူဟာ အဆိုပါပြဲမွာ လူစားလဲခံရစဥ္ မည္သည့္ ဒဏ္ရာ ျပႆနာမွ ရွိမေနခဲ့တာျဖစ္ပါတယ္။

ထရိုက္စီဟာ ဒီရာသီ အေစာပိုင္းတုန္းက ဒဏ္ရာျပႆနာ ရင္ဆုိင္ခဲ့ရေပမယ့္ ျပန္လည္ ကစားႏုိင္ခ်ိန္မွာ ကိုယ္တိုင္ ၈ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၃ ၾကိမ္ လုပ္ႏုိင္ခဲ့တယ္။ ရာသီၾကိဳတုန္းက ဘိုဟမ္အသင္းနဲ႔ပြဲမွာ ကိုယ္တိုင္ ၂ ဂိုး သြင္းယူႏုိင္ခဲ့တဲ့ အသက္ ၁၈ ႏွစ္အရြယ္ တိုက္စစ္သမားဟာ ဘိုင္ယန္ျမဴးနစ္ပြဲမွာလည္း အႏုိင္ဂိုးအတြက္ ဖန္တီးမႈ လုပ္ေပးႏုိင္ခဲ့တာျဖစ္တယ္။

ခ်ယ္ဆီးနဲ႔ပြဲမွာေတာ့ တိုးတက္လာေနတဲ့ ထရိုက္စီကို မန္ေနဂ်ာအာတီတာက အရန္စာရင္းထဲ ထည့္ခဲ့တာျဖစ္ျပီး တနလၤာေန႔မွာ ယွဥ္ျပိဳင္ရမယ့္ လိဒ္နဲ႔ အက္ဖ္ေအပြဲမွာေတာ့ သူ႔ကို ပြဲေန႔လူစာရင္းထဲ ထည့္သံုးျပီး ပထမဆံုး ပြဲထြက္ခြင့္ကို ေပးသြားဖြယ္ ရွိေနပါတယ္။