အာဆင်နယ် အသင်းခေါင်းဆောင် နေရာနဲ့ ပတ်သတ်ပြီး ၎င်း အစီအစဉ်တွေကို အာတီတာ ဖွင့်ဟ

အာဆင်နယ် နည်းပြသစ် အာတီတာက ကလပ်အသင်း အတွက် ကစားသမားတွေထဲက ဦးစီးဦးဆောင် ပြုနိုင်တဲ့ ခေါင်းဆောင် ကစားသမားတွေ ရပ်တည်ပေးဖို့ လိုနေတယ်လို့ ယုံကြည်နေပေါတယ်။ ဒါပေမယ့် အသင်းခေါင်းဆောင် နေရာအတွက် အပြောင်းအလဲတွေကိုတော့ ထပ်လုပ်ဦးမှာ မဟုတ်ဘဲ တည်ငြိမ်မှုကို ပြသလိုကြောင်း ၎င်းရဲ့ အစီအစဉ်တွေကို ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အာတီတာက အသင်းခေါင်းဆောင် နေရာအတွက် ကလပ်အသင်းဘက်က ရှင်းလင်းစွာနဲ့ တည်ငြိမ်မှု ရအောင် လုပ်ဖို့က အသင်း ရှေ့ဆက် သွားဖို့ အရေးကြီးတယ်လို့ ယူဆထားတာပါ။

အာဆင်နယ်အသင်းရဲ့ လက်ရှိ အသင်းခေါင်းဆောင်ကတော့ တိုက်စစ်မှူး အူဘာမီယန်း ဖြစ်ပြီး အူဘာမတိုင်ခင်က ဇာခါ တာဝန်ယူခဲ့တာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာလက ပရိသတ်များနဲ့ အဆင်မပြေ ဖြစ်ခဲ့တာကြောင့် ဇာခါက အသင်းခေါင်းဆောင် လက်ပတ်ကို လက်လွှတ်ခဲ့ရပါတယ်။

အာတီတာကတော့ အသင်းခေါင်းဆောင် နေရာအတွက် အပြောင်းအလဲ ထပ်လုပ်ရင် ကလပ်အသင်းဟာ နောက်ထပ် မှန်ကန်တဲ့ ခေါင်းဆောင် ခန့်အပ်ဖို့အတွက် ဖိအားများကို ထပ်မံ ရင်ဆိုင်ရဦးမှာ ဖြစ်လို့ လုပ်ဆောင်ဦးမှာ မဟုတ်ကြောင်း အာတီတာက ဆိုခဲ့ပါတယ်။

” ကျနော်ကတော့ အသင်းခေါင်းဆောင် နေရာနဲ့ ပတ်သတ်ပြီး ဒိထက် ပိုပြီး တည်ငြိမ်မှု ပြသဖို့ လိုတယ် ထင်တယ်။ အသင်းမှာ ရှိတဲ့ ကစားသမားတွေနဲ့ ပရိသတ်တွေ အတွင် ရှင်းလင်းမြင်သာမှု ရှိစွာ လုပ်ဆောင်မှုတွေကို မြင်စေလိုတယ်။ အဲဒီလို ဖြစ်လာအောင်လည်း ကျနော်တို့ လုပ်ဆောင်နေပါတယ်။

အသင်းခေါင်းဆောင် တစ်ယောက် ဖြစ်ဖို့က အချက်တွေ များစွာလိုတယ်။ တချို့ အချက်တွေက ကျနေ်ာတို့ ထိန်းချုပ်ထားလို့ မရဘူး။ လောလောဆယ်တော့ အားလုံး အဆင်ပြေနေတာ ဖြစ်လို့ နောက်ထပ် ဆုံးဖြတ်ချက် လုပ်စရာ မလိုသေးဘူးလို့ မြင်တယ်။

ကျနော် က ကစားသမား လေး ငါးယောက် အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူတဲ့ ကလပ်အသင်းတွေမှာ ရှိဖူးတယ်။ ဒါကျ အသင်းခေါင်းဆောင် ဆိုတာထက် ခေါင်းဆောင် ကစားသမား အုပ်စုလိုပေါ့။ ဒါပေမယ့် အဆုံးမှာကျ ကွင်းထဲမှာ လက်ပတ် ဝတ်ဆင် ကစားတာ တစ်ယောက်ပဲ ရှိတယ်လေ။

ကျနေ်ာတို့မှာလည်း ခေါင်းဆောင် ကစားသမားတချို့ ရှိပါတယ်။ တချို့က ကွင်းထဲမှာ တချို့က ကွင်းပြင်မှာ ခေါင်းဆော်ငတွေ ဖြစ်တယ်။ တချို့က ကစားသမားတွေပေါ် လွှမ်းမိုးနိုင်ပြီး သိပ်လိုအပ်ရတဲ့သူမျိုး ဖြစ်တယ်။ ကျနေ်ာတို့ကတော့ အားလုံး အတူတကွ စည်းစည်းလုံးလုံး ရှိစေချင်တယ်။ ” လို့ အာတီတာက သုံးသပ် ပြောကြားခဲ့ပါတယ်။

အာဆင်နယ် ယခင်နည်းပြ အမ်မရီက ဒီရာသီမှာ ခေါင်းဆောင် ကစားသမားတွေ အဖြစ် အူဘာမီးယန်း၊ ဇာခါ၊ ဘယ်လာရင်၊ လာကာဇက်တီနဲ့ အိုဇေးတို့ ငါးဦးကို ရွေးချယ်ခဲ့ပြီး အသင်းခေါင်းဆောင် အဖြစ် ထိုထဲမှ ကစားသမားတွေကို မဲပေးစေခဲ့ရာ ဇာခါက ရွေးချယ်ခံရခြင်း ဖြစ်ပါတယ်။ ဇာခါ လက်ပတ်စွန့်ရချိန်မှာတော့ အူဘာမီးယန်းကို ဝင်ရောက် တာဝန်ယူစေခဲ့တာပါ။

Zawgyi – အာဆင္နယ္ နည္းျပသစ္ အာတီတာက ကလပ္အသင္း အတြက္ ကစားသမားေတြထဲက ဦးစီးဦးေဆာင္ ျပဳနုိင္တဲ့ ေခါင္းေဆာင္ ကစားသမားေတြ ရပ္တည္ေပးဖို႔ လိုေနတယ္လို႔ ယံုၾကည္ေနေပါတယ္။ ဒါေပမယ့္ အသင္းေခါင္းေဆာင္ ေနရာအတြက္ အေျပာင္းအလဲေတြကိုေတာ့ ထပ္လုပ္ဦးမွာ မဟုတ္ဘဲ တည္ျငိမ္မႈကို ျပသလိုေၾကာင္း ၄င္းရဲ႕ အစီအစဥ္ေတြကို ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။

အာတီတာက အသင္းေခါင္းေဆာင္ ေနရာအတြက္ ကလပ္အသင္းဘက္က ရွင္းလင္းစြာနဲ႕ တည္ျငိမ္မႈ ရေအာင္ လုပ္ဖို႔က အသင္း ေရွ႕ဆက္ သြားဖို႔ အေရးၾကီးတယ္လို႔ ယူဆထားတာပါ။

အာဆင္နယ္အသင္းရဲ႕ လက္ရွိ အသင္းေခါင္းေဆာင္ကေတာ့ တိုက္စစ္မွဴး အူဘာမီယန္း ျဖစ္ျပီး အူဘာမတိုင္ခင္က ဇာခါ တာ၀န္ယူခဲ့တာပါ။ ဒါေပမယ့္ ျပီးခဲ့တဲ့ ေအာက္တိုဘာလက ပရိသတ္မ်ားနဲ႕ အဆင္မေျပ ျဖစ္ခဲ့တာေၾကာင့္ ဇာခါက အသင္းေခါင္းေဆာင္ လက္ပတ္ကို လက္လႊတ္ခဲ့ရပါတယ္။

အာတီတာကေတာ့ အသင္းေခါင္းေဆာင္ ေနရာအတြက္ အေျပာင္းအလဲ ထပ္လုပ္ရင္ ကလပ္အသင္းဟာ ေနာက္ထပ္ မွန္ကန္တဲ့ ေခါင္းေဆာင္ ခန္႔အပ္ဖို႔အတြက္ ဖိအားမ်ားကို ထပ္မံ ရင္ဆိုင္ရဦးမွာ ျဖစ္လို႔ လုပ္ေဆာင္ဦးမွာ မဟုတ္ေၾကာင္း အာတီတာက ဆိုခဲ့ပါတယ္။

” က်ေနာ္ကေတာ့ အသင္းေခါင္းေဆာင္ ေနရာနဲ႕ ပတ္သတ္ျပီး ဒိထက္ ပိုျပီး တည္ျငိမ္မႈ ျပသဖို႔ လိုတယ္ ထင္တယ္။ အသင္းမွာ ရွိတဲ့ ကစားသမားေတြနဲ႕ ပရိသတ္ေတြ အတြင္ ရွင္းလင္းျမင္သာမႈ ရွိစြာ လုပ္ေဆာင္မႈေတြကို ျမင္ေစလိုတယ္။ အဲဒီလို ျဖစ္လာေအာင္လည္း က်ေနာ္တို႔ လုပ္ေဆာင္ေနပါတယ္။

အသင္းေခါင္းေဆာင္ တစ္ေယာက္ ျဖစ္ဖို႔က အခ်က္ေတြ မ်ားစြာလိုတယ္။ တခ်ိဳ႕ အခ်က္ေတြက က်ေန္ာတို႔ ထိန္းခ်ဳပ္ထားလို႔ မရဘူး။ ေလာေလာဆယ္ေတာ့ အားလံုး အဆင္ေျပေနတာ ျဖစ္လို႔ ေနာက္ထပ္ ဆံုးျဖတ္ခ်က္ လုပ္စရာ မလိုေသးဘူးလို႔ ျမင္တယ္။

က်ေနာ္ က ကစားသမား ေလး ငါးေယာက္ အသင္းေခါင္းေဆာင္ အျဖစ္ တာ၀န္ယူတဲ့ ကလပ္အသင္းေတြမွာ ရွိဖူးတယ္။ ဒါက် အသင္းေခါင္းေဆာင္ ဆိုတာထက္ ေခါင္းေဆာင္ ကစားသမား အုပ္စုလိုေပါ့။ ဒါေပမယ့္ အဆံုးမွာက် ကြင္းထဲမွာ လက္ပတ္ ၀တ္ဆင္ ကစားတာ တစ္ေယာက္ပဲ ရွိတယ္ေလ။

က်ေန္ာတို႔မွာလည္း ေခါင္းေဆာင္ ကစားသမားတခ်ိဳ႕ ရွိပါတယ္။ တခ်ိဳ႔က ကြင္းထဲမွာ တခ်ိဳ႕က ကြင္းျပင္မွာ ေခါင္းေဆာ္ငေတြ ျဖစ္တယ္။ တခ်ိဳ႔က ကစားသမားေတြေပၚ လႊမ္းမိုးနုိင္ျပီး သိပ္လိုအပ္ရတဲ့သူမ်ိဳး ျဖစ္တယ္။ က်ေန္ာတို႔ကေတာ့ အားလံုး အတူတကြ စည္းစည္းလံုးလံုး ရွိေစခ်င္တယ္။ ” လို႔ အာတီတာက သံုးသပ္ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ ယခင္နည္းျပ အမ္မရီက ဒီရာသီမွာ ေခါင္းေဆာင္ ကစားသမားေတြ အျဖစ္ အူဘာမီးယန္း၊ ဇာခါ၊ ဘယ္လာရင္၊ လာကာဇက္တီနဲ႕ အိုေဇးတို႔ ငါးဦးကို ေရြးခ်ယ္ခဲ့ျပီး အသင္းေခါင္းေဆာင္ အျဖစ္ ထိုထဲမွ ကစားသမားေတြကို မဲေပးေစခဲ့ရာ ဇာခါက ေရြးခ်ယ္ခံရျခင္း ျဖစ္ပါတယ္။ ဇာခါ လက္ပတ္စြန္႔ရခ်ိန္မွာေတာ့ အူဘာမီးယန္းကို ၀င္ေရာက္ တာ၀န္ယူေစခဲ့တာပါ။