ဘိုတန်၊ မက်စ်အာရွန်၊ အကီတို့နဲ့ နောက်ဆုံးရ ညနေခင်း အာဆင်နယ် အပြောင်းအရွှေ့ သတင်းများ

အာဆင်နယ်အသင်းဟာ နောဝစ်အသင်းမှ ခံစစ်မှူး မက်စ် အာရွန်ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲ ပါဝင်လာပြီး ဆယ်ကျော်သက် ခံစစ်မှူးကို မြို့ခံ ပြိုင်ဘက် စပါး၊ ဝက်စ်ဟမ်းတို့နဲ့ အပြိုင် ကြိုးစားရဖို့ ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ခံစစ်မှူး ဘိုတန်အတွက် ယူရို ၅ သန်းမျှနဲ့ လက်လွှတ်လိုနေပြီး ကစားသမား ကိုယ်တိုင်ကလည်း အသင်းက ထွက်ခွာလိုနေပါတယ် အသက် ၃၁ နှစ် အရွယ် ကစားသမားကို အာဆင်နယ်နဲ့ စပါး အပါအဝင် ဥရောပ ကလပ်အသင်းများက ချိတ်ဆက်နေပါတယ်။

အာဆင်နယ်အသင်းဟာ မီခီတာရန် အတွက် ရိုးမားအသင်းရဲ့ ယူရို ၁၀ သန်းနဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။ မီခီတာရန်က ပြီးခဲ့တဲ့ နွေကမှ ရိုးမားထံ အငှား ထွက် ကစားခဲ့တာ ဖြစ်ပြီး စီးရီးအေကလပ်အသင်း အတွက် ၁၃ ပွဲ ကစား၊ ၃ ဂိုး သွင်းယူထားပါတယ်။ အာဆင်နယ်က ကမ်းလှမ်းမှုကို ပယ်ချခဲ့ပေမယ့် ဆက်လက် ဆွေးနွေးဖို့ လမ်းဖွင့်ထားဆဲ ဖြစ်ပါတယ်။

အာဆင်နယ် အသင်း ပရိသတ်တွေက ဘုန်းမောက် ခံစစ်မှူး အကီကို ခေါ်ယူဖို့ တိုက်တွန်းနေကြပြီး အာတီတာရဲ့ နည်းပြမှု အောက်မှာ အကီဟာ လီဗာပူးရဲ့ ဂျိုးဂိုမက်ဇ်လို ဒေါင်ဒေါင်မြည် ခံစစ်မှူး တစ်ဦး ဖြစ်လာမယ်လို့ မျှော်လင့်နေကြပါတယ်။

ဂန်းနား ခံစစ်မှူးဟောင်း လီဒီဆန်က အာတီတာဟာ အက်ဖ်အေဖလား ပြိုင်ပွဲကို အလေးအနက် ထား ယှဉ်ပြိုင်မယ်လို့ မျှော်လင့်နေပြီး ဖလားပြိုင်ပွဲမှာသာ အောင်မြင်မှု ရရင် ကလပ်အသင်းအတွက် ယုံကြည်မှုတွေ တိုးပွားလာနိုင်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။ အာဆင်နယ်က အကဖ်အေဖလား တတိယအဆင့်မှာ လိဒ်ယူနိုက်တက်နဲ့ တွေ့ဆုံနေပါတယ်။

ဒီတစ်ပတ် အက်ဖ်အေဖလား ပွဲစဉ်များမှာ စိတ်ကျန်းမားရေးအတွက် ပြုလုပ်နေတဲ့ “Heads Up” ကမ်ပိန်း အစီအစဉ်ကို လူသိများလာစေရန် ရည်ရွယ်ကာ ပွဲချိန်များကို တစ်မိနစ်စီ နောက်ကျ ကစားရန် စီစဉ်ထားပါတယ်။ အာဆင်နယ်နဲ့ လိဒ်ယူနိုက်တက်တို့ဟာ လာမယ့် အင်္ဂါနေ့ မနက် ၂း၂၆ မိနစ်မှာ ယှဉ်ပြိုင် ကစားရမှာပါ။

Zawgyi – အာဆင္နယ္အသင္းဟာ ေနာ၀စ္အသင္းမွ ခံစစ္မွဴး မက္စ္ အာရြန္ကို ေခၚယူလိုတဲ့ အသင္းေတြထဲ ပါ၀င္လာျပီး ဆယ္ေက်ာ္သက္ ခံစစ္မွဴးကို ျမိဳ႔ခံ ျပိဳင္ဘက္ စပါး၊ ၀က္စ္ဟမ္းတို႔နဲ႕ အျပိဳင္ ၾကိဳးစားရဖို႔ ရွိေနပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ခံစစ္မွဴး ဘိုတန္အတြက္ ယူရို ၅ သန္းမွ်နဲ႕ လက္လႊတ္လိုေနျပီး ကစားသမား ကိုယ္တိုင္ကလည္း အသင္းက ထြက္ခြာလိုေနပါတယ္ အသက္ ၃၁ နွစ္ အရြယ္ ကစားသမားကို အာဆင္နယ္နဲ႕ စပါး အပါအ၀င္ ဥေရာပ ကလပ္အသင္းမ်ားက ခ်ိတ္ဆက္ေနပါတယ္။

အာဆင္နယ္အသင္းဟာ မီခီတာရန္ အတြက္ ရိုးမားအသင္းရဲ႕ ယူရို ၁၀ သန္းနဲ႕ ကမ္းလွမ္းမႈကို ပယ္ခ်လိုက္ပါတယ္။ မီခီတာရန္က ျပီးခဲ့တဲ့ ေႏြကမွ ရိုးမားထံ အငွား ထြက္ ကစားခဲ့တာ ျဖစ္ျပီး စီးရီးေအကလပ္အသင္း အတြက္ ၁၃ ပြဲ ကစား၊ ၃ ဂိုး သြင္းယူထားပါတယ္။ အာဆင္နယ္က ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ေပမယ့္ ဆက္လက္ ေဆြးေႏြးဖို႔ လမ္းဖြင့္ထားဆဲ ျဖစ္ပါတယ္။

အာဆင္နယ္ အသင္း ပရိသတ္ေတြက ဘုန္းေမာက္ ခံစစ္မွဴး အကီကို ေခၚယူဖို႕ တိုက္တြန္းေနၾကျပီး အာတီတာရဲ႕ နည္းျပမႈ ေအာက္မွာ အကီဟာ လီဗာပူးရဲ႕ ဂ်ိဳးဂိုမက္ဇ္လို ေဒါင္ေဒါင္ျမည္ ခံစစ္မွဴး တစ္ဦး ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

ဂန္းနား ခံစစ္မွဴးေဟာင္း လီဒီဆန္က အာတီတာဟာ အက္ဖ္ေအဖလား ျပိဳင္ပြဲကို အေလးအနက္ ထား ယွဥ္ျပိဳင္မယ္လို႔ ေမွ်ာ္လင့္ေနျပီး ဖလားျပိဳင္ပြဲမွာသာ ေအာင္ျမင္မႈ ရရင္ ကလပ္အသင္းအတြက္ ယံုၾကည္မႈေတြ တိုးပြားလာနုိင္တယ္လို႕ တိုက္တြန္းလိုက္ပါတယ္။ အာဆင္နယ္က အကဖ္ေအဖလား တတိယအဆင့္မွာ လိဒ္ယူနိုက္တက္နဲ႕ ေတြ႔ဆံုေနပါတယ္။

ဒီတစ္ပတ္ အက္ဖ္ေအဖလား ပြဲစဥ္မ်ားမွာ စိတ္က်န္းမားေရးအတြက္ ျပဳလုပ္ေနတဲ့ “Heads Up” ကမ္ပိိန္း အစီအစဥ္ကို လူသိမ်ားလာေစရန္ ရည္ရြယ္ကာ ပြဲခ်ိန္မ်ားကို တစ္မိနစ္စီ ေနာက္က် ကစားရန္ စီစဥ္ထားပါတယ္။ အာဆင္နယ္နဲ႕ လိဒ္ယူနိုက္တက္တို႔ဟာ လာမယ့္ အဂၤါေန႔ မနက္ ၂း၂၆ မိနစ္မွာ ယွဥ္ျပိဳင္ ကစားရမွာပါ။