ယူနိုက်တက်နဲ့ ပွဲမတိုင်ခင် နောက်ဆုံးရ အာဆင်နယ် ညနေခင်းသတင်းများ

အင်တာမီလန်ဟာ ဘာစီလိုနာ အသင်းနဲ့ အတူ အာဆင်နယ်တိုက်စစ်မှူး အူဘာမီးယန်းကို ခေါ်ယူလိုတဲ့အသင်းတွေထဲ ပါဝင်လာခဲ့ပါတယ်။ ဂါဘွန်သား တိုက်စစ်မှူးဟာ လာမယ့်နွေမှာ အာဆင်နယ်မှ ထွက်ခွာရန် ကြံရွယ်နေပါတယ်။

အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်နဲ့ ယူအီးအက်ဖ်အေတို့ဟာ အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးအား ၎င်းရဲ့ လက်ရှိ ဖီဖာက ရာထူးကို အသုံးချကာ လူကျွံဘောများအပေါ် VAR အဆုံးအဖြတ်နဲ့ ပတ်သတ်ပြီး ပြင်ဆင်ပြုပြင်ပေးရန် ဖီဖာကို စည်းရုံးပေးစေလိုနေပါတယ်။

ချမ်ဘာစ်တစ်ယောက် ဒူးဒဏ်ရာကြောင့် လအတော်ကြာ အနားယူရမယ့် သတင်းဟာ ခံစစ်ပိုင်းမှာ ပြသနာများစွာ ရှိနေတဲ့ အာဆင်နယ် အတွက် ပိုမိုကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာခဲ့ပါတယ်။

အာဆင်နယ် နည်းပြသစ် အာတီတာက ၎င်းဟာ အသင်းရဲ့ဖွဲ့စည်းပုံကို အိုဇေးကို အခြေတည်က တည်ဆောက်သွားရန် ကြံရွယ်ထားကြောင်း ဖွင့်ဟခဲ့ပြီး ကွင်းလယ်ဖန်တီးရှင် အိုဇေးထံမှ အကောင်းဆုံး ခြေစွမ်း ထုတ်ယူဖို့ နည်းလမ်းရှာနေပါတယ်။

အာဆင်နယ်နဲ့ ပွဲအတွက် ရောက်ရှိလာတဲ့ ယူနိုက်တက် လူစာရင်းထဲမှာ ပေါ့ဘာကို မတွေ့ရတာကြောင့် ပြင်သစ်သားဟာ ဒီညပွဲစဉ်မှာ ပါဝင်လာဖွယ် မရှိပါဘူး။

အာဆင်နယ်အသင်းဟာ အသင်း ကွင်းလယ်ကစားသမားဟောင်း ဂလင်း ကာမာရာကို ရိမ်းဂျားစ်အသင်းထံမှ ပြန်လည် ခေါ်ယူရန် စိတ်ဝင်စားနေပြီး ဒီရာသီမှာ ပွဲတချို့ ကင်းထောက်များ စေလွှတ်စောင့်ကြည့်ထားပါတယ်။ လက်ရှိ အသက် ၂၄ ရှိပြီ ဖြစ်တဲ့ ကာမာရာက အာဆင်နယ်မှာ ၂၀၁၅ ကနေ ၂၀၁၇ ထိ ရှိခဲ့ပြီး စီနီယာအသင်းအတွက် ကစားခွင့် မရခဲ့ပါဘူး။

Zawgyi – အင္တာမီလန္ဟာ ဘာစီလိုနာ အသင္းနဲ႕ အတူ အာဆင္နယ္တိုက္စစ္မွဴး အူဘာမီးယန္းကို ေခၚယူလိုတဲ့အသင္းေတြထဲ ပါ၀င္လာခဲ့ပါတယ္။ ဂါဘြန္သား တိုက္စစ္မွဴးဟာ လာမယ့္ေႏြမွာ အာဆင္နယ္မွ ထြက္ခြာရန္ ၾကံရြယ္ေနပါတယ္။

အဂၤလန္ေဘာလံုး အဖြဲ႕ခ်ဳပ္နဲ႕ ယူအီးအက္ဖ္ေအတို႔ဟာ အာဆင္နယ္နည္းျပေဟာင္း အာဆင္၀င္းဂါးအား ၄င္းရဲ႕ လက္ရွိ ဖီဖာက ရာထူးကို အသံုးခ်ကာ လူကၽြံေဘာမ်ားအေပၚ VAR အဆံုးအျဖတ္နဲ႕ ပတ္သတ္ျပီး ျပင္ဆင္ျပဳျပင္ေပးရန္ ဖီဖာကို စည္းရံုးေပးေစလိုေနပါတယ္။

ခ်မ္ဘာစ္တစ္ေယာက္ ဒူးဒဏ္ရာေၾကာင့္ လအေတာ္ၾကာ အနားယူရမယ့္ သတင္းဟာ ခံစစ္ပိုင္းမွာ ျပသနာမ်ားစြာ ရွိေနတဲ့ အာဆင္နယ္ အတြက္ ပိုမိုၾကီးမားတဲ့ ထိုးနွက္ခ်က္ ျဖစ္လာခဲ့ပါတယ္။

အာဆင္နယ္ နည္းျပသစ္ အာတီတာက ၄င္းဟာ အသင္းရဲ႕ဖြဲ႕စည္းပံုကို အိုေဇးကို အေျခတည္က တည္ေဆာက္သြားရန္ ၾကံရြယ္ထားေၾကာင္း ဖြင့္ဟခဲ့ျပီး ကြင္းလယ္ဖန္တီးရွင္ အိုေဇးထံမွ အေကာင္းဆံုး ေျခစြမ္း ထုတ္ယူဖို႔ နည္းလမ္းရွာေနပါတယ္။

အာဆင္နယ္နဲ႕ ပြဲအတြက္ ေရာက္ရွိလာတဲ့ ယူနိုက္တက္ လူစာရင္းထဲမွာ ေပါ့ဘာကို မေတြ႕ရတာေၾကာင့္ ျပင္သစ္သားဟာ ဒီညပြဲစဥ္မွာ ပါ၀င္လာဖြယ္ မရွိပါဘူး။

အာဆင္နယ္အသင္းဟာ အသင္း ကြင္းလယ္ကစားသမားေဟာင္း ဂလင္း ကာမာရာကို ရိမ္းဂ်ားစ္အသင္းထံမွ ျပန္လည္ ေခၚယူရန္ စိတ္၀င္စားေနျပီး ဒီရာသီမွာ ပြဲတခ်ိဳ႕ ကင္းေထာက္မ်ား ေစလႊတ္ေစာင့္ၾကည့္ထားပါတယ္။ လက္ရွိ အသက္ ၂၄ ရွိျပီ ျဖစ္တဲ့ ကာမာရာက အာဆင္နယ္မွာ ၂၀၁၅ ကေန ၂၀၁၇ ထိ ရွိခဲ့ျပီး စီနီယာအသင္းအတြက္ ကစားခြင့္ မရခဲ့ပါဘူး။