နှစ်သစ်မှာ ယူနိုက်တက်ကို ရင်ဆိုင်မယ့် အာဆင်နယ်အသင်းရဲ့ ခန့်မှန်း လိုင်းအပ်

နှစ်သစ် ၂၀၂၀ ရဲ့ ပထမဆုံး ဇန်နဝါရီ ၁ ရက်နေ့မှာပဲ အာဆင်နယ်ဟာ မန်ချက်စတာယူနိုက်တက်ကို အမ်းမရိတ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ အာတီတာရဲ့ အာဆင်နယ်အသင်းကတော့ နှစ်သစ်မှာ နိုင်ပွဲနဲ့ စတင်ပြီး အရှိန်ကောင်းတွေ ယူဖို့ စိတ်အားထက်သန်နေပါလိမ့်မယ်။

တဖက်မှာလည်း ယူနိုက်တက်က အဆင့် ၅ နေရာမှာ ရောက်နေပြီ ဖြစ်လို့ အဆင့် ၄ အတွင်း ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာထဲ ရောက်ရှိအောင် တွန်းအားပေးဖို့ နိုင်ပွဲ လိုအပ်နေပါတယ်။ ယူနိုက်တက်ကလည်း အာဆင်နယ်နည်းတူ ဆိုးဝါးတဲ့ ဘောလုံးရာသီ အစ ပိုင်ဆိုင်ခဲ့တာပါ။ ဒါပေမယ့် ဆိုးရှားနဲ့ ယူနိုက်တက်က နိုင်ပွဲတချို့ ပြန်လည် ရယူနိုင်လာပြီး ထိပ်သီးနေရာများနဲ့ ပြန်လည် နီးစပ်လာတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဘက်မှာ တိုက်စစ်ကို အားဖြည့်ဖို့ ပီပီ ပါဝင်မယ်လို့ ယူဆရပါတယ်။ နစ်ကိုးလပ်စ်ပီပီဟာ ချယ်ဆီးနဲ့ ပွဲစဉ်တုန်းက နောက်ဆုံးမိနစ်များမှာ ဝင်ရောက် ကစားခဲ့ပါတယ်။ ချမ်ဘာစ်ကတော့ ချယ်ဆီးနဲ့ ပွဲက ဒူးဒဏ်ရာကြောင့် ကာလရှည် ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါကြောင့် သူ့နေရာမှာ မူစတာဖီ ဝင်ကစားရဖွယ်ပါ။

ချယ်ဆီးနဲ့ ပွဲမှာ ဖျားနာနေခဲ့တဲ့ ဇာခါက ယူနိုက်တက်နဲ့ ပွဲမှာတော့ ပြန် ပါလာနိုင်ပါတယ်။ ယူနိုက်တက်ဘက်ကလည်း ဘန်လေနဲ့ ပွဲတုန်းက မပါခဲ့တဲ့ ပေါ့ဘာ ပါဝင်နိုင်မယ် မျှော်လင့်ရပါတယ်။ ဒါပေမယ့် လန်ဒန်သို့ ထွက်ခွာလာတဲ့ ယူနိုက်တက် လူစာရင်းမှာ ပေါ့ဘာနဲ့ တော်မီနေး မပါဝင်ဘူးလို့လည်း သတင်းထွက်ပေါ်ထားပါတယ်။

ယူနိုက်တက်နဲ့ ပွဲမှာ အာဆင်နယ် ဘက်က ပွဲထွက်လာမယ့် လူစာရင်းကို အင်္ဂလန်အခြေစိုက် သတင်းများက ခန့်မှန်းထားရာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

လီနို (ဂိုး)၊ မစ်လန်းနေးစ်၊ မူစတာဖီ၊ လူးဝစ်၊ ဆာကာ၊ တော်ရဲရား၊ ဇာခါ၊ အိုဇေး၊ ပီပီ၊ အူဘာမီးယန်း၊ လာကာဇက်တီ။

Zawgyi – နွစ္သစ္ ၂၀၂၀ ရဲ႕ ပထမဆံုး ဇန္န၀ါရီ ၁ ရက္ေန႔မွာပဲ အာဆင္နယ္ဟာ မန္ခ်က္စတာယူနိုက္တက္ကို အမ္းမရိတ္ကြင္းမွာ ဧည့္ခံ ကစားရမွာ ျဖစ္ပါတယ္။ အာတီတာရဲ႕ အာဆင္နယ္အသင္းကေတာ့ နွစ္သစ္မွာ နိုင္ပြဲနဲ႕ စတင္ျပီး အရွိန္ေကာင္းေတြ ယူဖို႔ စိတ္အားထက္သန္ေနပါလိမ့္မယ္။

တဖက္မွာလည္း ယူနိုက္တက္က အဆင့္ ၅ ေနရာမွာ ေရာက္ေနျပီ ျဖစ္လို႔ အဆင့္ ၄ အတြင္း ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာထဲ ေရာက္ရွိေအာင္ တြန္းအားေပးဖို႔ နုိင္ပြဲ လိုအပ္ေနပါတယ္။ ယူနိုက္တက္ကလည္း အာဆင္နယ္နည္းတူ ဆိုး၀ါးတဲ့ ေဘာလံုးရာသီ အစ ပိုင္ဆိုင္ခဲ့တာပါ။ ဒါေပမယ့္ ဆိုးရွားနဲ႕ ယူနိုက္တက္က နုိင္ပြဲတခ်ိဳ႕ ျပန္လည္ ရယူနုိင္လာျပီး ထိပ္သီးေနရာမ်ားနဲ႕ ျပန္လည္ နီးစပ္လာတာ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းဘက္မွာ တိုက္စစ္ကို အားျဖည့္ဖို႔ ပီပီ ပါ၀င္မယ္လို႔ ယူဆရပါတယ္။ နစ္ကိုးလပ္စ္ပီပီဟာ ခ်ယ္ဆီးနဲ႕ ပြဲစဥ္တုန္းက ေနာက္ဆံုးမိနစ္မ်ားမွာ ၀င္ေရာက္ ကစားခဲ့ပါတယ္။ ခ်မ္ဘာစ္ကေတာ့ ခ်ယ္ဆီးနဲ႕ ပြဲက ဒူးဒဏ္ရာေၾကာင့္ ကာလရွည္ ပါ၀င္နိုင္ဦးမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ သူ႔ေနရာမွာ မူစတာဖီ ၀င္ကစားရဖြယ္ပါ။

ခ်ယ္ဆီးနဲ႕ ပြဲမွာ ဖ်ားနာေနခဲ့တဲ့ ဇာခါက ယူနိုက္တက္နဲ႕ ပြဲမွာေတာ့ ျပန္ ပါလာနိုင္ပါတယ္။ ယူနုိက္တက္ဘက္ကလည္း ဘန္ေလနဲ႕ ပြဲတုန္းက မပါခဲ့တဲ့ ေပါ့ဘာ ပါ၀င္နုိင္မယ္ ေမွ်ာ္လင့္ရပါတယ္။ ဒါေပမယ့္ လန္ဒန္သို႔ ထြက္ခြာလာတဲ့ ယူနိုက္တက္ လူစာရင္းမွာ ေပါ့ဘာနဲ႕ ေတာ္မီေနး မပါ၀င္ဘူးလို႔လည္း သတင္းထြက္ေပၚထားပါတယ္။

ယူနိုက္တက္နဲ႕ ပြဲမွာ အာဆင္နယ္ ဘက္က ပြဲထြက္လာမယ့္ လူစာရင္းကို အဂၤလန္အေျခစိုက္ သတင္းမ်ားက ခန္႔မွန္းထားရာ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

လီနို (ဂိုး)၊ မစ္လန္းေနးစ္၊ မူစတာဖီ၊ လူး၀စ္၊ ဆာကာ၊ ေတာ္ရဲရား၊ ဇာခါ၊ အိုေဇး၊ ပီပီ၊ အူဘာမီးယန္း၊ လာကာဇက္တီ။