အာဆင်နယ်နဲ့ ရာဘီရော့တို့ရဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကြား နောက်ဆုံးရ အခြေအနေ

နွေအပြောင်းအရွှေ့တုန်းက အတော်လေး အလှုပ်ရှုပ်ထားခဲ့တဲ့ အာဆင်နယ်ဟာ ကစားသမား ခြောက်ဦးလောက်ထိ ခေါ်ယူခဲ့ပြီး မာတင်နယ်လီ၊ ဆာလီဘာလို အနာဂတ်မှာ အလားအလာကောင်းရှိတဲ့ ကစားသမားတွေ ပါဝင်ခဲ့တယ်။

အထူးသဖြင့် ပီပီကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တာဖြစ်ပြီး ဇန်နဝါရီမှာလည်း လုပ်ရှားမှု အနည်းငယ် ရှိလာနိုင်ပါတယ်။ မန်နေဂျာအာတီတာကို ဇန်နဝါရီအမှီ ခပ်မြန်မြန် ခေါ်ယူခဲ့ခြင်းကလည်း ဈေးကွက်ထဲမှာ ဝင်ရောက်လှုပ်ရှားဖို့ရာ ကိစ္စရပ်တွေကို စီမံနိုင်ဖို့ဖြစ်ပါတယ်။

စကိုင်းစပေါ့ကတော့ အာဆင်နယ်ဟာ ဇန်နဝါရီမှာ ကြီးမားတဲ့ အပြောင်းအရွှေ့တွေ လုပ်ဆောင်ဖို့ အခက်တွေ့မယ်လို့ ဖော်ပြထားတာဖြစ်တယ်။ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းအရ နွေတုန်းက ပြောင်းရွှေ့ကြေး များစွာ အသုံးပြုထားတဲ့ အာဆင်နယ်ဟာ လုပ်ခလစာ လျော့ချမှုတွေကို လုပ်ဖို့ လိုအပ်ချက်ကို ကြိုးစားထားခဲ့ပြီး ဇန်နဝါရီမှာ ခေါ်ယူမှုကြီးတွေ လုပ်နိုင်ဖို့တော့ ခက်ခဲ့ပါတယ်။

ကလပ်အသင်းရဲ့ ကစားသမား အချို့ကို ရောင်းထုတ်ခြင်းကပဲ အာဆင်နယ်ရဲ့ ကစားသမားသစ် ခေါ်ယူမှု အလားအလာတွေကို အထောက်အကူ ဖြစ်စေမှာပါ။ ကွင်းလယ်လူ ရှာခါ ထွက်ခွာဖို့ နီးစပ်နေသလို အူဘာမီယန်နဲ့ လာကာဇက်တီတို့ကလည်း အာဆင်နယ်ကနေ ထွက်ခွာဖို့ သတင်းလွှင့်မှုတွေ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ဇန်နဝါရီမှာ အာဆင်နယ်အတွက် ခေါ်ယူမှုလုပ်ဖို့ အာတီတာက ဂျူဗင်တပ်ကွင်းလယ်လူ ရာဘီရော့ကို မျက်စိကျနေပြီး အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီနွေကမှ အီတလီကလပ်ကို ရောက်သွားခဲ့တဲ့ ပြင်သစ်သားက ပုံမှန် ပွဲထွက်ခွင့်မရသူဖြစ်တယ်။ ဒါပေမယ့် ဂျူဗင်တပ်က ရာဘီရော့အစား ချန်ကိုပဲ အပြောင်းအရွှေ့ ကိစ္စတွေအတွက် ခွင့်ပြုလိုတဲ့ သဘောတွေ ပြသထားခဲ့ပါတယ်။

ရှာခါနေရာမှာ ရာဘီရော့ကို တိုက်ရိုက်အစားထိုးဖို့ အာဆင်နယ်ဘက်က ကြံ့ရွယ်နေတာဖြစ်ပြီး ဂျူဗင်တပ်က မန်နေဂျာဆာရီ ပစာမပေးတဲ့ ချန်ကိုပဲ ရှင်းထုတ်ကာ ရာဘီရော့ကိုတော့ ဆက်ထိန်းလိုတာကြောင့် ဆွေးနွေးမှုတွေက သီတင်းပတ် အနည်းငယ်ထိ ပြီးပြတ်လာဖို့ မရှိသေးတာဖြစ်ပါတယ်။

ZAWGYI

ေႏြအေျပာင္းအေရႊ႔တုန္းက အေတာ္ေလး အလႈပ္ရႈပ္ထားခဲ့တဲ့ အာဆင္နယ္ဟာ ကစားသမား ေျခာက္ဦးေလာက္ထိ ေခၚယူခဲ့ျပီး မာတင္နယ္လီ၊ ဆာလီဘာလို အနာဂတ္မွာ အလားအလာေကာင္းရွိတဲ့ ကစားသမားေတြ ပါဝင္ခဲ့တယ္။

အထူးသျဖင့္ ပီပီကို ကလပ္စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးနဲ႔ ေခၚယူထားခဲ့တာျဖစ္ျပီး ဇန္နဝါရီမွာလည္း လုပ္ရွားမႈ အနည္းငယ္ ရွိလာႏုိင္ပါတယ္။ မန္ေနဂ်ာအာတီတာကို ဇန္နဝါရီအမွီ ခပ္ျမန္ျမန္ ေခၚယူခဲ့ျခင္းကလည္း ေစ်းကြက္ထဲမွာ ဝင္ေရာက္လႈပ္ရွားဖို႔ရာ ကိစၥရပ္ေတြကို စီမံႏုိင္ဖို႔ျဖစ္ပါတယ္။

စကိုင္းစေပါ့ကေတာ့ အာဆင္နယ္ဟာ ဇန္နဝါရီမွာ ၾကီးမားတဲ့ အေျပာင္းအေရႊ႔ေတြ လုပ္ေဆာင္ဖို႔ အခက္ေတြ႔မယ္လို႔ ေဖာ္ျပထားတာျဖစ္တယ္။ ဘ႑ာေရးဆိုင္ရာ စည္းမ်ဥ္းအရ ေႏြတုန္းက ေျပာင္းေရႊ႔ေၾကး မ်ားစြာ အသံုးျပဳထားတဲ့ အာဆင္နယ္ဟာ လုပ္ခလစာ ေလ်ာ့ခ်မႈေတြကို လုပ္ဖို႔ လိုအပ္ခ်က္ကို ၾကိဳးစားထားခဲ့ျပီး ဇန္နဝါရီမွာ ေခၚယူမႈၾကီးေတြ လုပ္ႏုိင္ဖို႔ေတာ့ ခက္ခဲ့ပါတယ္။

ကလပ္အသင္းရဲ႕ ကစားသမား အခ်ိဳ႕ကို ေရာင္းထုတ္ျခင္းကပဲ အာဆင္နယ္ရဲ႕ ကစားသမားသစ္ ေခၚယူမႈ အလားအလာေတြကို အေထာက္အကူ ျဖစ္ေစမွာပါ။ ကြင္းလယ္လူ ရွာခါ ထြက္ခြာဖို႔ နီးစပ္ေနသလို အူဘာမီယန္နဲ႔ လာကာဇက္တီတို႔ကလည္း အာဆင္နယ္ကေန ထြက္ခြာဖို႔ သတင္းလႊင့္မႈေတြ ရွိလာခဲ့ျပီျဖစ္ပါတယ္။

ဇန္နဝါရီမွာ အာဆင္နယ္အတြက္ ေခၚယူမႈလုပ္ဖို႔ အာတီတာက ဂ်ဴဗင္တပ္ကြင္းလယ္လူ ရာဘီေရာ့ကို မ်က္စိက်ေနျပီး အငွားစာခ်ဳပ္နဲ႔ ေခၚယူႏုိင္ဖို႔ ၾကိဳးစားေနပါတယ္။ ဒီေႏြကမွ အီတလီကလပ္ကို ေရာက္သြားခဲ့တဲ့ ျပင္သစ္သားက ပံုမွန္ ပြဲထြက္ခြင့္မရသူျဖစ္တယ္။ ဒါေပမယ့္ ဂ်ဴဗင္တပ္က ရာဘီေရာ့အစား ခ်န္ကိုပဲ အေျပာင္းအေရႊ႔ ကိစၥေတြအတြက္ ခြင့္ျပဳလိုတဲ့ သေဘာေတြ ျပသထားခဲ့ပါတယ္။

ရွာခါေနရာမွာ ရာဘီေရာ့ကို တိုက္ရိုက္အစားထိုးဖို႔ အာဆင္နယ္ဘက္က ၾကံ႕ရြယ္ေနတာျဖစ္ျပီး ဂ်ဴဗင္တပ္က မန္ေနဂ်ာဆာရီ ပစာမေပးတဲ့ ခ်န္ကိုပဲ ရွင္းထုတ္ကာ ရာဘီေရာ့ကိုေတာ့ ဆက္ထိန္းလိုတာေၾကာင့္ ေဆြးေႏြးမႈေတြက သီတင္းပတ္ အနည္းငယ္ထိ ျပီးျပတ္လာဖို႔ မရွိေသးတာျဖစ္ပါတယ္။