ဂန်းနားတွေ ထောက်ခံမှု ရထားတဲ့ အာတီတာ၊ လီနို၊ ဇာခါ၊ ဝယ်လော့တို့နဲ့ အာဆင်နယ် ညနေခင်းသတင်းများ

အာဆင်နယ် ဂိုးသမား လီနိုက ချယ်ဆီးနဲ့ လန်ဒန်ဒါဘီ ပွဲနေ့က သူ့အတွက် အလွန်ခက်ခဲတဲ့နေ့ရက်ကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတာ ဖြစ်တယ်လို့ ပွဲအပြီးမှာ ဝန်ခံ ပြောဆိုလိုက်ပါတယ်။

အာဆင်နယ် နည်းပြ အဖြစ် ပွဲဦးထွက် နှစ်ပွဲမှာ နိုင်ပွဲ မရရှိသေးမယ့် အာဆင်နယ် အသင်းသားတွေ အားလုံးက နည်းပြ အာတီတာအပေါ် ယုံကြည်မှု အပြည့်ရှိထားကြောင်း ဝယ်လော့က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ချယ်ဆီးနဲ့ ပွဲမှာ အာဆင်နယ် ရှုံးနိမ့်ခဲ့ပေမယ့် အသင်းကစားပုံမှာ တိုးတက်မှုတွေ မြင်တွေ့ခဲ့ရကြောင်း လန်ဒန်အခြေစိုက် ပရိသတ်များက သုံးသပ်ထားပြီး အာဆင်နယ်ဟာ ခံစစ်လိုင်းမြင့် ကစားပုံ၊ ဘောလုံးပေးပို့မှုတွေမှာ တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။

အာဆင်နယ်နဲ့ စပါးအသင်းတို့ဟာ လိုက်ပ်ဇစ်အသင်းမှ ခံစစ်မှူး Dayot Upamecano ကို ခေါ်ယူရေးမှာ အပြိုင်အဆိုင် ဖြစ်နေကြပါတယ်။ အသက် ၂၁ နှစ် အရွယ် ဗဟိုခံစစ်မူှးအတွက် လိုက်ပ်ဇစ်ကတော့ ပေါင် သန်း ၅၀ အလိုရှိနေပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက ကွင်းလယ်ကစားသမား ဇာခါအား ဟယ်သာဘာလင် အသင်းကို ငြင်းဆန်ကာ အသင်းမှာ ဆက်နေဖို့ မျှော်လင့်နေပါတယ်။

အာဆင်နယ်နည်းပြဟောင်း အမ်မရီက ရှက်ဖီးယူနိုက်တက်ကို ၁-၀ နဲ့ ရှုံးနိမ့်တဲ့ ပွဲက ၎င်း နည်းပြရာထူး အလှည့်အပြောင်း ဖြစ်စေခဲ့တာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ အမ်မရီဟာ ရှက်ဖီးနဲ့ ပွဲပြီးနောက် ယူရိုပါလိဂ်မှာ ဖရန့်ဖတ်ကို ဆက်လက်ရှုံးနိမ့်ခဲ့တဲ့နောက် ထုတ်ပယ်ခံခဲ့ရတာပါ။

Zawgyi – အာဆင္နယ္ ဂိုးသမား လီနိုက ခ်ယ္ဆီးနဲ႕ လန္ဒန္ဒါဘီ ပြဲေန႔က သူ႔အတြက္ အလြန္ခက္ခဲတဲ့ေန႕ရက္ကို ရင္ဆိုင္ေက်ာ္ျဖတ္ခဲ့ရတာ ျဖစ္တယ္လို႔ ပြဲအျပီးမွာ ၀န္ခံ ေျပာဆိုလိုက္ပါတယ္။

အာဆင္နယ္ နည္းျပ အျဖစ္ ပြဲဦးထြက္ နွစ္ပြဲမွာ နုိင္ပြဲ မရရွိေသးမယ့္ အာဆင္နယ္ အသင္းသားေတြ အားလံုးက နည္းျပ အာတီတာအေပၚ ယံုၾကည္မႈ အျပည့္ရွိထားေၾကာင္း ၀ယ္ေလာ့က ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။

ခ်ယ္ဆီးနဲ႕ ပြဲမွာ အာဆင္နယ္ ရွံဳးနိမ့္ခဲ့ေပမယ့္ အသင္းကစားပံုမွာ တိုးတက္မႈေတြ ျမင္ေတြ႔ခဲ့ရေၾကာင္း လန္ဒန္အေျခစိုက္ ပရိသတ္မ်ားက သံုးသပ္ထားျပီး အာဆင္နယ္ဟာ ခံစစ္လိုင္းျမင့္ ကစားပံု၊ ေဘာလံုးေပးပို႔မႈေတြမွာ တိုးတက္လာခဲ့တယ္လို႔ ဆိုပါတယ္။

အာဆင္နယ္နဲ႕ စပါးအသင္းတို႔ဟာ လိုက္ပ္ဇစ္အသင္းမွ ခံစစ္မွဴး Dayot Upamecano ကို ေခၚယူေရးမွာ အျပိဳင္အဆိုိင္ ျဖစ္ေနၾကပါတယ္။ အသက္ ၂၁ နွစ္ အရြယ္ ဗဟိုခံစစ္မဴွးအတြက္ လိုက္ပ္ဇစ္ကေတာ့ ေပါင္ သန္း ၅၀ အလိုရွိေနပါတယ္။

အာဆင္နယ္နည္းျပ အာတီတာက ကြင္းလယ္ကစားသမား ဇာခါအား ဟယ္သာဘာလင္ အသင္းကို ျငင္းဆန္ကာ အသင္းမွာ ဆက္ေနဖို႔ ေမွ်ာ္လင့္ေနပါတယ္။

အာဆင္နယ္နည္းျပေဟာင္း အမ္မရီက ရွက္ဖီးယူနုိက္တက္ကို ၁-၀ နဲ႕ ရွံဳးနိမ့္တဲ့ ပြဲက ၄င္း နည္းျပရာထူး အလွည့္အေျပာင္း ျဖစ္ေစခဲ့တာ ျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။ အမ္မရီဟာ ရွက္ဖီးနဲ႕ ပြဲျပီးေနာက္ ယူရိုပါလိဂ္မွာ ဖရန္႕ဖတ္ကို ဆက္လက္ရွံဳးနိမ့္ခဲ့တဲ့ေနာက္ ထုတ္ပယ္ခံခဲ့ရတာပါ။