အာဆင်နယ်ကို ဇောက်ထိုးမိုးမျှော် ဖြစ်စေခဲ့ခြင်းရဲ့ အစကို ဖွင့်ဟသွားတဲ့ မန်နေဂျာဟောင်း အမ်မရီ

အာဆင်နယ်မန်နေဂျာဟောင်း အမ်မရီကတော့ နိုဝင်ဘာမှာ သူ့ကို ရာထူးကနေ အနားပေးခံရစေဖို့အတွက် အဓိက ကျခဲ့တဲ့ ရလဒ်ဆိုးတွေအကြောင်းကို ထုတ်ဖော်ပြောဆိုမှု လုပ်သွားခဲ့ပါတယ်။

အာဆင်နယ်ဟာ မန်နေဂျာအာဆင်ဝင်းဂါးနောက်ပိုင်း ဆက်ခံသူအဖြစ် အမ်မရီကို ရွေးချယ်ခဲ့ပြီး ပထမရာသီမှာ ပြသခဲ့တဲ့ တိုးတက်တဲ့ အခြေအနေတွေကြောင့် နွေမှာ ကစားသမား ခေါ်ယူခွင့်တွေ ပေးခဲ့ပါတယ်။ တောင့်တင်းတဲ့ လူစာရင်းကို ရရှိလာပေမယ့် အာဆင်နယ်က ရလဒ်တွေ ယိမ်းယိုင်လာခဲ့တာပါ။

ရာသီစတုန်းက လီဗာပူး၊ မန်စီးတီးကို ယှဉ်ပြိုင်နိုင်မယ့် တတိယမြောက်အသင်းအဖြစ် အာဆင်နယ်ကို အသားပေးခဲ့ပေမယ့် စိတ်ဓါတ်ပိုင်း အားနည်းမှုနဲ့အတူ အာဆင်နယ်ဟာ ရလဒ်ဆိုးတွေကနေ တုန့်ပြန်လာနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ လာကာဇက်တီ၊ အူဘာမီယန်၊ အိုဇေးတို့လို ကစားသမားတွေ ရှိခဲ့ပေမယ့် ရလဒ်တွေ ဆိုးရွားတဲ့နောက် အာဆင်နယ်ဟာ အမ်မရီကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

အမ်မရီက ” ဒီရာသီမှာ သီအိုရီအရ ကျနေ်ာတို့ အစကောင်းခဲ့ပြီး ခံစားမငတွေလည်း ကောင်းခဲ့တယ်။ ကျနေ်ာတို့တွေ အတူတကွအနေနဲ့ ဘယ်လိုတွေ တိုးတက်လာမလဲဆိုတာကိုတောင် ရှာဖွေကြတယ်။ အဲ့နောက်တော့ ရလဒ်ဆိုးတွေ ထွက်ခဲ့တဲ့ လတစ်လ နောက်ပိုင်းမှာ စိတ်ပျက်စရာတွေ စတင်လာခဲ့တာဖြစ်ပါတယ်။

ကျနေ်ာတို့ ယုံကြည်မှုတွေကော တည်ငြိမ်မှုတွေပါ စတင် ဆုံးရံှူးလာတယ်။ ရှက်ဖီးကို အရေးနိမ့်တဲ့ပွဲက အလှည့်အပြောင်း ဖြစ်ခဲ့တာပါပဲ။ တစ်လအတွင်း အရာအားလုံးက စတင်ကာ ဆုံးရံှူးသွားခဲ့ပါတယ်။ အားလုံးမှာ မန်နေဂျာကပဲ အာရုံစိုက်ခံလာခဲ့ရတယ်။ အခြားသော အသင်းတွေမှာ ပြန်လည်တုန့်ပြန်မှုတွေကို ကျနော် လုပ်နိုင်ခဲ့ပေမယ့် အာဆင်နယ်မှာတော့ အဲ့တစ်လက အတော်ကို ဆိုးတာပါပဲ။

ခံစားချက်တွေကို ထိန်းသိမ်းပြီး စိတ်ပျက်စရာတွေကို တုန့်ပြန်ဖို့ လုပ်ခဲ့ပေမယ့် မလုပ်နိုင်ခဲ့ဘူး။ တိုးတက်မှုတွေ လိုအပ်တာအတွက် အသင်းသားတွေနဲ့ စကားပြောခဲ့တယ်။ အခြေအနေကို ကြည့်ပြီး ခံစစ်ပိုင်း ပိုမိုတောင့်တင်းဖို့ ခံစစ် သုံးယောက်တန်းကို ပြောင်းလဲခဲ့တယ်။ နည်းစနစ်ပိုင်းအရ အူဘာ၊ အိုဇေးနဲ့ လာကာဇက်တီတို့အတွက် နေရာတွေကို ကြိုးစား ရှာဖွေခဲ့ရတယ်။ ဒါပေမယ့် ရလဒ်ကတော့ မထူးခြားလာခဲ့ဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

ZAWGYI

အာဆင္နယ္မန္ေနဂ်ာေဟာင္း အမ္မရီကေတာ့ ႏိုဝင္ဘာမွာ သူ႔ကို ရာထူးကေန အနားေပးခံရေစဖို႔အတြက္ အဓိက က်ခဲ့တဲ့ ရလဒ္ဆိုးေတြအေၾကာင္းကို ထုတ္ေဖာ္ေျပာဆိုမႈ လုပ္သြားခဲ့ပါတယ္။

အာဆင္နယ္ဟာ မန္ေနဂ်ာအာဆင္ဝင္းဂါးေနာက္ပိုင္း ဆက္ခံသူအျဖစ္ အမ္မရီကို ေရြးခ်ယ္ခဲ့ျပီး ပထမရာသီမွာ ျပသခဲ့တဲ့ တိုးတက္တဲ့ အေျခအေနေတြေၾကာင့္ ေႏြမွာ ကစားသမား ေခၚယူခြင့္ေတြ ေပးခဲ့ပါတယ္။ ေတာင့္တင္းတဲ့ လူစာရင္းကို ရရွိလာေပမယ့္ အာဆင္နယ္က ရလဒ္ေတြ ယိမ္းယိုင္လာခဲ့တာပါ။

ရာသီစတုန္းက လီဗာပူး၊ မန္စီးတီးကို ယွဥ္ျပိဳင္ႏုိင္မယ့္ တတိယေျမာက္အသင္းအျဖစ္ အာဆင္နယ္ကို အသားေပးခဲ့ေပမယ့္ စိတ္ဓါတ္ပိုင္း အားနည္းမႈနဲ႔အတူ အာဆင္နယ္ဟာ ရလဒ္ဆိုးေတြကေန တုန္႔ျပန္လာႏုိင္ခဲ့ျခင္း မရွိခဲ့ပါဘူး။ လာကာဇက္တီ၊ အူဘာမီယန္၊ အိုေဇးတို႔လို ကစားသမားေတြ ရွိခဲ့ေပမယ့္ ရလဒ္ေတြ ဆိုးရြားတဲ့ေနာက္ အာဆင္နယ္ဟာ အမ္မရီကို ရာထူးကေန ထုတ္ပယ္ခဲ့ပါတယ္။

အမ္မရီက ” ဒီရာသီမွာ သီအိုရီအရ က်ေန္ာတုိ႔ အစေကာင္းခဲ့ျပီး ခံစားမငေတြလည္း ေကာင္းခဲ့တယ္။ က်ေန္ာတို႔ေတြ အတူတကြအေနနဲ႔ ဘယ္လိုေတြ တိုးတက္လာမလဲဆိုတာကိုေတာင္ ရွာေဖြၾကတယ္။ အဲ့ေနာက္ေတာ့ ရလဒ္ဆိုးေတြ ထြက္ခဲ့တဲ့ လတစ္လ ေနာက္ပိုင္းမွာ စိတ္ပ်က္စရာေတြ စတင္လာခဲ့တာျဖစ္ပါတယ္။

က်ေန္ာတို႔ ယံုၾကည္မႈေတြေကာ တည္ျငိမ္မႈေတြပါ စတင္ ဆံုးရံွဴးလာတယ္။ ရွက္ဖီးကို အေရးနိမ့္တဲ့ပြဲက အလွည့္အေျပာင္း ျဖစ္ခဲ့တာပါပဲ။ တစ္လအတြင္း အရာအားလံုးက စတင္ကာ ဆံုးရံွဴးသြားခဲ့ပါတယ္။ အားလံုးမွာ မန္ေနဂ်ာကပဲ အာရံုစိုက္ခံလာခဲ့ရတယ္။ အျခားေသာ အသင္းေတြမွာ ျပန္လည္တုန္႔ျပန္မႈေတြကို က်ေနာ္ လုပ္ႏုိင္ခဲ့ေပမယ့္ အာဆင္နယ္မွာေတာ့ အဲ့တစ္လက အေတာ္ကို ဆိုးတာပါပဲ။

ခံစားခ်က္ေတြကို ထိန္းသိမ္းျပီး စိတ္ပ်က္စရာေတြကို တုန္႔ျပန္ဖို႔ လုပ္ခဲ့ေပမယ့္ မလုပ္ႏုိင္ခဲ့ဘူး။ တိုးတက္မႈေတြ လိုအပ္တာအတြက္ အသင္းသားေတြနဲ႔ စကားေျပာခဲ့တယ္။ အေျခအေနကို ၾကည့္ျပီး ခံစစ္ပိုင္း ပိုမိုေတာင့္တင္းဖို႔ ခံစစ္ သံုးေယာက္တန္းကို ေျပာင္းလဲခဲ့တယ္။ နည္းစနစ္ပိုင္းအရ အူဘာ၊ အိုေဇးနဲ႔ လာကာဇက္တီတို႔အတြက္ ေနရာေတြကို ၾကိဳးစား ရွာေဖြခဲ့ရတယ္။ ဒါေပမယ့္ ရလဒ္ကေတာ့ မထူးျခားလာခဲ့့ဘူး ” လို႔ ဆိုခဲ့တာျဖစ္တယ္။