အာတီတာ ဂန်းနားတွေအတွက် ချက်ချင်း စွမ်းဆောင်ပြထားတဲ့ တိုးတက်မှု ၃ ရပ်

အာတီတာက အာဆင်နယ် နည်းပြ အဖြစ် တာဝန်ယူပြီးနောက် ပွဲဦးထွက် ဘုန်းမောက်နဲ့ အဝေးကွင်းပွဲမှာ သရေကျထားပြီး ဒုတိယပွဲ ချယ်ဆီးနဲ့ အိမ်ကွင်းပွဲမှာတော့ မိနစ် ၈၀ လောက်ထိ တစ်ဂိုး အသာနဲ့ ဦးဆောင်ထားခဲ့သော်လည်း ပွဲပြီးခါနီး ပေးဂိုးများကြောင့် ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

နည်းပြ မီခေး အာတီတာဟာ တနင်္ဂနွေနေ့မှာ အာဆင်နယ်နဲ့ ဒုတိယမြောက်ပွဲ အဖြစ် ကိုင်တွယ်ခဲ့ရာမှာ ချယ်ဆီးကို ရှုံးသွားခဲ့ပေမယ့် သူ အာဆင်နယ်ကို တာဝန်ယူထားတဲ့ ရက်ပိုင်းအတွင်းမှာတင် တိုးတက်မှုတွေ လုပ်ဆောင်ပြထားတာ မြင်တွေ့ခဲ့ရပါတယ်။

ဒီလိုပြောလို့ ထူးဆန်းကောင်း ထူးဆန်းနေနိုင်ပေမယ့် အာဆင်နယ်မှာ အာတီတာ လုပ်ပြထားတဲ့ တိုးတက်မှု ၃ ရပ်ကို လန်ဒန်အခြေစိုက် အာဆင်နယ် ဘလော့ဂ် တစ်ခုက အခုလို ရှင်းလင်းသုံးသပ်ထားပါတယ်။

ခံစစ်လိုင်း မြင့်မြင့်နဲ့ ကစားပုံ တိုးတက်လာခြင်း

ချယ်ဆီးနဲ့ ပွဲ ပထမပိုင်းမှာ အာဆင်နယ်အသင်း ကစားပုံက ပိုမိုထိရောက်မှု ရှိတာ တွေ့ခဲ့ရပါတယ်။ အာတီတာက ခံစစ်လိုင်းကို နည်းနည်း ပို မြင့်မြင့်ထား ကစားစေခဲ့တယ်။ ဒါက ဂိုးနဲ့ အကွာအဝေးတစ်ခုစီ ရောက်စေခဲ့ပြီး ပြိုင်ဘက်အသင်းသားတွေ ကစားဖို့ နေရာကို ချုံ့ပစ်သလို ဖြစ်ခဲ့ကာ ခံစစ်ကနေ ကစားကွက် တည်ဆောက်ဖို့ အထောက်အကူ ဖြစ်ခဲ့တယ်။

ကိုက် ၅၀-၆၀ လောက်အတွင်းမှာ ခံ ကစားရတာထက် ခံစစ်လိုင်းကို မြင့်မြင့်ထားလိုက်တာကြောင့် တိုက်စစ်ကနေ နောက်ကို ကိုက် ၃၀-၄၀ လောက် အတွင်း အပြန်အလှန် ဖြန့်ကျက် ကစားနိုင်ခဲ့တယ်။ ချယ်ဆီး အနေနဲ့ အာဆင်နယ်ကို ဒါကြောင့် ရင်ဆိုင်ရ အခက်အခဲတွေ့ခဲ့ပါတယ်။ ခံစစ်လိုင်း မြင့်မြင့်ထားလိုက်တာက အာဆင်နယ်ရဲ့ ဖိအားပေး ကစားမှုကိုလည်း ပိုပြီး သက်ရောက် စေခဲ့တယ်။

ဘောလုံး အမြန်ပေးနိုင်လာခြင်း

ဘုန်းမောက်နဲ့ ပွဲက အာဆင်နယ် တိုက်စစ် ကစားဟန်က ဒီရာသီ အသင်းရဲ့ အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။ သူတို့ တစ်ဂိုးတည်းသာ သွင်းခဲ့တာ ဖြစ်ပေမယ့် ကန်ချက် ၁၇ ကြိမ် ရှိခဲ့တာ ဖြစ်ပြီး ဒီရာသီ အဝေးကွင်း ပွဲစဉ်တွေထဲ အများဆုံး ကန်ချက် ဖြစ်ပါတယ်။ တကယ်လို့ အဆုံးသတ်သာ ကောင်းမွန်ရင် နောက်ထပ် ၂ဂိုး ၃ဂိုးတောင် ရခဲ့သင့်တာပါ။

ချယ်ဆီးနဲ့ ပွဲ ပထမပိုင်းမှာလည်း ဒီလိုပဲ ဖန်တီးမှုတွေ အများကြီး လုပ်နိုင်ခဲ့တယ်။ အရင်ပွဲကထက်တော့ အခွင့်အရေးတွေ နည်းခဲ့ပေမယ့် ဘောလုံးပေးပို့မှုတွေက သေသပ် တိကျလာတယ်။ မြန်ဆန်တယ် အရှိန် အတင်အချနဲ့ ကွက်တိကျခဲ့တယ်။ ကွင်းလယ်မှာလည်း ဘောလုံးပိုင်ဆိုင်မှုနဲ့ ထိန်းချုပ်နိုင်ခဲ့တယ်။ တိုးတက်မှုတွေ အများကြီးထဲမှာ ဘောလုံးကို မြန်မြန်ပေးနိုင်လာတာက သိသာတဲ့ အချက် ဖြစ်တယ်။

ပထမ ထိချက်မှာတင် ဖိအားပေးခြင်း

တစ်ရာသီလုံး အနေနဲ့ဆို ဘောလုံးထိချက် ပထမအချက်မှာတင် လိုက်ဖိအားပေးဖို့ မလွယ်ပါဘူး။ ဒါကို ယာဂင်ကလော့ပ်လည်း သူ့ရဲ့ လီဗာပူးနဲ့ အစောပိုင်း ကာလတွေမှာ သိခဲ့တာပါ။ တစ်ရာသီလုံး ဖိအားပေး ကစားသွားဖို့ မလွယ်ပေမယ့် ဒီလို ပြိုင်ဘက်ကို ဖိအား ပေးခဲ့တာကြောင့် သူတို့ အခွင့်အရေးတွေ ဖန်တီးမှုတွေ မလုပ်နိုင်အောင် ကာကွယ်နိုင်ခဲ့တယ်။ ဒီတော့ ကောင်တာနဲ့ အခြားထိခိုက်မှုတွေကို ကာကွယ်ဖို့ကတော့ အချိန်ကိုက် နေရာကိုက် ဖိအားပေးကြဖို့ပါပဲ။

ပွဲချိန် မိနစ် ၉၀ လုံး တောက်လျောက် ဖိအားပေးလိုက်ကစားနေရတာ ထက် ဘယ်အချိန်မှာ ပြိုင်ဘက်ဆီက ဘောလုံး လုမလဲ ဘယ်သူ့ကို ပစ်မှတ်ထားမလဲ ရွေးချယ်ရမှာပါ။ အာတီတာရဲ့ အာဆင်နယ်ကတော့ ပြိုင်ဘက်ရဲ့ ဘောလုံး ပထမထိချက်မှာတင် ဖိအားပေး ကစားတာ ဖြစ်ပါတယ်။

Zawgyi – အာတီတာက အာဆင္နယ္ နည္းျပ အျဖစ္ တာ၀န္ယူျပီးေနာက္ ပြဲဦးထြက္ ဘုနး္ေမာက္နဲ႕ အေ၀းကြင္းပြဲမွာ သေရက်ထားျပီး ဒုတိယပြဲ ခ်ယ္ဆီးနဲ႕ အိမ္ကြင္းပြဲမွာေတာ့ မိနစ္ ၈၀ ေလာက္ထိ တစ္ဂိုး အသာနဲ႕ ဦးေဆာင္ထားခဲ့ေသာ္လည္း ပြဲျပီးခါနီး ေပးဂုိးမ်ားေၾကာင့္ ၂-၁ နဲ႕ ရွံဳးနိမ့္ခဲ့ရပါတယ္။

နည္းျပ မီေခး အာတီတာဟာ တနဂၤေႏြေန႔မွာ အာဆင္နယ္နဲ႕ ဒုတိယေျမာက္ပြဲ အျဖစ္ ကိုင္တြယ္ခဲ့ရာမွာ ခ်ယ္ဆီးကို ရွံဳးသြားခဲ့ေပမယ့္ သူ အာဆင္နယ္ကို တာ၀န္ယူထားတဲ့ ရက္ပိုင္းအတြင္းမွာတင္ တိုးတက္မႈေတြ လုပ္ေဆာင္ျပထားတာ ျမင္ေတြ႔ခဲ့ရပါတယ္။

ဒီလိုေျပာလိုု႔ ထူးဆန္းေကာင္း ထူးဆန္းေနနိုင္ေပမယ့္ အာဆင္နယ္မွာ အာတီတာ လုပ္ျပထားတဲ့ တိုးတက္မႈ ၃ ရပ္ကို လန္ဒန္အေျခစိုက္ အာဆင္နယ္ ဘေလာ့ဂ္ တစ္ခုက အခုလို ရွင္းလင္းသံုးသပ္ထားပါတယ္။

ခံစစ္လိုင္း ျမင့္ျမင့္နဲ႕ ကစားပံု တိုးတက္လာျခင္း

ခ်ယ္ဆီးနဲ႕ ပြဲ ပထမပိုင္းမွာ အာဆင္နယ္အသင္း ကစားပံုက ပိုမိုထိေရာက္မႈ ရွိတာ ေတြ႕ခဲ့ရပါတယ္။ အာတီတာက ခံစစ္လိုင္းကို နည္းနည္း ပို ျမင့္ျမင့္ထား ကစားေစခဲ့တယ္။ ဒါက ဂိုးနဲ႕ အကြာအေ၀း တစ္ခုစီ ေရာက္ေစခဲ့ျပီး ျပိဳင္ဘက္အသင္းသားေတြ ကစားဖို႔ ေနရာကို ခ်ံဳ႕ပစ္သလို ျဖစ္ခဲ့ကာ ခံစစ္ကေန ကစားကြက္ တည္ေဆာက္ဖို႕ အေထာက္အကူ ျဖစ္ခဲ့တယ္။

ကိုက္ ၅၀-၆၀ ေလာက္အတြင္းမွာ ခံ ကစားရတာထက္ ခံစစ္လိုင္းကို ျမင့္ျမင့္ထားလိုက္တာေၾကာင့္ တိုက္စစ္ကေန ေနာက္ကို ကိုက္ ၃၀-၄၀ ေလာက္ အတြင္း အျပန္အလွန္ ျဖန္႔က်က္ ကစားနုိင္ခဲ့တယ္။ ခ်ယ္ဆီး အေနနဲ႕ အာဆင္နယ္ကို ဒါေၾကာင့္ ရင္ဆိုင္ရ အခက္အခဲေတြ႔ခဲ့ပါတယ္။ ခံစစ္လိုင္း ျမင့္ျမင့္ထားလိုက္တာက အာဆင္နယ္ရဲ႕ ဖိအားေပး ကစားမႈကိုလည္း ပိုျပီး သက္ေရာက္ ေစခဲ့တယ္။

ေဘာလံုး အျမန္ေပးနုိင္လာျခင္း

ဘုန္းေမာက္နဲ႕ ပြဲက အာဆင္နယ္ တိုက္စစ္ ကစားဟန္က ဒီရာသီ အသင္းရဲ႕ အေကာင္းဆံုးလို႔ ဆိုနိုင္ပါတယ္။ သူတို႔ တစ္ဂိုးတည္းသာ သြင္းခဲ့တာ ျဖစ္ေပမယ့္ ကန္ခ်က္ ၁၇ ၾကိမ္ ရွိခဲ့တာ ျဖစ္ျပီး ဒီရာသီ အေ၀းကြင္း ပြဲစဥ္ေတြထဲ အမ်ားဆံုး ကန္ခ်က္ ျဖစ္ပါတယ္။ တကယ္လို႔ အဆံုးသတ္သာ ေကာင္းမြန္ရင္ ေနာက္ထပ္ ၂ဂိုး ၃ဂိုးေတာင္ ရခဲ့သင့္တာပါ။

ခ်ယ္ဆီးန႔ဲ ပြဲ ပထမပိုင္းမွာလည္း ဒီလိုပဲ ဖန္တီးမႈေတြ အမ်ားၾကီး လုပ္နုိင္ခဲ့တယ္။ အရင္ပြဲကထက္ေတာ့ အခြင့္အေရးေတြ နည္းခဲ့ေပမယ့္ ေဘာလံုးေပးပို႔မႈေတြက ေသသပ္ တိက်လာတယ္။ ျမန္ဆန္တယ္ အရွိန္ အတင္အခ်နဲ႕ ကြက္တိက်ခဲ့တယ္။ ကြင္းလယ္မွာလည္း ေဘာလံုးပိုင္ဆိုင္မႈနဲ႕ ထိန္းခ်ဳပ္နုိင္ခဲ့တယ္။ တိုးတက္မႈေတြ အမ်ားၾကီးထဲမွာ ေဘာလံုးကို ျမန္ျမန္ေပးနုိင္လာတာက သိသာတဲ့ အခ်က္ ျဖစ္တယ္။

ပထမ ထိခ်က္မွာတင္ ဖိအားေပးျခင္း

တစ္ရာသီလံုး အေနနဲ႕ဆို ေဘာလံုးထိခ်က္ ပထမအခ်က္မွာတင္ လိုက္ဖိအားေပးဖို႔ မလြယ္ပါဘူး။ ဒါကို ယာဂင္ကေလာ့ပ္လည္း သူ႔ရဲ႕ လီဗာပူးနဲ႕ အေစာပိုင္း ကာလေတြမွာ သိခဲ့တာပါ။ တစ္ရာသီလံုး ဖိအားေပး ကစားသြားဖို႔ မလြယ္ေပမယ့္ ဒီလို ျပိဳင္ဘက္ကို ဖိအား ေပးခဲ့တာေၾကာင့္ သူတို႔ အခြင့္အေရးေတြ ဖန္တီးမႈေတြ မလုပ္နုိင္ေအာင္ ကာကြယ္နုိင္ခဲ့တယ္။ ဒီေတာ့ ေကာင္တာနဲ႕ အျခားထိခိုုက္မႈေတြကို ကာကြယ္ဖို႔ကေတာ့ အခ်ိန္ကိုက္ ေနရာကိုက္ ဖိအားေပးၾကဖို႔ပါပဲ။

ပြဲခ်ိန္ မိနစ္ ၉၀ လံုး ေတာက္ေလ်ာက္ ဖိအားေပးလိုက္ကစားေနရတာ ထက္ ဘယ္အခ်ိန္မွာ ျပိဳင္ဘက္ဆီက ေဘာလံုး လုမလဲ ဘယ္သူ႔ကို ပစ္မွတ္ထားမလဲ ေရြးခ်ယ္ရမွာပါ။ အာတီတာရဲ႕ အာဆင္နယ္ကေတာ့ ျပိဳင္ဘက္ရဲ႕ ေဘာလံုး ပထမထိခ်က္မွာတင္ ဖိအားေပး ကစားတာ ျဖစ္ပါတယ္။