လန်ဒန်ဒါဘီပွဲ မတိုင်ခင် နောက်ဆုံးရ အာဆင်နယ် ညနေခင်းသတင်းများ

မန်နေဂျာ အာတီတာက အာဆင်နယ်ဟာ အင်္ဂလန်ရဲ့ အကြီးကျယ်ဆုံး ကလပ်အသင်းတွေထဲက တစ်သင်းဖြစ်ပြီး ပရိသတ်တွေနဲ့ အသင်း ကစားသမားတွေကြား ဆက်နွယ်မှုကောင်းတွေ ပြန်ရယူနိုင်ဖို့ အရေးကြီးပါတယ်လို့ သူ့ရဲ့ ပထမဆုံး အိမ်ကွင်းပွဲ မတိုင်ခင် ထုတ်ဖော် ပြောဆိုပါတယ်။

ဒဏ်ရာပြဿနာကြောင့် အနားယူနေရတဲ့ အာဆင်နယ် ဘယ်အစွန်ခံစစ်မှူး တီရာနေးက လန်ဒန်ဒါဘီပွဲကြို ကလပ်အသင်းကို အားပေးမှု ပြုလုပ်သွားပါတယ်။

ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကလပ်အသင်း လိုအပ်တဲ့ ကစားသမားတွေကို ခေါ်ယူလို့ ရနိုင်မယ်ဆိုရင် ကစားသမားသစ် တစ်ဦး နှစ်ဦး လောက်ထိ ခေါ်ယူနိုင်ကြောင်း မန်နေဂျာ အာတီတာက ဆိုပါတယ်။ လောလောဆယ်မှာတော့ ကလပ်အသင်းမှာ ရှိနေတဲ့ ကစားသမားတွေနဲ့ အကောင်းဆုံး လုပ်နိုင်ဖို့ ရည်ရွယ်ကြောင်း ၎င်းက ဆိုပါတယ်။

ချယ်ဆီးနည်းပြ လမ်းပတ်ကတော့ နည်းပြဘ၀ ကနဦး ဟန်းနီးမွန်းကာလတွေဟာ ခပ်မြန်မြန်ပဲ ကုန်လွန်သွားနိုင်တယ်လို့ အာဆင်နယ် နည်းပြ အာတီတာကို သတိပေးလိုက်ပါတယ်။

အာဆင်နယ်နဲ့ ချယ်ဆီးအသင်းတို့ဟာ အက်သလက်တီကို ပါရာနမ့်စ် အသင်းမှ ဘရာဇီးသား ကွင်းလယ်ကစားသမား ဘရူနို ဂူမာရက်စ်ကို အပြိုင် ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက တိုက်စစ်မှူး နစ်ကိုးလပ်စ် ပီပီဟာ ကစားသမားကောင်း ဖြစ်တယ်လို့ ဆိုလိုက်ပြီး ပီပီရဲ့ အကောင်းဆုံး ပုံစံများ မကြာခင် ပြန်ရတော့မှာ ဖြစ်ကြောင်း ထောက်ခံ ပြောဆိုခဲ့ပါတယ်။

အာတီတာက အာဆင်နယ်ဟာ အင်္ဂလန်မှာ အခမ်းနားဆုံးကလပ် အဖြစ် ရှိနေဆဲလို့ ယုံကြည်နေပါတယ်။ အာတီတာက တချိန်က အာဆင်နယ်ကို ပြိုင်ဘက်အသင်း အဖြစ် ရင်ဆိုင်စဉ် အမ်းမရိတ်ကို လာတိုင်း မုန်းတီးမိခဲ့ရတယ်လို့ ဝန်ခံခဲ့ကာ လက်ရှိကလပ်အသင်းမှာလည်း ထိုသို့ ပါဝါမျိုး ပြန်လည် ရရှိဖို့ ကြိုးစားရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Zawgyi – မန္ေနဂ်ာ အာတီတာက အာဆင္နယ္ဟာ အဂၤလန္ရဲ႕ အၾကီးက်ယ္ဆံုး ကလပ္အသင္းေတြထဲက တစ္သင္းျဖစ္ျပီး ပရိသတ္ေတြနဲ႔ အသင္း ကစားသမားေတြၾကား ဆက္ႏြယ္မႈေကာင္းေတြ ျပန္ရယူႏုိင္ဖို႔ အေရးၾကီးပါတယ္လို႔ သူ႔ရဲ႕ ပထမဆံုး အိမ္ကြင္းပြဲ မတိုင္ခင္ ထုတ္ေဖာ္ ေျပာဆိုပါတယ္။

ဒဏ္ရာျပႆနာေၾကာင့္ အနားယူေနရတဲ့ အာဆင္နယ္ ဘယ္အစြန္ခံစစ္မွဴး တီရာေနးက လန္ဒန္ဒါဘီပြဲၾကိဳ ကလပ္အသင္းကို အားေပးမႈ ျပဳလုပ္သြားပါတယ္။

ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ကလပ္အသင္း လိုအပ္တဲ့ ကစားသမားေတြကို ေခၚယူလို႔ ရႏုိင္မယ္ဆိုရင္ ကစားသမားသစ္ တစ္ဦး ႏွစ္ဦး ေလာက္ထိ ေခၚယူႏုိင္ေၾကာင္း မန္ေနဂ်ာ အာတီတာက ဆိုပါတယ္။ ေလာေလာဆယ္မွာေတာ့ ကလပ္အသင္းမွာ ရွိေနတဲ့ ကစားသမားေတြနဲ႔ အေကာင္းဆံုး လုပ္ႏုိင္ဖို႔ ရည္ရြယ္ေၾကာင္း ၄င္းက ဆိုပါတယ္။

ခ်ယ္ဆီးနည္းျပ လမ္းပတ္ကေတာ့ နည္းျပဘ၀ ကနဦး ဟန္းနီးမြန္းကာလေတြဟာ ခပ္ျမန္ျမန္ပဲ ကုန္လြန္သြားနုိင္တယ္လို႔ အာဆင္နယ္ နည္းျပ အာတီတာကို သတိေပးလိုက္ပါတယ္။

အာဆင္နယ္နဲ႕ ခ်ယ္ဆီးအသင္းတို႔ဟာ အက္သလက္တီကို ပါရာနမ့္စ္ အသင္းမွ ဘရာဇီးသား ကြင္းလယ္ကစားသမား ဘရူနို ဂူမာရက္စ္ကို အျပိဳင္ ေခၚယူဖို႔ ေစာင့္ၾကည့္ေနပါတယ္။

အာဆင္နယ္နည္းျပ အာတီတာက တိုက္စစ္မွဴး နစ္ကိုးလပ္စ္ ပီပီဟာ ကစားသမားေကာင္း ျဖစ္တယ္လို႔ ဆိုလိုက္ျပီး ပီပီရဲ႕ အေကာင္းဆံုး ပံုစံမ်ား မၾကာခင္ ျပန္ရေတာ့မွာ ျဖစ္ေၾကာင္း ေထာက္ခံ ေျပာဆိုခဲ့ပါတယ္။

အာတီတာက အာဆင္နယ္ဟာ အဂၤလန္မွာ အခမ္းနားဆံုးကလပ္ အျဖစ္ ရွိေနဆဲလို႔ ယံုၾကည္ေနပါတယ္။ အာတီတာက တခ်ိန္က အာဆင္နယ္ကို ျပိဳင္ဘက္အသင္း အျဖစ္ ရင္ဆိုင္စဥ္ အမ္္းမရိတ္ကို လာတိုင္း မုန္းတီးမိခဲ့ရတယ္လို႔ ၀န္ခံခဲ့ကာ လက္ရွိကလပ္အသင္းမွာလည္း ထိုသို႔ ပါ၀ါမ်ိဳး ျပန္လည္ ရရွိဖို႔ ၾကိဳးစားရမွာ ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။