လန်ဒန်ဒါဘီပွဲ မတိုင်ခင် အာတီတာကို သတိပေးလိုက်တဲ့ ချယ်ဆီးနည်းပြ လမ်းပတ်

ချယ်ဆီးနည်းပြ လမ်းပတ်ကတော့ အာဆင်နယ်နဲ့ ဆုံမယ့် လန်ဒန်ဒါဘီပွဲ မတိုင်ခင်မှာ အာဆင်နယ်နည်းပြသစ် အာတီတာအား သတိပေးစကား ပြောကြားလိုက်ပါတယ်။ လမ်းပတ်က နည်းပြကာလ အစပိုင်း ဟန်းနီးမွန်း ကာလ ချိုမြိန်မှုတွေက ကြာကြာမခံဘူးလို့ သတိပေးခဲ့တာပါ။

ချယ်ဆီးဂန္တဝင်ကစားသမား အဖြစ် လန်ဒန်ကလပ်က ခွာခဲ့တဲ့ လမ်းပတ်က ဒီရာသီမှာတော့ နည်းပြသစ် အဖြစ် စတန်းဖို့ဘရစ်ချ်ထံ ပြန်လည် ရောက်ရှိလာတာပါ။ ယူနိုက်တက်ကို ပွဲဦးထွက် ဂိုးပြတ်ရှုံးတာကလွဲလို့ လမ်းပတ်ဟာ ချယ်ဆီးနည်းပြ ကာလအစမှာ ရှိတဲ့ လူငယ်တွေနဲ့ ဂုဏ်ထူးမှတ်ရလောက်အောင် စွမ်းဆောင်ထားခဲ့တယ် ဆိုရမှာပါ။

ဒါပေမယ့် ဒီနောက်ပိုင်းမှာတော့ ချယ်ဆီးအသင်းရဲ့ ရလဒ်နဲ့ စွမ်းဆောင်ရည်တွေက တည်ငြိမ်မှု မရှိတော့ဘဲ လမ်းပတ်အတွက် ဖိအားကြီးတွေ စတင် ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ အာတီတာကလည်း အမ်မရီ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဟောင်း ကနေ နည်းပြ အဖြစ် အမ်းမရိတ်သို့ ပြန် ရောက်ရှိလာခဲ့တာပါ။

ထိပ်သီးကလပ်အသင်းရဲ့ မန်နေဂျာ ရာထူး ဖိအားက မသေးကြောင်းနဲ့ ကနဦး ချိုမြိန်မှုတွေက ကြာမှာ မဟုတ်ကြောင်း လမ်းပတ်က အာတီတာကို သူကြုံခဲ့ရတာနဲ့ ယှဉ်ကာ သတိပေးစကား ဆိုလိုက်ပါတယ်။

” ကနဦး ဟန်းနီးမွန်းကာလ ချိုမြိန်မှုတွေက အမြဲတောက်လျောက် ကြာရှည် ခံမနေပါဘူး။ ဒါပေမယ့် အာဆင်နယ် ပရိသတ်တွေက အာတီတာကို သူတို့ လူဟောင်း တစ်ယောက် အနေနဲ့ ကောင်းစွာ လုပ်ပြနိုင်ဖို့ မျှော်လင့်ချက် ရှိထားတယ်လို့ ကျနော် ထင်တယ်။ အာတီတာက သူ့လူတွေကို နည်းပြအဖွဲ့ထဲ ခေါ်ခဲ့ပြီးပြီ။ ဒီလူတွေအပေါ် သူ မှီတည်ရတော့မယ်။ ”

” ပက် ဂွာဒီယိုလာတုန်းကလည်း သူ့အပေါ် မှီခိုခဲ့မှာ ဖြစ်သလို ကျနျော်လည်း ကျနော့် နည်းပြအဖွဲ့ဝင်တွေကို အားကိုးအားထား ပြုရတယ်။ ကစားသမား တစ်ယောက် အနေနဲ့တော့ အာတီတာက သူ ရောက်ခဲ့ ကစားခဲ့တဲ့ အသင်းတိုင်းမှာ ခေါင်းဆောင် တစ်ဦး ဖြစ်ခဲ့တယ်။ အခုလို နည်းပြလမ်းကြောင်းထဲ ဝင်လာတော့လည်း ဒီလိုပဲ ဖြစ်မယ် ထင်ပါတယ်။ ”

” သူ့ကို အောင်မြင် အဆင်ပြေစေဖို့ ကျနော် ဆုမွန်ကောင်း တောင်းပါတယ်။ ဒီတနင်္ဂနွေနေ့မှာတော့ မဟုတ်ဘူးပေါ့။ ” လို့ လမ်းပတ်က ဆိုပါတယ်။

အာတီတာက ၎င်းရဲ့ အာဆင်နယ်နည်းပြ ဘ၀ ပထမဆုံးပွဲ အဖြစ် ဘောက်ဆင်ဒေးက ဘုန်းမောက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရာ တစ်ဂိုးစီ သရေကျခဲ့ပါတယ်။ ၎င်းရဲ့ အိမ်ကွင်း ပထမဆုံးပွဲစဉ် အဖြစ်ကတော့ ဒီနေ့ညမှာ ချယ်ဆီးနဲ့ ထိပ်တိုက် ယှဉ်ပြိုင်ရတော့မှာပဲ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးနည္းျပ လမ္းပတ္ကေတာ့ အာဆင္နယ္နဲ႕ ဆံုမယ့္ လန္ဒန္ဒါဘီပြဲ မတိုင္ခင္မွာ အာဆင္နယ္နည္းျပသစ္ အာတီတာအား သတိေပးစကား ေျပာၾကားလိုက္ပါတယ္။ လမ္းပတ္က နည္းျပကာလ အစပိုင္း ဟန္းနီးမြန္း ကာလ ခ်ိဳျမိန္မႈေတြက ၾကာၾကာမခံဘူးလို႔ သတိေပးခဲ့တာပါ။

ခ်ယ္ဆီးဂႏၱ၀င္ကစားသမား အျဖစ္ လန္ဒန္ကလပ္က ခြာခဲ့တဲ့ လမ္းပတ္က ဒီရာသီမွာေတာ့ နည္းျပသစ္ အျဖစ္ စတန္းဖို႔ဘရစ္ခ်္ထံ ျပန္လည္ ေရာက္ရွိလာတာပါ။ ယူနုိက္တက္ကို ပြဲဦးထြက္ ဂိုးျပတ္ရွံဳးတာကလြဲလို႔ လမ္းပတ္ဟာ ခ်ယ္ဆီးနည္းျပ ကာလအစမွာ ရွိတဲ့ လူငယ္ေတြနဲ႕ ဂုဏ္ထူးမွတ္ရေလာက္ေအာင္ စြမ္းေဆာင္ထားခဲ့တယ္ ဆိုရမွာပါ။

ဒါေပမယ့္ ဒီေနာက္ပိုင္းမွာေတာ့ ခ်ယ္ဆီးအသင္းရဲ႕ ရလဒ္နဲ႕ စြမ္းေဆာင္ရည္ေတြက တည္ျငိမ္မႈ မရွိေတာ့ဘဲ လမ္းပတ္အတြက္ ဖိအားၾကီးေတြ စတင္ ရင္ဆုိင္ေနရျပီ ျဖစ္ပါတယ္။ အာတီတာကလည္း အမ္မရီ ထုတ္ပယ္ခံရျပီးေနာက္ ကစားသမားေဟာင္း ကေန နည္းျပ အျဖစ္ အမ္းမရိတ္သို႔ ျပန္ ေရာက္ရွိလာခဲ့တာပါ။

ထိပ္သီးကလပ္အသင္းရဲ႕ မန္ေနဂ်ာ ရာထူး ဖိအားက မေသးေၾကာင္းနဲ႕ ကနဦး ခ်ိဳျမိန္မႈေတြက ၾကာမွာ မဟုတ္ေၾကာင္း လမ္းပတ္က အာတီတာကို သူၾကံဳခဲ့ရတာနဲ႕ ယွဥ္ကာ သတိေပးစကား ဆိုလိုက္ပါတယ္။

” ကနဦး ဟန္းနီးမြန္းကာလ ခ်ိဳျမိန္မႈေတြက အျမဲေတာက္ေလ်ာက္ ၾကာရွည္ ခံမေနပါဘူး။ ဒါေပမယ့္ အာဆင္နယ္ ပရိသတ္ေတြက အာတီတာကို သူတို႔ လူေဟာင္း တစ္ေယာက္ အေနနဲ႕ ေကာင္းစြာ လုပ္ျပနုိင္ဖို႔ ေမွ်ာ္လင့္ခ်က္ ရွိထားတယ္လို႔ က်ေနာ္ ထင္တယ္။ အာတီတာက သူ႔လူေတြကို နည္းျပအဖြဲ႕ထဲ ေခၚခဲ့ျပီးျပီ။ ဒီလူေတြအေပၚ သူ မွီတည္ရေတာ့မယ္။ ”

” ပက္ ဂြာဒီယိုလာတုန္းကလည္း သူ႔အေပၚ မွီခိုခဲ့မွာ ျဖစ္သလို က်ေန်ာ္လည္း က်ေနာ့္ နည္းျပအဖြဲ႕၀င္ေတြကို အားကိုးအားထား ျပဳရတယ္။ ကစားသမား တစ္ေယာက္ အေနနဲ႕ေတာ့ အာတီတာက သူ ေရာက္ခဲ့ ကစားခဲ့တဲ့ အသင္းတိုင္းမွာ ေခါင္းေဆာင္ တစ္ဦး ျဖစ္ခဲ့တယ္။ အခုလို နည္းျပလမ္းေၾကာင္းထဲ ၀င္လာေတာ့လည္း ဒီလိုပဲ ျဖစ္မယ္ ထင္ပါတယ္။ ”

” သူ႔ကို ေအာင္ျမင္ အဆင္ေျပေစဖို႔ က်ေနာ္ ဆုမြန္ေကာင္း ေတာင္းပါတယ္။ ဒီတနဂၤေႏြေန႔မွာေတာ့ မဟုတ္ဘူးေပါ့။ ” လို႔ လမ္းပတ္က ဆိုပါတယ္။

အာတီတာက ၄င္းရဲ႕ အာဆင္နယ္နည္းျပ ဘ၀ ပထမဆုံးပြဲ အျဖစ္ ေဘာက္ဆင္ေဒးက ဘုန္းေမာက္ကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆုိင္ခဲ့ရာ တစ္ဂိုးစီ သေရက်ခဲ့ပါတယ္။ ၄င္းရဲ႕ အိမ္ကြင္း ပထမဆံုးပြဲစဥ္ အျဖစ္ကေတာ့ ဒီေန႔ညမွာ ခ်ယ္ဆီးနဲ႕ ထိပ္တိုက္ ယွဥ္ျပိဳင္ရေတာ့မွာပဲ ျဖစ္ပါတယ္။