အာဆင်နယ်မှာ ထိပ်တန်းအဆင့်ကို ရောက်လာဖို့ အလားအလာရှိသူအကြောင်း အာတီတာ ဖွင့်ဟ

အာဆင်နယ်မန်နေဂျာ အာတီတာက ကလပ်အသင်း တောင်ပံသမား ပီပီက ယုံကြည်မှုတွေ လိုအပ်နေပေမယ့် ထိပ်တန်း ကစားသမားဖြစ်လာဖို့ အလားအလာကောင်းတွေ အများကြီးကို ပိုင်ဆိုင်ထားသူပါလို့ ထုတ်ဖော် ချီးကျူးပါတယ်။

မန်စီးတီးမှာ စတာလင်၊ ဆာနေး၊ မာရက်စ် အစရှိတဲ့ တောင်ပံတိုက်စစ်သမားတွေကို လေ့ကျင့်မှုတွေ ပြုလုပ်ပေးခဲ့တဲ့ အာတီတာက ပီပီရဲ့ အလားအလာကို မြင်ထားပြီး တိုက်စစ်သမားက စွမ်းဆောင်ရည်ကို တည်ငြိမ်တဲ့ အဆင့်မှာ အမြဲတမ်း ထိန်းထားနိုင်ဖို့ အရေးကြီးပါတယ်လို့ ဆိုပါတယ်။

အာတီတာက ပြောရာမှာ ” ပြင်သစ်ကနေ ဒီကို ပြောင်းလာခဲ့တာ သူ့အတွက် ကြီးမားတဲ့ အခွင့်အရေးပါ။ ဒီအခြေအနေမှာ သူပါဝင်နေတဲ့ အသင်းကလည်း စွမ်းဆောင်ရည်ကောင်းတွေ မရဘူးဖြစ်နေတယ်။ ဒါက သူ့ကို အထိုင်ကျဖိုလည်း အခက်အခဲ ဖြစ်နေစေပါတယ်။ သူ့ကြောင့်ပဲ မဟုတ်ပါဘူး။ ကျနေ်ာတို့ကလည်း သူ့ကို ကူညီရမှာပါ။

သူ ကြိုးစားသင်ယူပြီး အားထုတ်မှုတွေ လုပ်မယ်ဆိုရင် ပီပီက ထိပ်တန်းဆိုတဲ့ ထိပ်တန်းအဆင့်ကို တက်လှမ်းနိုင်မယ့် အလားအလာတွေ ရှိသူဖြစ်တယ်။ ဘုန်းမောက်နဲ့ပွဲမှာ သူ ဘယ်လောက်ထိ ကောင်းသလဲဆိုတာကို လှုပ်ရှားမှုတွေနဲ့ ပြသခဲ့တယ်။ ဒါပေမယ့် သူက စွမ်းဆောင်ရည်ကောင်းတွေကို တည်တည်ငြိမ်ငြိမ် ဆက်ပြသနေဖို့ လိုပါတယ် ” လို့ဖြစ်တယ်။

အာဆင်နယ်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၄ ပွဲမှာ ၁ ပွဲပဲ အနိုင်ရထားတာပါ။ ဒီအခြေအနေက ပီပီရဲ့ ယုံကြည်မှုကို အမြင့်ဆုံး ရောက်ဖို့ အကူအညီ မဖြစ်ခဲ့ပေမယ့် ကစားသမား အလားအလာကောင်းတွေကို ပြသနိုင်ဖို့ကိုလည်း အာတီတာက စိန်ခေါ်ခဲ့ပါတယ်။

” ယုံကြကည်မှုနဲ့ ပက်သက်လို့ ပြဿနာက သူက ကိုယ်ပါဝင်ကစားရတဲ့အချိန်နဲ့ မန်နေဂျာက အကောင်းဆုံး လေ့ကျင့်ပေးချိန်တွေမှာပဲ ယုံကြည်မှုရှိပါတယ်။ ဒီအခြေအနေကို အကောင်းဆုံး ဟန်ချက်ညီအောင် ပေါင်းစပ်ပေးရမှာ ဖြစ်ပါတယ် ” လို့ အာတီတာက ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

အာဆင္နယ္မန္ေနဂ်ာ အာတီတာက ကလပ္အသင္း ေတာင္ပံသမား ပီပီက ယံုၾကည္မႈေတြ လိုအပ္ေနေပမယ့္ ထိပ္တန္း ကစားသမားျဖစ္လာဖို႔ အလားအလာေကာင္းေတြ အမ်ားၾကီးကို ပိုင္ဆုိင္ထားသူပါလို႔ ထုတ္ေဖာ္ ခ်ီးက်ဴးပါတယ္။

မန္စီးတီးမွာ စတာလင္၊ ဆာေနး၊ မာရက္စ္ အစရွိတဲ့ ေတာင္ပံတိုက္စစ္သမားေတြကို ေလ့က်င့္မႈေတြ ျပဳလုပ္ေပးခဲ့တဲ့ အာတီတာက ပီပီရဲ႕ အလားအလာကို ျမင္ထားျပီး တိုက္စစ္သမားက စြမ္းေဆာင္ရည္ကို တည္ျငိမ္တဲ့ အဆင့္မွာ အျမဲတမ္း ထိန္းထားႏုိင္ဖို႔ အေရးၾကီးပါတယ္လို႔ ဆိုပါတယ္။

အာတီတာက ေျပာရာမွာ ” ျပင္သစ္ကေန ဒီကို ေျပာင္းလာခဲ့တာ သူ႔အတြက္ ၾကီးမားတဲ့ အခြင့္အေရးပါ။ ဒီအေျခအေနမွာ သူပါဝင္ေနတဲ့ အသင္းကလည္း စြမ္းေဆာင္ရည္ေကာင္းေတြ မရဘူးျဖစ္ေနတယ္။ ဒါက သူ႔ကို အထိုင္က်ဖိုလည္း အခက္အခဲ ျဖစ္ေနေစပါတယ္။ သူ႔ေၾကာင့္ပဲ မဟုတ္ပါဘူး။ က်ေန္ာတုိ႔ကလည္း သူ႔ကို ကူညီရမွာပါ။

သူ ၾကိဳးစားသင္ယူျပီး အားထုတ္မႈေတြ လုပ္မယ္ဆိုရင္ ပီပီက ထိပ္တန္းဆိုတဲ့ ထိပ္တန္းအဆင့္ကို တက္လွမ္းႏုိင္မယ့္ အလားအလာေတြ ရွိသူျဖစ္တယ္။ ဘုန္းေမာက္နဲ႔ပြဲမွာ သူ ဘယ္ေလာက္ထိ ေကာင္းသလဲဆိုတာကို လႈပ္ရွားမႈေတြနဲ႔ ျပသခဲ့တယ္။ ဒါေပမယ့္ သူက စြမ္းေဆာင္ရည္ေကာင္းေတြကို တည္တည္ျငိမ္ျငိမ္ ဆက္ျပသေနဖို႔ လိုပါတယ္ ” လို႔ျဖစ္တယ္။

အာဆင္နယ္ဟာ ျပိဳင္ပြဲစံု ေနာက္ဆံုး ၁၄ ပြဲမွာ ၁ ပြဲပဲ အႏုိင္ရထားတာပါ။ ဒီအေျခအေနက ပီပီရဲ႕ ယံုၾကည္မႈကို အျမင့္ဆံုး ေရာက္ဖို႔ အကူအညီ မျဖစ္ခဲ့ေပမယ့္ ကစားသမား အလားအလာေကာင္းေတြကို ျပသႏုိင္ဖို႔ကိုလည္း အာတီတာက စိန္ေခၚခဲ့ပါတယ္။

” ယံုၾကကည္မႈနဲ႔ ပက္သက္လို႔ ျပႆနာက သူက ကိုယ္ပါဝင္ကစားရတဲ့အခ်ိန္နဲ႔ မန္ေနဂ်ာက အေကာင္းဆံုး ေလ့က်င့္ေပးခ်ိန္ေတြမွာပဲ ယံုၾကည္မႈရွိပါတယ္။ ဒီအေျခအေနကို အေကာင္းဆံုး ဟန္ခ်က္ညီေအာင္ ေပါင္းစပ္ေပးရမွာ ျဖစ္ပါတယ္ ” လို႔ အာတီတာက ဆိုခဲ့တာျဖစ္ပါတယ္။