အာတီတာရဲ့ ပွဲဦးထွက် လှုပ်ခတ်မှုများ၊ ရာဘီရော့၊ ဇာခါတိုနဲ့ အာဆင်နယ် ညနေခင်းသတင်းများ

အာဆင်နယ် တိုက်စစ်မူှးဟောင်း အွန်နရီကတော့ အာတီတာရဲ့ အာဆင်နယ် ပွဲဦးထွက် ဘုန်းမောက်နဲ့ သရေပွဲ အပေါ် အားရမှု မရှိဘဲ ဘုန်းမောက်ကို ဂိုးပေးလိုက်ရတဲ့ အဖြစ်ကို ကြည့်ရင် ၎င်းတို့ဟာ တူညီတဲ့ ကစားသမားတွေရဲ့ အမှားကိုပဲ ထပ်ခါတလဲလဲ ပြောနေရဆဲ ဖြစ်တယ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီးယန်းကတော့ ဘုန်းမောက်နဲ့ ပွဲမှာ အာဆင်နယ်ဟာ အနိုင် သုံးမှတ် ရခဲ့သင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်ရဲ့ ကစားပုံဟာ ဒုတိယပိုင်းမှာ တိုးတက် ကောင်းမွန်ခဲ့ပါတယ်။

အာဆင်နယ် ကွင်းလယ်ကစားသမား ဇာခါဟာ ဘွန်ဒစ်လီဂါကလပ် ဟယ်သာဘာလင်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း ကစားသမား အေးဂျင့် ဖြစ်သူက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အာဆင်နယ်က ဇန်နဝါရီမှာ ရာဘီရော့ကို ခေါ်ယူဖို့ ပစ်မှတ်ထးနေပေမယ့် စီးရီးအေ ကလပ် ဂျူဗင်တပ်ကတော့ အသင်းထံ ရောက်တာ ၆ လသာ ရှိသေးတဲ့ ကစားသမားအတွက် ဘယ်လို ကမ်းလှမ်းမှုမျိုးကို မဆို ပယ်ချသွားဖို့ ပြင်ဆင်နေပါတယ်။

အာဆင်နယ် နည်းပြ အာတီတာက ကွင်းလယ်ကစားသမား အိုဇေးလ်ကို ချီးကျူးလိုက်ပြီး သူ စရောက်တဲ့ နေ့တည်းက ထရိန်နင်မှာ အိုဇေးလ် ပြသခဲ့တဲ့ သဘောထားနဲ့ အပြုအမူတွေက သိပ်ကောင်းမွန်တယ်လို့ ဆိုခဲ့ပါတယ်။

လိဒ်ယူနိုက်တက်မှာ အငှားချထားခဲ့တဲ့ လူငယ်ကစားသမား အန်ကတ်တီယာက ပွဲကစားချိန် နည်းပါးနေတာကြောင့် အာဆင်နယ်က ဇန်နဝါရီမှာ အသင်းထံ ပြန်ခေါ်လိုနေပြီး လိဒ်နဲ့ အာဆင်နယ် ကလပ်အသင်း နှစ်သင်းကြား ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းက ခံစစ်မှူး Dayot Upamecano ကို ပစ်မှတ်ထားလာတာကြောင့် လိုက်ပ်ဇစ်အသင်းဟာ ဈေးကွက်ထဲမှာ အစားထိုးစရာ ဗဟို ခံစစ်မှူးရှာဖွေနေပြီး ထိုအချက်က ဂန်းနားတို့အတွက် သတင်းကောင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။

Zawgyi – အာဆင္နယ္ တိုက္စစ္မဴွးေဟာင္း အြန္နရီကေတာ့ အာတီတာရဲ႕ အာဆင္နယ္ ပြဲဦးထြက္ ဘုန္းေမာက္နဲ႕ သေရပြဲ အေပၚ အားရမႈ မရွိဘဲ ဘုန္းေမာက္ကို ဂိုးေပးလိုက္ရတဲ့ အျဖစ္ကို ၾကည့္ရင္ ၄င္းတို႕ဟာ တူညီတဲ့ ကစားသမားေတြရဲ႕ အမွားကိုပဲ ထပ္ခါတလဲလဲ ေျပာေနရဆဲ ျဖစ္တယ္လို႔ မွတ္ခ်က္ျပဳလိုက္ပါတယ္။

အာဆင္နယ္အသင္းေခါင္းေဆာင္ တိုက္စစ္မွဴး အူဘာမီးယန္းကေတာ့ ဘုန္းေမာက္နဲ႕ ပြဲမွာ အာဆင္နယ္ဟာ အနိုင္ သံုးမွတ္ ရခဲ့သင့္တယ္လုိ႔ ေျပာဆိုလိုက္ပါတယ္။ အာဆင္နယ္ရဲ႕ ကစားပံုဟာ ဒုတိယပိုင္းမွာ တိုးတက္ ေကာင္းမြန္ခဲ့ပါတယ္။

အာဆင္နယ္ ကြင္းလယ္ကစားသမား ဇာခါဟာ ဘြန္ဒစ္လီဂါကလပ္ ဟယ္သာဘာလင္အသင္းထံ ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈ ရခဲ့ျပီ ျဖစ္ေၾကာင္း ကစားသမား ေအးဂ်င့္ ျဖစ္သူက ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။

အာဆင္နယ္က ဇန္န၀ါရီမွာ ရာဘီေရာ့ကို ေခၚယူဖို႔ ပစ္မွတ္ထားေနေပမယ့္ စီးရီးေအ ကလပ္ ဂ်ဴဗင္တပ္ကေတာ့ အသင္းထံ ေရာက္တာ ၆ လသာ ရွိေသးတဲ့ ကစားသမားအတြက္ ဘယ္လို ကမ္းလွမ္းမႈမ်ိဳးကို မဆို ပယ္ခ်သြားဖို႔ ျပင္ဆင္ေနပါတယ္။

အာဆင္နယ္ နည္းျပ အာတီတာက ကြင္းလယ္ကစားသမား အိုေဇးလ္ကို ခ်ီးက်ဴးလိုက္ျပီး သူ စေရာက္တဲ့ ေန႔တည္းက ထရိန္နင္မွာ အိုေဇးလ္ ျပသခဲ့တဲ့ သေဘာထားနဲ႕ အျပဳအမူေတြက သိပ္ေကာင္းမြန္တယ္လို႔ ဆိုခဲ့ပါတယ္။

လိဒ္ယူနိုက္တက္မွာ အငွားခ်ထားခဲ့တဲ့ လူငယ္ကစားသမား အန္ကတ္တီယာက ပြဲကစားခ်ိန္ နည္းပါးေနတာေၾကာင့္ အာဆင္နယ္က ဇန္န၀ါရီမွာ အသင္းထံ ျပန္ေခၚလိုေနျပီး လိဒ္နဲ႕ အာဆင္နယ္ ကလပ္အသင္း နွစ္သင္းၾကား ေဆြးေႏြးေနဆဲ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းက ခံစစ္မွဴး Dayot Upamecano ကို ပစ္မွတ္ထားလာတာေၾကာင့္ လိုက္ပ္ဇစ္အသင္းဟာ ေစ်းကြက္ထဲမွာ အစားထိုးစရာ ဗဟို ခံစစ္မွဴးရွာေဖြေနျပီး ထိုအခ်က္က ဂန္းနားတို႕အတြက္ သတင္းေကာင္းလို႔ ဆိုရမွာ ျဖစ္ပါတယ္။