အာဆင်နယ်နဲ့ ချယ်ဆီး လန်ဒန်ဒါဘီပွဲမှာ ဘယ်အသင်း အနိုင်ရမယ့် ခန့်မှန်းတဲ့ မိုက်ကယ် အိုဝင်

ဒီအပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းအဖြစ် အာဆင်နယ်နဲ့ ချယ်ဆီးတို့ အမ်းမရိတ်ကွင်းမှာ ထိပ်တိုက်တွေ့ပြီဖြစ်ပါတယ်။

အာဆင်နယ်ဟာ မန်နေဂျာသစ် အာတီတာရဲ့ ပထမဆုံးကိုင်တွယ်မှုမှာ သရေရလဒ် ရယူထားပြီး စွမ်းဆောင်ရည်ကောင်း ပြသထားပေမယ့် အနိုင်ရလဒ်တော့ မယူနိုင်ခဲ့ဘူး။ ချယ်ဆီးကလည်း စပါးကို အဝေးကွင်းမှာ အနိုင်ယူခဲ့ပြီး အိမ်ကွင်းမှာတင် ဆောက်သမ်တန်ကို ဂိုးပြတ် အရေးနိမ့်ထားကာ ရလဒ် မတည်ငြိမ်ပါဘူး။

အနိုင်သုံးမှတ်တွေ လိုအပ်နေတဲ့ လန်ဒန်ကလပ်နှစ်သင်း ထိပ်တိုက်တွေ့မှုမှာ သွင်းဂိုတွေ မြင်ရဖို့ ရှိနေပေမယ့် တစ်သင်းသင်းက ပြတ်သားတဲ့ ရလဒ်ကို ရယူဖို့တော့ မထင်ကြောင်း အိုဝင်က ဆိုပါတယ်။

မိုက်ကယ် အိုဝင်က ” ချယ်ဆီးက ဒီရာသီ အမှတ်ပေးပွဲ ၇ ပွဲထိ အရေးနိမ့်ထားပြီဖြစ်ပါတယ်။ တနင်္ဂနွေနေ့က ဝမ်းသာပီတိဖြစ်စရာအဖြစ် စပါးကို အဝေးကွင်းမှာ အနိုင်ရပြီး ဘောက်ဆင်ဒေးနေ့မှာ ဆောက်သမ်တန်ကို စတမ်းဖိုဒ့်ဘရစ်မှာ အရေးနိမ့်ခဲ့တယ်။ သူတို့က ရလဒ်ကို ပြန်လည် တုန့်ပြန်ပြလိုပါလိမ့်မယ်။

ဒီပွဲက အာဆင်နယ်မန်နေဂျာ အာတီတာရဲ့ အမ်းမရိတ်ကွင်းအတွင်း ပထမဆုံး ကိုင်တွယ်တဲ့ပွဲဖြစ်ပါတယ်။ အဲဗာတန်နဲ့ ဘုန်းမောက်ပွဲတွေကို သရေကျခဲ့ပြီးတဲ့နောက် လန်ဒန်ဒါဘီမှာလည်း ဂန်းနားတို့ သရေရလဒ်ပဲ ထပ်ရဦးမယ်လို့ ကျနော် ထင်ပါတယ် ” လို့ သုံးသပ်ခဲ့တယ်။

အာဆင်နယ်နဲ့ ချယ်ဆီးတို့ရဲ့ လန်ဒန်ဒါဘီပွဲမှာ နှစ်သင်းလုံး ဂိုးသွင်းပြီး သရေရလဒ် ထွက်ပေါ်လိမ့်မယ်လို့ အိုဝင်က ခန့်မှန်းသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္မွာေတာ့ ပရီးမီးယားလိဂ္ ပြဲၾကီးပြဲေကာင္းအျဖစ္ အာဆင္နယ္နဲ႔ ခ်ယ္ဆီးတို႔ အမ္းမရိတ္ကြင္းမွာ ထိပ္တိုက္ေတြ႔ျပီျဖစ္ပါတယ္။

အာဆင္နယ္ဟာ မန္ေနဂ်ာသစ္ အာတီတာရဲ႕ ပထမဆံုးကိုင္တြယ္မႈမွာ သေရရလဒ္ ရယူထားျပီး စြမ္းေဆာင္ရည္ေကာင္း ျပသထားေပမယ့္ အႏုိင္ရလဒ္ေတာ့ မယူႏုိင္ခဲ့ဘူး။ ခ်ယ္ဆီးကလည္း စပါးကို အေဝးကြင္းမွာ အႏုိင္ယူခဲ့ျပီး အိမ္ကြင္းမွာတင္ ေဆာက္သမ္တန္ကို ဂိုးျပတ္ အေရးနိမ့္ထားကာ ရလဒ္ မတည္ျငိမ္ပါဘူး။

အႏုိင္သံုးမွတ္ေတြ လိုအပ္ေနတဲ့ လန္ဒန္ကလပ္ႏွစ္သင္း ထိပ္တိုက္ေတြ႔မႈမွာ သြင္းဂိုေတြ ျမင္ရဖို႔ ရွိေနေပမယ့္ တစ္သင္းသင္းက ျပတ္သားတဲ့ ရလဒ္ကို ရယူဖို႔ေတာ့ မထင္ေၾကာင္း အိုဝင္က ဆိုပါတယ္။

မိုက္ကယ္ အိုဝင္က ” ခ်ယ္ဆီးက ဒီရာသီ အမွတ္ေပးပြဲ ၇ ပြဲထိ အေရးနိမ့္ထားျပီျဖစ္ပါတယ္။ တနဂၤေႏြေန႔က ဝမ္းသာပီတိျဖစ္စရာအျဖစ္ စပါးကို အေဝးကြင္းမွာ အႏုိင္ရျပီး ေဘာက္ဆင္ေဒးေန႔မွာ ေဆာက္သမ္တန္ကို စတမ္းဖိုဒ့္ဘရစ္မွာ အေရးနိမ့္ခဲ့တယ္။ သူတို႔က ရလဒ္ကို ျပန္လည္ တုန္႔ျပန္ျပလုိပါလိမ့္မယ္။

ဒီပြဲက အာဆင္နယ္မန္ေနဂ်ာ အာတီတာရဲ႕ အမ္းမရိတ္ကြင္းအတြင္း ပထမဆံုး ကိုင္တြယ္တဲ့ပြဲျဖစ္ပါတယ္။ အဲဗာတန္နဲ႔ ဘုန္းေမာက္ပြဲေတြကို သေရက်ခဲ့ျပီးတဲ့ေနာက္ လန္ဒန္ဒါဘီမွာလည္း ဂန္းနားတို႔ သေရရလဒ္ပဲ ထပ္ရဦးမယ္လို႔ က်ေနာ္ ထင္ပါတယ္ ” လို႔ သံုးသပ္ခဲ့တယ္။

အာဆင္နယ္နဲ႔ ခ်ယ္ဆီးတို႔ရဲ႕ လန္ဒန္ဒါဘီပြဲမွာ ႏွစ္သင္းလံုး ဂိုးသြင္းျပီး သေရရလဒ္ ထြက္ေပၚလိမ့္မယ္လို႔ အိုဝင္က ခန္႔မွန္းသြားခဲ့တာ ျဖစ္ပါတယ္။