အာတီတာရဲ့ အများသိအောင် ထုတ်ပြောမှုကို ဒေါသထွက်နေတဲ့ ရှာကာ

အာဆင်နယ်မန်နေဂျာသစ် အာတီတာက သူ့အပေါ် ချီးကျူးမှုနဲ့အတူ အများသိအောင် ထုတ်ဖော်ပြောဆိုမှုနဲ့ ပက်သက်လို့ ကွင်းလယ်လူ ရှာခါက ဒေါသထွက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အာတီတာဟာ အာဆင်နယ်ကို တာဝန်ယူတာ သီတင်းပတ် တစ်ခုပဲ ရှိသေးပေမယ့် အသင်းခေါင်းဆောင်ဟောင်းကို ဆက်ထိန်းဖို့၊ အိုဇေးရဲ့ စိတ်ဓါတ်ပိုင်းကို ပိုကောင်းလာအောင် လုပ်ဖို့နဲ့ တိုက်စစ် ခံစစ် ဟန်ချက်ညီမှုကို အဖြေရှာဖို့ အစရှိတဲ့ ပြဿနာအရပ်ရပ်အတွက် တိုးတက်လာအောင် ဘယ်လိုလုပ်မလဲအပေါ် စောင့်ကြည့်ခံနေရတာဖြစ်တယ်။

ရှာခါဟာ အာဆင်နယ်ပရိသတ်တွေနဲ့ အဆင်မပြေမှု ဖြစ်ခဲ့ရာကနေ ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာဖို့ အတော်လေး ပြင်ဆင်ထားခဲ့ပြီး မန်နေဂျာရဲ့ ပြောစကားကို ဒေါသထွက်ခဲ့တာလို့ သိရတာဖြစ်တယ်။ နှစ်ဦးဟာ ဘုန်းမောက်ပွဲမတိုင်ခင် စကားပြောမှုရှိခဲ့ပြီး အသင်းကနေ ထွက်ခွာသွားရရင်တောင် ကျေနပ်တဲ့ သဘောတွေ ပါဝင်ထားခဲ့ကြပါတယ်။

ရှာခါရဲ့ အေးဂျင့်ဖြစ်သူ Noguera က ” အခြေအနေက အဲ့လိုဖြစ်နေတယ်။ ကျနော်တို့ ဟာသာဘာလင်နဲ့ သဘောတူညီမှု ရထားပြီး အာဆင်နယ်အကြီးအကဲ ဆမ်လီဟီး၊ အားကစားဒါရိုက်တာ အီဒူး၊ မန်နေဂျာ အာတီတာတို့နဲ့လည်း စကားပြောထားပါတယ်။ ရှာခါကတော့ ဂျာမနီကိုပဲ တစ်ကျော့ပြန်သွားလိုနေတယ် ” လို့ ဝန်ခံသွားခဲ့တာဖြစ်တယ်။

ရှာခါဘက်က ကိုယ်စားလှယ်တွေနဲ့ ဟာသာဘာလင်ကြားမှာ စည်းမျဉ်းစည်းကမ်းဆိုင်ရာ သဘောတူညီမှုတွေ ရထားပြီး ပြောင်းရွှေ့ကြေးတော့ သဘောတူညီမှု မရသေးပပါဘူး။ ဟာသာဘက်က ပေါင် ၂၁ သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းမှုလုပ်ဖို့ စားပွဲထိုင်လိုပြီး အာဆင်နယ်ဘက်က ပိုများတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့မှ လက်လွတ်လိုနေတယ်လို့ သိရပါတယ်။

ZAWGYI

အာဆင္နယ္မန္ေနဂ်ာသစ္ အာတီတာက သူ႔အေပၚ ခ်ီးက်ဴးမႈနဲ႔အတူ အမ်ားသိေအာင္ ထုတ္ေဖာ္ေျပာဆိုမႈနဲ႔ ပက္သက္လို႔ ကြင္းလယ္လူ ရွာခါက ေဒါသထြက္ေနတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။

အာတီတာဟာ အာဆင္နယ္ကို တာဝန္ယူတာ သီတင္းပတ္ တစ္ခုပဲ ရွိေသးေပမယ့္ အသင္းေခါင္းေဆာင္ေဟာင္းကို ဆက္ထိန္းဖို႔၊ အိုေဇးရဲ႕ စိတ္ဓါတ္ပိုင္းကို ပိုေကာင္းလာေအာင္ လုပ္ဖို႔နဲ႔ တိုက္စစ္ ခံစစ္ ဟန္ခ်က္ညီမႈကို အေျဖရွာဖို႔ အစရွိတဲ့ ျပႆနာအရပ္ရပ္အတြက္ တိုးတက္လာေအာင္ ဘယ္လိုလုပ္မလဲအေပၚ ေစာင့္ၾကည့္ခံေနရတာျဖစ္တယ္။

ရွာခါဟာ အာဆင္နယ္ပရိသတ္ေတြနဲ႔ အဆင္မေျပမႈ ျဖစ္ခဲ့ရာကေန ဇန္နဝါရီမွာ အသင္းကေန ထြက္ခြာဖို႔ အေတာ္ေလး ျပင္ဆင္ထားခဲ့ျပီး မန္ေနဂ်ာရဲ႕ ေျပာစကားကို ေဒါသထြက္ခဲ့တာလို႔ သိရတာျဖစ္တယ္။ ႏွစ္ဦးဟာ ဘုန္းေမာက္ပြဲမတိုင္ခင္ စကားေျပာမႈရွိခဲ့ျပီး အသင္းကေန ထြက္ခြာသြားရရင္ေတာင္ ေက်နပ္တဲ့ သေဘာေတြ ပါဝင္ထားခဲ့ၾကပါတယ္။

ရွာခါရဲ႕ ေအးဂ်င့္ျဖစ္သူ Noguera က ” အေျခအေနက အဲ့လိုျဖစ္ေနတယ္။ က်ေနာ္တို႔ ဟာသာဘာလင္နဲ႔ သေဘာတူညီမႈ ရထားျပီး အာဆင္နယ္အၾကီးအကဲ ဆမ္လီဟီး၊ အားကစားဒါရိုက္တာ အီဒူး၊ မန္ေနဂ်ာ အာတီတာတို႔နဲ႔လည္း စကားေျပာထားပါတယ္။ ရွာခါကေတာ့ ဂ်ာမနီကိုပဲ တစ္ေက်ာ့ျပန္သြားလိုေနတယ္ ” လို႔ ဝန္ခံသြားခဲ့တာျဖစ္တယ္။

ရွာခါဘက္က ကိုယ္စားလွယ္ေတြနဲ႔ ဟာသာဘာလင္ၾကားမွာ စည္းမ်ဥ္းစည္းကမ္းဆုိင္ရာ သေဘာတူညီမႈေတြ ရထားျပီး ေျပာင္းေရႊ႔ေၾကးေတာ့ သေဘာတူညီမႈ မရေသးပပါဘူး။ ဟာသာဘက္က ေပါင္ ၂၁ သန္း ဝန္းက်င္နဲ႔ ကမ္းလွမ္းမႈလုပ္ဖို႔ စားပြဲထိုင္လိုျပီး အာဆင္နယ္ဘက္က ပိုမ်ားတဲ့ ေျပာင္းေရႊ႔ေၾကးေတြနဲ႔မွ လက္လြတ္လိုေနတယ္လုိ႔ သိရပါတယ္။