အာဆင်နယ် နိုင်ပွဲရခဲ့သင့်ကြောင်း ဆိုလိုက်တဲ့ တိုက်စစ်မှူး အူဘာမီးယန်း

ကြာသပတေးနေ့ည ကစားသွားခဲ့တဲ့ နည်းပြသစ် အာတီတာရဲ့ အာဆင်နယ်ပွဲဦးထွက်ကတော့ အဝေးကွင်းမှာ ဘုန်းမောက်ကို ၁ ဂိုးစီ သရေ ရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ အာဆင်နယ်ဟာ အိမ်ရှင် ဘုန်းမောက်ရဲ့ ဦးဆောင်ဂိုးကို ပထမပိုင်း ၃၅ မိနစ်မှာ ခွင့်ပြုခဲ့ရပြီး ချေပဂိုးကိုတော့ ဒုတိယပိုင်း ပွဲချိန် ၆၃ မိနစ်မှ အာဆင်နယ် အသင်းခေါင်းဆောင် အူဘာမီးယန်းက သွင်းယူပေးခဲ့တာပါ။

ပထမပိုင်းပြီး နားချိန်ကနေ ပြန်လာတဲ့နောက် ဧည့်သည် အာဆင်နယ်အသင်းက ပိုကောင်းအောင် ကစားနိုင်ခဲ့ပြီး ပွဲကို လွှမ်းမိုးခဲ့ပါတယ်။ အူဘာမီးယန်းက အချိန်ကိုက် နေရာကိုက် ယူကာ ချေပဂိုးကို လှလှပပ သွင်းယူပေးခဲ့ပါတယ်။ အာတီတာ ခေတ်သစ်မှာ ပထမဆုံး ဂိုးသွင်းနိုင်ခဲ့တဲ့ အတွက် အူဘာမီးယန်းက ဝမ်းမြောက်နေပြီး အခွင့်အရေးတွေကိုသာ သေချာ အသုံးချနိုင်ရင် အာဆင်နယ် နိုင်ပွဲ ရလုနီးပါး ရှိခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

” ဒုတိယပိုင်းမှာ အခွင့်အရေး တော်တော်များများ ကျနေ်ာတို့ လွဲချော်ခဲ့တယ်။ ကျနေ်ာတို့ အနိုင် သုံးမှတ် ပြည့် ရခဲ့သင့်တာပါ။ အခုတော့ တစ်မှတ်စီပေါ့။ အသင်းသားတွေရဲ့ စိတ်ဓာတ်ပိုင်းကတော့ ကောင်းတယ် ကျနေ်ာထင်တယ် ဒါပေမယ့် အခွင့်အရေးတွေ အသုံးချမှု အပိုင်းတော့ တိုးတက်အောင် လုပ်ရမှာပေါ့။ ”

” ပထမပိုင်းပြီးလို့ နားချိန်မှာ အာတီတာက အခုပုံစံအတိုင်း ဆက်ကစားသွားဖို့ တိုက်တွန်းခဲ့တယ်။ ဒီတော့ ဆက် ကြိုးစား ဖြစ်ခဲ့တယ်။ ကျနေ်ာတို့ အစီအစဉ်ကိုလည်း လေးစားမှု ရှိပြီး ဒါက တကယ်လည်း အလုပ်ဖြစ်ခဲ့တယ်။ ”

” အားလုံးက ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့တာပါ။ ကျနေ်ာတို့ တွန်းတွန်းတိုက်တိုက် အားထုတ်ခဲ့တယ်။ အာတီတာ အလိုရှိသလို ကစားပြခဲ့တယ်။ ကျနော်တို့ ဒိထက် ပို တိုးတက်လာဖို့ မျှော်လင့်ရပါတယ်။ နောက်ပွဲတွေက ခက်ခဲဦးမှာ သိပါတယ်။ ဒါပေမယ့် ကျနေ်ာတို့ ယုံကြည်မှုတွေ ရှိနေတယ်။ ” လို့ အူဘာမီးယန်းက ဆိုပါတယ်။

အာဆင်နယ်ဟာ လာမယ့် တနင်္ဂနွေနေ့ အိမ်ကွင်းမှာ ချယ်ဆီးနဲ့ လန်ဒန် ဒါဘီပွဲ ကစားရမှာ ဖြစ်ပြီး သုံးရက် အကြာမှာပဲ မန်ချက်စတာ ယူနိုက်တက်နဲ့ နောက်ထပ် ကစားရဦးမှာပါ။

Zawgyi – ၾကာသပေတးေန႔ည ကစားသြားခဲ့တဲ့ နည္းျပသစ္ အာတီတာရဲ႕ အာဆင္နယ္ ပြဲဦးထြက္ကေတာ့ အေ၀းကြင္းမွာ ဘုန္းေမာက္ကို ၁ ဂိုးစီ သေရ ရလဒ္နဲ႕ ျပီးဆံုးခဲ့ပါတယ္။ အာဆင္နယ္ဟာ အိမ္ရွင္ ဘုန္းေမာက္ရဲ႕ ဦးေဆာင္ဂိုးကို ပထမပိုင္း ၃၅ မိနစ္မွာ ခြင့္ျပဳခဲ့ရျပီး ေခ်ပဂိုးကိုေတာ့ ဒုတိယပိုင္း ပြဲခ်ိန္ ၆၃ မိနစ္မွ အာဆင္နယ္ အသင္းေခါင္းေဆာင္ အူဘာမီးယန္းက သြင္းယူေပးခဲ့တာပါ။

ပထမပိုင္းျပီး နားခ်ိန္ကေန ျပန္္လာတဲ့ေနာက္ ဧည့္သည္ အာဆင္နယ္အသင္းက ပိုေကာင္းေအာင္ ကစားနုိင္ခဲ့ျပီး ပြဲကို လႊမ္းမိုးခဲ့ပါတယ္။ အူဘာမီးယန္းက အခ်ိန္ကိုက္ ေနရာကိုက္ ယူကာ ေခ်ပဂိုးကို လွလွပပ သြင္းယူေပးခဲ့ပါတယ္။ အာတီတာ ေခတ္သစ္မွာ ပထမဆံုး ဂိုးသြင္းနုိင္ခဲ့တဲ့ အတြက္ အူဘာမီးယန္းက ၀မ္းေျမာက္ေနျပီး အခြင့္အေရးေတြကိုသာ ေသခ်ာ အသံုးခ်နိုင္ရင္ အာဆင္နယ္ နိုင္ပြဲ ရလုနီးပါး ရွိခဲ့တယ္လို႔ ၄င္းက ဆိုပါတယ္။

” ဒုတိယပိုင္းမွာ အခြင့္အေရး ေတာ္ေတာ္မ်ားမ်ား က်ေန္ာတို႔ လြဲေခ်ာ္ခဲ့တယ္။ က်ေန္ာတို႔ အနိုင္ သံုးမွတ္ ျပည့္ ရခဲ့သင့္တာပါ။ အခုေတာ့ တစ္မွတ္စီေပါ့။ အသင္းသားေတြရဲ႕ စိတ္ဓာတ္ပိုင္းကေတာ့ ေကာင္းတယ္ က်ေန္ာထင္တယ္ ဒါေပမယ့္ အခြင့္အေရးေတြ အသံုးခ်မႈ အပိုင္းေတာ့ တိုးတက္ေအာင္ လုပ္ရမွာေပါ့။ ”

” ပထမပိုင္းျပီးလို႔ နားခ်ိန္မွာ အာတီတာက အခုပံုစံအတိုင္း ဆက္ကစားသြားဖို႔ တိုက္တြန္းခဲ့တယ္။ ဒီေတာ့ ဆက္ ၾကိဳးစား ျဖစ္ခဲ့တယ္။ က်ေန္ာတို႔ အစီအစဥ္ကိုလည္း ေလးစားမႈ ရွိျပီး ဒါက တကယ္လည္း အလုပ္ျဖစ္ခဲ့တယ္။ ”

” အားလံုးက ၾကိဳးၾကိဳးစားစား အလုပ္လုပ္ခဲ့တာပါ။ က်ေန္ာတို႔ တြန္းတြန္းတိုက္တိုက္ အားထုတ္ခဲ့တယ္။ အာတီတာ အလိုရွိသလို ကစားျပခဲ့တယ္။ က်ေနာ္တို႔ ဒိထက္ ပို တိုးတက္လာဖို႔ ေမွ်ာ္လင့္ရပါတယ္။ ေနာက္ပြဲေတြက ခက္ခဲဦးမွာ သိပါတယ္။ ဒါေပမယ့္ က်ေန္ာတို႔ ယံုၾကည္မႈေတြ ရွိေနတယ္။ ” လို႔ အူဘာမီးယန္းက ဆိုပါတယ္။

အာဆင္နယ္ဟာ လာမယ့္ တနဂၤေႏြေန႔ အိမ္ကြင္းမွာ ခ်ယ္ဆီးနဲ႕ လန္ဒန္ ဒါဘီပြဲ ကစားရမွာ ျဖစ္ျပီး သံုးရက္ အၾကာမွာပဲ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ ေနာက္ထပ္ ကစားရဦးမွာပါ။