ဇန်နဝါရီမှာ ဂျူဗင်တပ်ကွင်းလယ်လူ ရာဘီရော့ကို ခေါ်ယူဖို့ ကြိုးစားလိုနေတဲ့ အာဆင်နယ်

မန်နေဂျာအာတီတာဟာ နွေအပြောင်းအရွှေ့မှာ ကလပ်အသင်း ကွင်းလယ်ပိုင်းကို အင်အားဖြည့်နိုင်ဖို့အတွက် ဂျူဗင်တပ်မှာ နေရာမရဖြစ်နေတဲ့ ကွင်းလယ်လူ ရာဘီရော့ကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း The Times သတင်းဌာနက ဖော်ပြသွားပါတယ်။

ဒီရာသီမှာ ပြင်သစ်ကလပ် ပီအက်ဂျီကနေ အီတလီကလပ် ဂျူဗင်တပ်ကို ပြောင်းရွှေ့သွားပြီးနောက်ပိုင်း ကစားခွင့်ရတဲ့ လိဂ်ပွဲ ၉ ပွဲမှာ ပွဲထွက်နေရာက ၅ ပွဲပဲ ပါဝင်ခွင့်ရထားတဲ့ ရာဘီရော့ဟာ ပွဲကစားခွင့်တွေ ပိုလိုချင်နေတာပါ။ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူဟာ မန်စီးတီးအကယ်ဒမီမှာ ပညာသင်ယူခဲ့ပြီး ကွင်းလယ်ခံစစ်ကနေ ကွင်းလယ် ဖန်တီးရှင်အဖြစ် ပြောင်းလဲ ကစားလာခဲ့သူဖြစ်တယ်။

ပြင်သစ်လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရဖို့ မျှော်လင့်ချက်ရှိထားတဲ့ ရာဘီရော့ဟာ ၂၀၂၀ ယူရိုပြိုင်ပွဲကို ပါဝင်ခွင့်အတွက် ပွဲကစားခွင့် ပိုလိုချင်နေတာပါ။ နွေတုန်းက စပါးကို ပြောင်းရွှေ့ဖို့ အတော်လေး နီးစပ်ခဲ့သေးတဲ့ ရာဘီရော့ကို အာဆင်နယ်ဟာ ပုံမှန် ပွဲကစားခွင့်တစ်ခုနဲ့ ရာသီကုန်ထိ အငှားစာချုပ်ဖြင့် ကမ်းလှမ်းလိုနေတာလို့ The Times က ဖော်ပြခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ကွင်းလယ်မှာ အိုဇေး၊ ဆီးဘယ်လော့၊ ဂွမ်ဒေါင်ဇီ၊ တော်ရဲရား၊ ရှာကာတို့ ရှိနေပေမယ့်လည်း ခြေစွမ်း တည်ငြိမ်မှုတွေ မရဖြစ်နေတာပါ။ အိုဇေးနဲ့ ရှာကာတို့ဟာ ကလပ်အသင်းကနေ ထွက်ခွာဖို့ သတင်းကြီးနေသူတွေဖြစ်တယ်။ ဆီးဘယ်လော့က ဒဏ်ရာပြဿနာတွေ ရှိနေပြီး တော်ရဲရားကလည်း အီတလီကို ပြန်ဖို့ ဆန္ဒရှိနေကာ မန်နေဂျာသစ် အာတီတာလက်ထက်မှာ ဂွမ်ဒေါင်ဇီကို နေရာပေးရဖို့ ရှိနေပါတယ်။

အာတီတာက ရှာခါကို ဆက်ထိန်းထားလိုကြောင်း ပြောဆိုထားပေမယ့် ကွင်းလယ် အင်အား ပိုမိုတောင့်တင်းစေဖို့ ရာဘီရော့ကို ခေါ်ယူလိုလာတာဖြစ်တယ်။ အာတီတာဟာ တိုက်စစ်ပိုင်းကိုလည်း ပြင်ဆင်မှုတွေ လုပ်လိုနေပြီး အူဘာမီယန်နဲ့ လာကာဇက်တီတို့ကို စာချုပ်သစ်ပေးဖို့ အဆင်မပြေရင် ခပ်မြန်မြန် ရောင်းထုတ်ဖို့ကိုပဲ ဦးစားပေးလိုနေတယ်လို့ သိရပါတယ်။

ZAWGYI

မန္ေနဂ်ာအာတီတာဟာ ေႏြအေျပာင္းအေရႊ႔မွာ ကလပ္အသင္း ကြင္းလယ္ပိုင္းကို အင္အားျဖည့္ႏုိင္ဖို႔အတြက္ ဂ်ဴဗင္တပ္မွာ ေနရာမရျဖစ္ေနတဲ့ ကြင္းလယ္လူ ရာဘီေရာ့ကို ေခၚယူဖို႔ ျပင္ဆင္ေနေၾကာင္း The Times သတင္းဌာနက ေဖာ္ျပသြားပါတယ္။

ဒီရာသီမွာ ျပင္သစ္ကလပ္ ပီအက္ဂ်ီကေန အီတလီကလပ္ ဂ်ဴဗင္တပ္ကို ေျပာင္းေရႊ႔သြားျပီးေနာက္ပိုင္း ကစားခြင့္ရတဲ့ လိဂ္ပြဲ ၉ ပြဲမွာ ပြဲထြက္ေနရာက ၅ ပြဲပဲ ပါဝင္ခြင့္ရထားတဲ့ ရာဘီေရာ့ဟာ ပြဲကစားခြင့္ေတြ ပိုလိုခ်င္ေနတာပါ။ အသက္ ၂၄ ႏွစ္အရြယ္ ကြင္းလယ္လူဟာ မန္စီးတီးအကယ္ဒမီမွာ ပညာသင္ယူခဲ့ျပီး ကြင္းလယ္ခံစစ္ကေန ကြင္းလယ္ ဖန္တီးရွင္အျဖစ္ ေျပာင္းလဲ ကစားလာခဲ့သူျဖစ္တယ္။

ျပင္သစ္လက္ေရြးစင္အသင္းမွာ ပါဝင္ခြင့္ရဖို႔ ေမွ်ာ္လင့္ခ်က္ရွိထားတဲ့ ရာဘီေရာ့ဟာ ၂၀၂၀ ယူရိုျပိဳင္ပြဲကို ပါဝင္ခြင့္အတြက္ ပြဲကစားခြင့္ ပိုလိုခ်င္ေနတာပါ။ ေႏြတုန္းက စပါးကို ေျပာင္းေရႊ႔ဖို႔ အေတာ္ေလး နီးစပ္ခဲ့ေသးတဲ့ ရာဘီေရာ့ကို အာဆင္နယ္ဟာ ပံုမွန္ ပြဲကစားခြင့္တစ္ခုနဲ႔ ရာသီကုန္ထိ အငွားစာခ်ဳပ္ျဖင့္ ကမ္းလွမ္းလိုေနတာလို႔ The Times က ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ကြင္းလယ္မွာ အိုေဇး၊ ဆီးဘယ္ေလာ့၊ ဂြမ္ေဒါင္ဇီ၊ ေတာ္ရဲရား၊ ရွာကာတို႔ ရွိေနေပမယ့္လည္း ေျခစြမ္း တည္ျငိမ္မႈေတြ မရျဖစ္ေနတာပါ။ အိုေဇးနဲ႔ ရွာကာတို႔ဟာ ကလပ္အသင္းကေန ထြက္ခြာဖို႔ သတင္းၾကီးေနသူေတြျဖစ္တယ္။ ဆီးဘယ္ေလာ့က ဒဏ္ရာျပႆနာေတြ ရွိေနျပီး ေတာ္ရဲရားကလည္း အီတလီကို ျပန္ဖို႔ ဆႏၵရွိေနကာ မန္ေနဂ်ာသစ္ အာတီတာလက္ထက္မွာ ဂြမ္ေဒါင္ဇီကို ေနရာေပးရဖို႔ ရွိေနပါတယ္။

အာတီတာက ရွာခါကို ဆက္ထိန္းထားလိုေၾကာင္း ေျပာဆိုထားေပမယ့္ ကြင္းလယ္ အင္အား ပိုမိုေတာင့္တင္းေစဖို႔ ရာဘီေရာ့ကို ေခၚယူလိုလာတာျဖစ္တယ္။ အာတီတာဟာ တိုက္စစ္ပိုင္းကိုလည္း ျပင္ဆင္မႈေတြ လုပ္လိုေနျပီး အူဘာမီယန္နဲ႔ လာကာဇက္တီတို႔ကို စာခ်ဳပ္သစ္ေပးဖို႔ အဆင္မေျပရင္ ခပ္ျမန္ျမန္ ေရာင္းထုတ္ဖို႔ကိုပဲ ဦးစားေပးလိုေနတယ္လို႔ သိရပါတယ္။