ဆဲလ်ဘတ်နဲ့ ပွဲမတိုင်ခင် နောက်ဆုံးရ လီဗာပူး ညနေခင်း သတင်းများ

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က လာမယ့် ဇန်နဝါရီမှာ ဗဟိုခံစစ်မှူးသစ် အင်အားဖြည့်ဖို့ ရှာဖွေမှာ မဟုတ်ကြောင်း အတည်ပြုသွားပါတယ်။ လီဗာပူး ဗဟိုခံစစ်မှာ မာတစ် ဒဏ်ရာ ရနေတဲ့ အပြင် ဘုန်းမောက်နဲ့ ပွဲမှာ လိုဗရန်ကိုလည်း စောစော လူစားလဲခဲ့တာကြောင့် လီဗာပူးအသင်း အတွက် ခံစစ်မှူးသစ် လိုအပ်မလား မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။

တချိန်က နာမည်ကျော် ဗဟိုခံစစ်မှူး တစ်ဦး ဖြစ်တဲ့ ယူနိုက်တက်နဲ့ နယ်သာလန် လက်ရွေးစင် ကစားသမားဟောင်း ဂျက်ပ် စတန်းက လက်ရှိ လီဗာပူး ခံစစ်မှူး ဗန်ဒိုက်ဟာ သူ့ထက် ပို ကောင်းတဲ့ ခံစစ်မှူး ဖြစ်တယ်လို့ ချီးကျူး ပြောဆိုလိုက်ပါတယ်။

တရုတ်ကလပ် ဒါလီယန်း ရိဖန်းအသင်းကို တာဝန်ယူနေတဲ့ လီဗာပူးနည်းပြဟောင်း ရာဖေး ဘင်နီတက်ဇ်ကို ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်နဲ့ အဲဗာတန်အသင်းတို့က ချိတ်ဆက်မှုတွေ ရှိထားပြီး ဘင်နီတက်ဇ်ကတော့ လက်ရှိကလပ်နဲ့ စာချုပ်ကုန်ဆုံးမယ့် ၂၀၂၁ ကျမှသာ အသင်းပြောင်းဖို့ စဉ်းစားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ၎င်း ဒေါ့မွန်မှာ ရှိစဉ် ဆဲလ်ဘတ် တိုက်စစ်မှူး မာနေးကို ခေါ်ယူဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် ပယ်ချခဲ့တဲ့ ဆုံးဖြတ်ချက်က မှားယွင်းခဲ့ကြောင်း ပြန်လည် ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီဟာ နောက်နှစ် နွေမှာ တိုက်စစ်သမား နေမာကို လက်လွှတ်ဖွယ် ရှိတာကြောင့် လီဗာပူးတိုက်စစ်မှူး မာနေးကို အစားထိုး ခေါ်ယူရန် ပစ်မှတ်ထားနေပါတယ်။

ဒီည လီဗာပူးနဲ့ ရင်ဆိုင်ရမယ့် ရက်ဘူးလ် ဆဲလ်ဘတ်အသင်းမှ တိုက်စစ်မှူး ဟာလန်းကတော့ ၎င်းတို့ဟာ လီဗာပူးကို ၃-၁ နဲ့ အနိုင် ကစားနိုင်မယ်လို့ ရလဒ် ခန့်မှန်းသွားခဲ့ပြီး သူကိုယ်တိုင်လည်း ဟက်ထရစ် ဂိုးသွင်းဖို့ ကြိုးစားမယ်လို့ ပွဲကြိုမှာ ပြောကြားခဲ့ပါတယ်။

Zawgyi

လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္က လာမယ့္ ဇန္န၀ါရီမွာ ဗဟိုခံစစ္မွဴးသစ္ အင္အားျဖည့္ဖို႔ ရွာေဖြမွာ မဟုတ္ေၾကာင္း အတည္ျပဳသြားပါတယ္။ လီဗာပူး ဗဟိုခံစစ္မွာ မာတစ္ ဒဏ္ရာ ရေနတဲ့ အျပင္ ဘုန္းေမာက္နဲ႕ ပြဲမွာ လိုဗရန္ကိုလည္း ေစာေစာ လူစားလဲခဲ့တာေၾကာင့္ လီဗာပူးအသင္း အတြက္ ခံစစ္မွဴးသစ္ လိုအပ္မလား ေမးခြန္းထုတ္မႈေတြ ရွိေနပါတယ္။

တခ်ိန္က နာမည္ေက်ာ္ ဗဟိုခံစစ္မွဴး တစ္ဦး ျဖစ္တဲ့ ယူနုိက္တက္နဲ႕ နယ္သာလန္ လက္ေရြးစင္ ကစားသမားေဟာင္း ဂ်က္ပ္ စတန္းက လက္ရွိ လီဗာပူး ခံစစ္မွဴး ဗန္ဒိုက္ဟာ သူ႔ထက္ ပို ေကာင္းတဲ့ ခံစစ္မွဴး ျဖစ္တယ္လို႔ ခ်ီးက်ဴး ေျပာဆိုလိုက္ပါတယ္။

တရုတ္ကလပ္ ဒါလီယန္း ရိဖန္းအသင္းကို တာ၀န္ယူေနတဲ့ လီဗာပူးနည္းျပေဟာင္း ရာေဖး ဘင္နီတက္ဇ္ကို ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္နဲ႕ အဲဗာတန္အသင္းတို႔က ခ်ိတ္ဆက္မႈေတြ ရွိထားျပီး ဘင္နီတက္ဇ္ကေတာ့ လက္ရွိကလပ္နဲ႕ စာခ်ဳပ္ကုန္ဆံုးမယ့္ ၂၀၂၁ က်မွသာ အသင္းေျပာင္းဖို႔ စဥ္းစားမွာ ျဖစ္တယ္လို႔ ဆုိထားပါတယ္။

လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္က ၄ငး္ ေဒါ့မြန္မွာ ရွိစဥ္ ဆဲလ္ဘတ္ တိုက္စစ္မွဴး မာေနးကို ေခၚယူဖို႔ အခြင့္အေရး ရွိခဲ့ေပမယ့္ ပယ္ခ်ခဲ့တဲ့ ဆံုးျဖတ္ခ်က္က မွားယြင္းခဲ့ေၾကာင္း ျပန္လည္ ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

ျပင္သစ္ အင္အားၾကီးကလပ္ ပီအက္စ္ဂ်ီဟာ ေနာက္နွစ္ ေႏြမွာ တိုက္စစ္သမား ေနမာကို လက္လႊတ္ဖြယ္ ရွိတာေၾကာင့္ လီဗာပူးတိုက္စစ္မွဴး မာေနးကို အစားထိုး ေခၚယူရန္ ပစ္မွတ္ထားေနပါတယ္။

ဒီည လီဗာပူးနဲ႕ ရင္ဆုိင္ရမယ့္ ရက္ဘူးလ္ ဆဲလ္ဘတ္အသင္းမွ တိုက္စစ္မွဴး ဟာလန္းကေတာ့ ၄င္းတို႔ဟာ လီဗာပူးကို ၃-၁ နဲ႕ အနုိင္ ကစားနိုင္မယ္လို႔ ရလဒ္ ခန္႔မွန္းသြားခဲ့ျပီး သူကိုယ္တိုင္လည္း ဟက္ထရစ္ ဂိုးသြင္းဖို႔ ၾကိဳးစားမယ္လို႔ ပြဲၾကိဳမွာ ေျပာၾကားခဲ့ပါတယ္။

Sports Home Time