မူလတန္ေၾကးထက္ တိုးတက္မႈအျမန္ဆံုး ကစားသမား ၁၀ ဦးစာရင္းမွာ အဂၤလန္သား ၅ ဦးပါဝင္လာ

[Zawgyi] 2018-2019 ေဘာလံုးရာသီ စတင္လာကတည္းက တန္ဖိုးျမင့္တက္မႈ အျမန္ဆံုး ကစားသမား 10 ဦးစာရင္းမွာ ဆန္ခ်ိဳ၊ အမ္ဘတ္ပီနဲ႔ စတာလင္တို႔က ဦးေဆာင္လာခဲ့ေၾကာင္း ေဘာလံုးအားကစားဆိုင္ရာ အခ်က္အလက္ ဝဘ္ဆိုဒ္ျဖစ္တဲ့ Football Benchmark က ေဖာ္ျပလာပါတယ္။

ကမၻာဖလားျပီးေနာက္ ျပန္လည္စတင္ခဲ့တဲ့ လိဂ္ပြဲေတြမွာ ကစားသမားေတြရဲ႕ စြမ္းေဆာင္ႏိုင္မႈကို တြက္ခ်က္မႈအရ အဆိုပါ အခ်က္အလက္ေတြ ထြက္လာခဲ့တာျဖစ္ပါတယ္။

ဘြန္ဒလက္လီဂါကို ဦးေဆာင္ထားတဲ့ ေဒါ့မြန္အသင္းမွာ ေနရာရလာတဲ့ လူငယ္ေတာင္ပံသမား ဆန္ခ်ိဳက မူလတန္ေၾကးထက္ ယူရို 28.2 သန္း တိုးျမင့္လာခဲ့တယ္။ သူ႔ရဲ႕ေနာက္မွာေတာ့ ပီအက္ဂ်ီမွ အမ္ဘတ္ပီက (ယူရို 25 သန္း) နဲ႔ မန္စီးတီးမွ စတာလင္က (ယူရို 24.1 သန္း) တိုးျမွင့္လာခဲ့ပါတယ္။

Football Benchmark က ထုတ္ျပန္မႈမွာေတာ့ “ ထိပ္ဆံုး 3 ဦးက တိုက္စစ္သမားေတြျဖစ္ေပမယ့္ မူလတန္ေၾကးထက္ တိုးျမင့္မႈအရွိဆံုး ကစားသမားမ်ားစာရင္းမွာ ကြင္းလယ္လူ 3 ဦး၊ ခံစစ္သမား 3 ဦးပါလာခဲ့တယ္။ အမ်ားဆံုးအျဖစ္ ပရီးမီးယားလိဂ္မွ 6 ဦး ပါဝင္လာျပီး ဘြန္ဒက္လီဂါမွ 2 ဦး၊ ျပင္သစ္လီဂူးမွ 1 ဦးနဲ႔ နယ္သာလန္လိဂ္မွ 1 ဦးတို႔ ပါဝင္ပါတယ္ ” အဆိုပါ စစ္တမ္းက ေဖာ္ျပပါတယ္။

စိတ္ဝင္စားဖို႔ေကာင္းတာက ထိပ္ဆံုး 10 ဦးစာရင္းမွာ ပါဝင္တဲ့အထဲက 5 ဦးဟာ အဂၤလိပ္ကစားသမားေတြ ျဖစ္ေနၾကတာပါပဲ။ အဂၤလန္ေဘာလံုးေလာကဟာ လူငယ္ကစားသမားေတြအတြက္ ပိုမိုတိုးတက္တဲ့ အနာဂတ္ကို ပိုင္ဆိုင္ထားတာေၾကာင့္ ဒီစာရင္းမ်ိဳး ထြက္လာတာလို႔လည္း အဆိုပါ စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

Football Benchmark ဟာ ပေရာ္ဖက္ရွင္နယ္ ကစားသမားေတြရဲ႕ ေစ်းကြက္ေပါက္ေၾကးနဲ႔ proprietary algorithms အေပၚ အေျခခံ တြက္ခ်က္မႈျဖစ္တယ္လို႔ သိရတယ္။ ဥေရာပရဲ႕ အေကာင္းဆံုး လိဂ္ျပိဳင္ပြဲ 11 ခုမွာ ကစားသမားေတြရဲ႕ ကိုယ္စားျပဳႏိုင္ငံ၊ စြမ္းေဆာင္ရည္၊ အသက္အရြယ္ အစရွိတာေတြကို အေျခခံျပီး တြက္ခ်က္မႈလို႔လည္း သိရပါတယ္။

Sports Home Time

[Unicode] 2018-2019 ဘောလုံးရာသီ စတင်လာကတည်းက တန်ဖိုးမြင့်တက်မှု အမြန်ဆုံး ကစားသမား 10 ဦးစာရင်းမှာ ဆန်ချို၊ အမ်ဘတ်ပီနဲ့ စတာလင်တို့က ဦးဆောင်လာခဲ့ကြောင်း ဘောလုံးအားကစားဆိုင်ရာ အချက်အလက် ဝဘ်ဆိုဒ်ဖြစ်တဲ့ Football Benchmark က ဖော်ပြလာပါတယ်။

ကမ္ဘာဖလားပြီးနောက် ပြန်လည်စတင်ခဲ့တဲ့ လိဂ်ပွဲတွေမှာ ကစားသမားတွေရဲ့ စွမ်းဆောင်နိုင်မှုကို တွက်ချက်မှုအရ အဆိုပါ အချက်အလက်တွေ ထွက်လာခဲ့တာဖြစ်ပါတယ်။

ဘွန်ဒလက်လီဂါကို ဦးဆောင်ထားတဲ့ ဒေါ့မွန်အသင်းမှာ နေရာရလာတဲ့ လူငယ်တောင်ပံသမား ဆန်ချိုက မူလတန်ကြေးထက် ယူရို 28.2 သန်း တိုးမြင့်လာခဲ့တယ်။ သူ့ရဲ့နောက်မှာတော့ ပီအက်ဂျီမှ အမ်ဘတ်ပီက (ယူရို 25 သန်း) နဲ့ မန်စီးတီးမှ စတာလင်က (ယူရို 24.1 သန်း) တိုးမြှင့်လာခဲ့ပါတယ်။

Football Benchmark က ထုတ်ပြန်မှုမှာတော့ “ ထိပ်ဆုံး 3 ဦးက တိုက်စစ်သမားတွေဖြစ်ပေမယ့် မူလတန်ကြေးထက် တိုးမြင့်မှုအရှိဆုံး ကစားသမားများစာရင်းမှာ ကွင်းလယ်လူ 3 ဦး၊ ခံစစ်သမား 3 ဦးပါလာခဲ့တယ်။ အများဆုံးအဖြစ် ပရီးမီးယားလိဂ်မှ 6 ဦး ပါဝင်လာပြီး ဘွန်ဒက်လီဂါမှ 2 ဦး၊ ပြင်သစ်လီဂူးမှ 1 ဦးနဲ့ နယ်သာလန်လိဂ်မှ 1 ဦးတို့ ပါဝင်ပါတယ် ” အဆိုပါ စစ်တမ်းက ဖော်ပြပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာက ထိပ်ဆုံး 10 ဦးစာရင်းမှာ ပါဝင်တဲ့အထဲက 5 ဦးဟာ အင်္ဂလိပ်ကစားသမားတွေ ဖြစ်နေကြတာပါပဲ။ အင်္ဂလန်ဘောလုံးလောကဟာ လူငယ်ကစားသမားတွေအတွက် ပိုမိုတိုးတက်တဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားတာကြောင့် ဒီစာရင်းမျိုး ထွက်လာတာလို့လည်း အဆိုပါ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

Football Benchmark ဟာ ပရော်ဖက်ရှင်နယ် ကစားသမားတွေရဲ့ ဈေးကွက်ပေါက်ကြေးနဲ့ proprietary algorithms အပေါ် အခြေခံ တွက်ချက်မှုဖြစ်တယ်လို့ သိရတယ်။ ဥရောပရဲ့ အကောင်းဆုံး လိဂ်ပြိုင်ပွဲ 11 ခုမှာ ကစားသမားတွေရဲ့ ကိုယ်စားပြုနိုင်ငံ၊ စွမ်းဆောင်ရည်၊ အသက်အရွယ် အစရှိတာတွေကို အခြေခံပြီး တွက်ချက်မှုလို့လည်း သိရပါတယ်။

Sports Home Time