ချယ်ဆီးမှာ လမ်းပတ် ရယူထားတဲ့ အောင်မြင်မှုတွေထဲက တစ်ခု ကီယွန် ထုတ်ဖော် ချီးကျူး

အာဆင်နယ် ကစားသမားဟောင်းကြီး မာတင်ကီယွန်က ချယ်ဆီးအသင်းမှာ လူငယ်တွေကို အကောင်းဆုံး ဦးဆောင်ထားတဲ့ နည်းပြ လမ်းပတ်ရဲ့ အကောင်အထည်ဖော်ထားတဲ့ အောင်မြင်မှုတွေထဲမှာ တစ်ခုကို ထုတ်ဖော် ချီးကျူးမှု ပြုလာပါတယ်။ ကီယွန် ချီးကျူးခဲ့တာက လမ်းပတ် အသင်းမှာ အစွမ်းပြ တောက်ပလာတဲ့ အမေရိကန် လူငယ်ကစားသမား ပူလီဆစ် ဖြစ်ပါတယ်။

ချယ်ဆီး တောင်ပံတိုက်စစ်သမားလေးဟာ စနေညက ဘန်လေကို နိုင်တဲ့ပွဲမှာ ပွဲထွက် ပါဝင်ကစားခဲ့ပြီး ချယ်ဆီး နိုင်ပွဲအတွက် ဟက်ထရစ် ဂိုး သွင်းပေးခဲ့ပါတယ်။ ပူလီဆစ်ဟာ ထိုသို့ အစွမ်းပြဖို့ အခွင့်အရေးအတွက် စောင့်ဆိုင်းခဲ့ရပြီး ပူလီဆစ်ရဲ့ သဘောထားအပေါ် ကီယွန်က အထင်တကြီး ချီးကျူးလာခဲ့ပါတယ်။

” ပူလီဆစ်၊ သူက ဖရန့်လမ်းပတ် အောင်မြင်မှုတွေထဲက နောက်တစ်ခု ဖြစ်လာပြီ။ သူက၆ပွဲလောက် အရန်ခုန်မှာ ထိုင်နေခဲ့ရတယ်။ ဒါပေမယ့် ဒီကောင်လေးက ဒီနေ့မှာတော့ ရလာတဲ့ အခွင့်အရေးကို အသုံးချနိုင်ခဲ့ပြီ။ အားလုံးရှေ့မှာ ထွက်ပြီး သူ တောက်ပလာခဲ့တယ် ပြီးပြည့်စုံတဲ့ ဟက်ထရစ်နဲ့ အစွမ်းပြခဲ့တယ်။ ”

” နည်းပြ အနေနဲ့ အားလုံးကို ပျော်အောင် ထားဖို့ဆိုတာ လွယ်တဲ့ အလုပ်မဟုတ်ဘူး။ ဒါပေမယ့် ကစားသမားတွေက ဝင်ပြီး ကစားခွင့်ရတိုင်း သူ့ စွမ်းဆောင်ရည်တွေ ထုတ်ပြပြီး ပျော်ရွှင်သင့်တယ်။ ဒါက တကယ့်ကို ထူးချွန်မှုပဲ။ သူ့ရဲ့ ဘယ်ခြေနဲ့ ပထမဂိုး၊ ဟော နောက်ထပ် ကန်ချက် စသဖြင့်ပေါ။ သူက လုံး၀ ပြီးပြည့်စုံတဲ့ ကစားသမားပါပဲ။ ”

” သူက အသင်းဖော်တွေကြား ကောင်းစွာ လှည့်လည်ကစားတယ်။ ကျနော်တို့ သူ ဘာတွေးနေလဲ မှန်းမြင်လို့ရပါတယ်။ တတိယဂိုးဆို ပို တိုးတက်လာပြီး လှလှပပ သွင်းသွားတယ်။ သူတို့အသင်းက လုံး၀ တောက်ပနေပြီ။ သူတို့က အေဂျက်နဲ့ ဘန်လေကို အဝေးကွင်းမှာ သွား ရင်ဆိုင်တယ်။ အရည်အချင်းကောင်းတွေ ပြသနိုင်ခဲ့တယ်။ လမ်းပတ်က တိုးတက်နေတဲ့ မန်နေဂျာ ဖြစ်တယ်။” လို့ ကီယွန်က အသေးစိတ် ချီးကျူးခဲ့ပါတယ်။

Sports Home Time

Zawgyi

အာဆင္နယ္ ကစားသမားေဟာင္းၾကီး မာတင္ကီယြန္က ခ်ယ္ဆီးအသင္းမွာ လူငယ္ေတြကို အေကာင္းဆံုး ဦးေဆာင္ထားတဲ့ နည္းျပ လမ္းပတ္ရဲ႕ အေကာင္အထည္ေဖာ္ထားတဲ့ ေအာင္ျမင္မႈေတြထဲမွာ တစ္ခုကို ထုတ္ေဖာ္ ခ်ီးက်ဴးမႈ ျပဳလာပါတယ္။ ကီယြန္ ခ်ီးက်ဴးခဲ့တာက လမ္းပတ္ အသင္းမွာ အစြမ္းျပ ေတာက္ပလာတဲ့ အေမရိကန္ လူငယ္ကစားသမား ပူလီဆစ္ ျဖစ္ပါတယ္။

ခ်ယ္ဆီး ေတာင္ပံတိုက္စစ္သမားေလးဟာ စေနညက ဘန္ေလကို နုိင္တဲ့ပြဲမွာ ပြဲထြက္ ပါ၀င္ကစားခဲ့ျပီး ခ်ယ္ဆီး နုိင္ပြဲအတြက္ ဟက္ထရစ္ ဂိုး သြင္းေပးခဲ့ပါတယ္။ ပူလီဆစ္ဟာ ထိုသို႔ အစြမ္းျပဖို႔ အခြင့္အေရးအတြက္ ေစာင့္ဆိုင္းခဲ့ရျပီး ပူလီဆစ္ရဲ႕ သေဘာထားအေပၚ ကီယြန္က အထင္တၾကီး ခ်ီးက်ဴးလာခဲ့ပါတယ္။

” ပူလီဆစ္၊ သူက ဖရန္႔လမ္းပတ္ ေအာင္ျမင္မႈေတြထဲက ေနာက္တစ္ခု ျဖစ္လာျပီ။ သူက၆ပြဲေလာက္ အရန္ခုန္မွာ ထိုင္ေနခဲ့ရတယ္။ ဒါေပမယ့္ ဒီေကာင္ေလးက ဒီေန႔မွာေတာ့ ရလာတဲ့ အခြင့္အေရးကို အသံုးခ်နိုင္ခဲ့ျပီ။ အားလံုးေရွ႕မွာ ထြက္ျပီး သူ ေတာက္ပလာခဲ့တယ္ ျပီးျပည့္စံုတဲ့ ဟက္ထရစ္နဲ႕ အစြမ္းျပခဲ့တယ္။ ”

” နည္းျပ အေနနဲ႕ အားလံုးကို ေပ်ာ္ေအာင္ ထားဖို႔ဆိုတာ လြယ္တဲ့ အလုပ္မဟုတ္ဘူး။ ဒါေပမယ့္ ကစားသမားေတြက ၀င္ျပီး ကစားခြင့္ရတိုင္း သူ႔ စြမ္းေဆာင္ရည္ေတြ ထုတ္ျပျပီး ေပ်ာ္ရႊင္သင့္တယ္။ ဒါက တကယ့္ကို ထူးခၽြန္မႈပဲ။ သူ႔ရဲ႕ ဘယ္ေျခနဲ႕ ပထမဂိုး၊ ေဟာ ေနာက္ထပ္ ကန္ခ်က္ စသျဖင့္ေပါ။ သူက လံုး၀ ျပီးျပည့္စံုတဲ့ ကစားသမားပါပဲ။ ”

” သူက အသင္းေဖာ္ေတြၾကား ေကာင္းစြာ လွည့္လည္ကစားတယ္။ က်ေနာ္တို႔ သူ ဘာေတြးေနလဲ မွန္းျမင္လို႔ရပါတယ္။ တတိယဂိုးဆုိ ပို တိုးတက္လာျပီး လွလွပပ သြင္းသြားတယ္။ သူတို႔အသင္းက လံုး၀ ေတာက္ပေနျပီ။ သူတို႔က ေအဂ်က္နဲ႕ ဘန္ေလကို အေ၀းကြင္းမွာ သြား ရင္ဆိုင္တယ္။ အရည္အခ်င္းေကာင္းေတြ ျပသနိုင္ခဲ့တယ္။ လမ္းပတ္က တိုးတက္ေနတဲ့ မန္ေနဂ်ာ ျဖစ္တယ္။” လုိ႕ ကီယြန္က အေသးစိတ္ ခ်ီးက်ဴးခဲ့ပါတယ္။

Sports Home Time