အမ်မရီနဲ့ ပတ်သတ်ပြီး အာဆင်နယ် အသင်းသားတွေ သဘောထား ဘယ်လာရင် ပြောကြား

ဒီရာသီမှာ ညံ့ဖျင်းတဲ့ရာသီအစ ပိုင်ဆိုင်ထားပေမယ့်လည်း ဖိအားတွေအောက် ရောက်နေတဲ့ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီ ဟာ ကစားသမားတွေရဲ့ ယုံကြည် ထောက်ခံမှုကို ရရှိထားတယ်လို့ ခံစစ်မှူးဟက်တာ ဘယ်လာရင်က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဂန်းနားတွေဟာ ပေါင် ၇၅သန်းတန် နီကိုးလပ်ပီပီရဲ့ နောက်ကျ ဖရီးကစ် နှစ်ဂိုးကြောင့် ဗစ်တိုးရီးယား ကို အနိူင်ရခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ် မတိုင်ခင် ရှက်ဖီးယူနိုက်တက် ကို အံ့အားသင့်ဖွယ် ရှုံးခဲ့တာ အပါအဝင် သူတို့ရဲ့ နောက်ဆူံး ပရီးမီးယားလိဂ် ၇ပွဲမှာ ၂ပွဲသာ အနိူင်ရခဲ့တာပါ။

အာဆင်ဝင်းဂါးနေရာကို ဆက်ခံပြီးနောက် အမ်းမရိတ်စ်က အမ်မရီရဲ့ ပထမရာသီဟာ ထိပ်ဆုံးလေးသင်းနဲ့ လွဲချော်ခဲ့ပြီး အနည်းဆုံးတော့ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့လိုကြောင်း ကလပ်ရဲ့ ဘောလုံးဒါရိုက်တာ ဆန်လီဟီး က ပြောဆိုခဲ့ပါတယ်။ ရှက်ဖီးယူနိုက်တက် ကို ရှူံးခဲ့တာက အာဆင်နယ်ဟာ ဘာမှပြောင်းလဲလာခြင်း မရှိဘူးဆိုတာ ပြသခဲ့တယ်လို့ ကာရေဂါက ပြောဆိုခဲ့ပြီး စပိန်သားနည်းပြအနေနဲ့ အသင်းကို တိုးတက်အောင် ဘယ်လို ကိုင်တွယ်နေတဲ့ဆိုတဲ့ပေါ် မေးခွန်းထုတ်မှုတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့် ဒီနေ့ည ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲ မတိုင်ခင် အာဆင်နယ် နောက်ခံလူ ဘယ်လာရင်က အမ်မရီကို ထောက်ခံပေးမှု ပြုခဲ့ပါတယ်။

“အသင်းဟာ မနှစ်ကရာသီအစ နောက်ပိုင်း အများကြီး တိုးတက်ပြောင်းလဲခဲ့တယ်လို့ ကျနော် ထင်တယ်။ အမ်မရီမှာ သူ့စိတ်ကူးတွေရှိတယ်။ ဆီဗီလာ၊ ဗလန်စီယာ နဲ့ ပဲရစ်မှာ သူ ကောင်းကောင်း လုပ်ခဲ့တယ်။ ဒါကြောင့် အားလုံးက နည်းပြကို ယုံကြည်တယ်။ တစ်ခါတစ်လေ မျှော်လင့်သလို ဖြစ်မလာတာတွေ ရှိတယ်။ ဒါပေမယ့် အဲ့ဒါကို ပြောင်းလဲဖို့လိုတယ်။ ”

” မနှစ်က ကျနော်တို့ ရှုံးခဲ့တဲ့ သုံးပွဲကို ဖယ်လိုက်ရင် အဲ့ဒါက အတော်လေး ကောင်းတဲ့ ရာသီ ဖြစ်ပြီး တနည်းတဖုံ ပြောင်းလဲသွားလိမ့်မယ်။ ကစားသမားတွေနဲ့ နည်းပြက နေ့တိုင်း ကျနော်တို့ အကြောင်းကို ပိုသိလာသလို တိုးတက်လာတယ်လို့ထင်တယ်။ ကျနော်တို့ အနေနဲ့ ဆက်လက် တိုးတက်အောင် ကြိုးစားရုံပါပဲ။ ” လို့ ဘယ်လာရင်က ဆိုပါတယ်။

Sports Home Time

Zawgyi

ဒီရာသီမွာ ညံ့ဖ်င္းတဲ့ရာသီအစ ပိုင္ဆိုင္ထားေပမယ့္လည္း ဖိအားေတြေအာက္ ေရာက္ေနတဲ့ အာဆင္နယ္နည္းျပ အူႏိုင္းအမ္မရီ ဟာ ကစားသမားေတြရဲ႕ ယုံၾကည္ ေထာက္ခံမႈကို ရရွိထားတယ္လို႔ ခံစစ္မွဴးဟက္တာ ဘယ္လာရင္က ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

ဂန္းနားေတြဟာ ေပါင္ ၇၅သန္းတန္ နီကိုးလပ္ပီပီရဲ႕ ေနာက္က် ဖရီးကစ္ ႏွစ္ဂိုးေၾကာင့္ ဗစ္တိုးရီးယား ကို အႏိူင္ရခဲ့တဲ့ ယူ႐ိုပါလိဂ္ ပြဲစဥ္ မတိုင္ခင္ ရွက္ဖီးယူႏိုက္တက္ ကို အံ့အားသင့္ဖြယ္ ရွံဳးခဲ့တာ အပါအဝင္ သူတို႔ရဲ႕ ေနာက္ဆူံး ပရီးမီးယားလိဂ္ ၇ပြဲမွာ ၂ပြဲသာ အႏိူင္ရခဲ့တာပါ။

အာဆင္ဝင္းဂါးေနရာကို ဆက္ခံၿပီးေနာက္ အမ္းမရိတ္စ္က အမ္မရီရဲ႕ ပထမရာသီဟာ ထိပ္ဆုံးေလးသင္းနဲ႔ လြဲေခ်ာ္ခဲ့ၿပီး အနည္းဆုံးေတာ့ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရဖို႔လိုေၾကာင္း ကလပ္ရဲ႕ ေဘာလံုးဒါ႐ိုက္တာ ဆန္လီဟီး က ေျပာဆိုခဲ့ပါတယ္။ ရွက္ဖီးယူႏိုက္တက္ ကို ရႉံးခဲ့တာက အာဆင္နယ္ဟာ ဘာမွေျပာင္းလဲလာျခင္း မရွိဘူးဆိုတာ ျပသခဲ့တယ္လို႔ ကာေရဂါက ေျပာဆိုခဲ့ျပီး စပိန္သားနည္းျပအေနနဲ႔ အသင္းကို တိုးတက္ေအာင္ ဘယ္လို ကိုင္တြယ္ေနတဲ့ဆိုတဲ့ေပၚ ေမးခြန္းထုတ္မႈေတြ ရွိခဲ့ပါတယ္။

ဒါေပမယ့္ ဒီေန႔ည ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲ မတိုင္ခင္ အာဆင္နယ္ ေနာက္ခံလူ ဘယ္လာရင္က အမ္မရီကို ေထာက္ခံေပးမႈ ျပဳခဲ့ပါတယ္။

“အသင္းဟာ မႏွစ္ကရာသီအစ ေနာက္ပိုင္း အမ်ားႀကီး တိုးတက္ေျပာင္းလဲခဲ့တယ္လို႔ က်ေနာ္ ထင္တယ္။ အမ္မရီမွာ သူ႔စိတ္ကူးေတြရွိတယ္။ ဆီဗီလာ၊ ဗလန္စီယာ နဲ႔ ပဲရစ္မွာ သူ ေကာင္းေကာင္း လုပ္ခဲ့တယ္။ ဒါေၾကာင့္ အားလံုးက နည္းျပကို ယုံၾကည္တယ္။ တစ္ခါတစ္ေလ ေမွ်ာ္လင့္သလို ျဖစ္မလာတာေတြ ရွိတယ္။ ဒါေပမယ့္ အဲ့ဒါကို ေျပာင္းလဲဖို႔လိုတယ္။ ”

” မႏွစ္က က်ေနာ္တို႔ ရွံဳးခဲ့တဲ့ သုံးပြဲကို ဖယ္လိုက္ရင္ အဲ့ဒါက အေတာ္ေလး ေကာင္းတဲ့ ရာသီ ျဖစ္ၿပီး တနည္းတဖုံ ေျပာင္းလဲသြားလိမ့္မယ္။ ကစားသမားေတြနဲ႔ နည္းျပက ေန႔တိုင္း က်ေနာ္တို႔ အေၾကာင္းကို ပိုသိလာသလို တိုးတက္လာတယ္လို႔ထင္တယ္။ က်ေနာ္တို႔ အေနနဲ႔ ဆက္လက္ တိုးတက္ေအာင္ ႀကိဳးစား႐ုံပါပဲ။ ” လို႔ ဘယ္လာရင္က ဆိုပါတယ္။

Sports Home Time