အိုေဇးနဲ႔ အမ္မရီမွာ တစ္ဦးကို ေ႐ြးရမယ္ဆိုရင္ ဘယ္သူ႔ ေ႐ြးမလဲ ေျဖလိုက္တဲ့ အီရန္႐ိုက္

အာဆင်နယ်ဂန္တဝင်ကြီး အီရန်ရိုက်က အိုဇေးနဲ့ အမ်မရီ နှစ်ဦးအနက် တစ်ဦးကို ကလပ်အသင်းမှာ ဆက်ရှိနေဖို့ ရွေးချယ်ရမယ်ဆိုရင် ဘယ်သူ့ကို ဆက်ရှိစေလိုလဲ ဆိုတဲ့အပေါ် အဖြေပြန်မှု ပြုလုပ်သွားပါတယ်။

ဒီရာသီမှာတော့ အိုဇေးဟာ ပွဲထွက်ခွင့်အတွက် မန်နေဂျာ အမ်မရီရဲ့ ယုံကြည်ခြင်း ခံရမှုတွေ ဆုံးရံှူးနေပြီး ပြိုင်ပွဲစုံ ၂ ပွဲကိုပဲ ပါဝင်ခွင့် ရထားပါတယ်။ အာဆင်နယ်အသင်း နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ပွဲ ၅ ပွဲကိုလည်း ဒဏ်ရာပြဿနာ မရှိပါပဲ အိုဇေးတစ်ယောက် က အာဆင်နယ်အသင်းမှာ ပါဝင်ကစားခွင့် လုံး၀ ပျောက်ဆုံးနေခဲ့တာပါ။

အာဆင်နယ်ကစားသမားဟောင်းကြီး အီရန်ရိုက်ကတော့ အမ်မရီနဲ့ အိုဇေး တစ်ယောက်ယောက်ကိုသာ အသင်းက ရွေးချယ်ရမယ်ဆိုရင် ဘယ်သူ့ဘက်က ရှိမလဲ ပြတ်ပြတ်သားသား ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

” ကျနော့်အတွက်တော့ အိုဇေးပါပဲ။ သူက အသင်းကနေ ထွက်မသွားချင်ဘူး ထုတ်ပြောထားခဲ့ပြီးပြီလေ။ ဒါကြောင့် ကျနော် အိုဇေးကိုပဲ မျှော်လင့်ပါတယ်။ ” လို့ ရိုက်က ဆိုခဲ့ပါတယ်။

အိုဇေးနဲ့ အမ်မရီ နှစ်ဦးလုံးဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၁ နွေထိ စာချုပ်သက်တမ်း ရှိနေတာပါ။ အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီကတော့ အိုဇေးကို မသုံးဘဲ အသင်းကနေ ထွက်စေလိုတာ သူတင် မဟုတ်ဘဲ ဘုတ်အဖွဲ့ကပါ သဘောတူထားတဲ့ ကိစ္စ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုမှုလည်း ပြုလုပ်ထားပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ အပတ်ကတော့ ရှက်ဖီးကို အဝေးကွင်းမှာ စိတ်ပျက်ဖွယ် ရှုံးနိမ့်ထားပြီး ကြားရက် ယူရိုပါလိဂ်မှာတော့ ဗစ်တိုးရီးယားအသင်းကို ၃-၂ နဲ့ နိုင်ကာ ပြန် နိုင်ပွဲရထားပါတယ်။ ရိုက်ကတော့ အာဆင်နယ် လောလောဆယ် လိုအပ်နေတာက အိုဇေးလို ကစားသမားမျိုး ဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

” အိုဇေးကို ပွဲထွက်စာရင်းမှာ မမြင်ရတာ ကျနော် ဒေါသထွက်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု အာဆင်နယ်ရဲ့ ဖန်တီးမှု အချက်အလက်တွေ ကြည့်လိုက်ပါဦး။ ဘာမှ များများစားစား မရှိဘူး။ တကယ်တော့ သူတို့ကလည်း ဖန်တီးမှုတွေ လုပ်နေတာ မဟုတ်ဘူး ဂိုးပေါက်တည့်အောင် ဆွဲသွား ကန် ဒါပဲ။ ဒါကို မြင်တော့ အသင်းမှာ ဖန်တီးမှုတွေ ပြုလုပ်ပေးမယ့် တစ်ယောက်ယောက်လိုတယ်လို့ ကျနော် ထင်တယ်။ ”

” အိုဇေးက အဲဒီလို ကစားသမားမျိုးပဲ။ သူနဲ့ အမ်မရီကြား ဘာတွေ ဖြစ်နေလဲ ကျနော် မသိဘူး။ ဒါပေမယ့် အာဆင်နယ်က အခုလိုပဲ ဆက်သွားနေမယ်ဆိုရင် အမှား ဖြစ်မှာက အမ်မရီပဲ လို့ ကျနော် ထင်တယ်။ သူတို့က အူဘာမီးယန်း ဒါမှမဟုတ် ပီပီကို စောင့်နေတယ်။ တစ်ရက်ပြီး တစ်ရက် အသင်းကို ကယ်တင်ဖို့ ဒီလိုပဲ စောင့်ရင်း သွားနေတယ်။ တကယ့်တကယ်က အိုဇေး ဝင်ကစားနေသင့်ပြီ။ ” လို့ ရိုက်က ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Unicode

အာဆင္နယ္ဂႏၱဝင္ၾကီး အီရန္ရိုက္က အိုေဇးနဲ႔ အမ္မရီ ႏွစ္ဦးအနက္ တစ္ဦးကို ကလပ္အသင္းမွာ ဆက္ရွိေနဖို႔ ေရြးခ်ယ္ရမယ္ဆိုရင္ ဘယ္သူ႔ကို ဆက္ရွိေစလိုလဲ ဆိုတဲ့အေပၚ အေျဖျပန္မႈ ျပဳလုပ္သြားပါတယ္။

ဒီရာသီမွာေတာ့ အုိေဇးဟာ ပြဲထြက္ခြင့္အတြက္ မန္ေနဂ်ာ အမ္မရီရဲ႕ ယံုၾကည္ျခင္း ခံရမႈေတြ ဆံုးရံွဴးေနျပီး ျပိဳင္ပြဲစံု ၂ ပြဲကိုပဲ ပါဝင္ခြင့္ ရထားပါတယ္။ အာဆင္နယ္အသင္း ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ ပြဲ ၅ ပြဲကိုလည္း ဒဏ္ရာျပႆနာ မရွိပါပဲ အိုေဇးတစ္ေယာက္ က အာဆင္နယ္အသင္းမွာ ပါ၀င္ကစားခြင့္ လံုး၀ ေပ်ာက္ဆံုးေနခဲ့တာပါ။

အာဆင္နယ္ကစားသမားေဟာင္းၾကီး အီရန္ရိုက္ကေတာ့ အမ္မရီနဲ႕ အိုေဇး တစ္ေယာက္ေယာက္ကိုသာ အသင္းက ေရြးခ်ယ္ရမယ္ဆိုရင္ ဘယ္သူ႔ဘက္က ရွိမလဲ ျပတ္ျပတ္သားသား ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

” က်ေနာ့္အတြက္ေတာ့ အိုေဇးပါပဲ။ သူက အသင္းကေန ထြက္မသြားခ်င္ဘူး ထုတ္ေျပာထားခဲ့ျပီးျပီေလ။ ဒါေၾကာင့္ က်ေနာ္ အိုေဇးကိုပဲ ေမွ်ာ္လင့္ပါတယ္။ ” လို႔ ရိုက္က ဆိုခဲ့ပါတယ္။

အိုေဇးနဲ႕ အမ္မရီ နွစ္ဦးလံုးဟာ အာဆင္နယ္အသင္းနဲ႕ ၂၀၂၁ ေႏြထိ စာခ်ဳပ္သက္တမ္း ရွိေနတာပါ။ အာဆင္နယ္နည္းျပ အူနုိုင္း အမ္မရီကေတာ့ အိုေဇးကို မသံုးဘဲ အသင္းကေန ထြက္ေစလိုတာ သူတင္ မဟုတ္ဘဲ ဘုတ္အဖြဲ႕ကပါ သေဘာတူထားတဲ့ ကိစၥ ျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာဆိုမႈလည္း ျပဳလုပ္ထားပါတယ္။

အာဆင္နယ္အသင္းဟာ ျပီးခဲ့တဲ့ အပတ္ကေတာ့ ရွက္ဖီးကို အေ၀းကြင္းမွာ စိတ္ပ်က္ဖြယ္ ရွံဳးနိမ့္ထားျပီး ၾကားရက္ ယူရိုပါလိဂ္မွာေတာ့ ဗစ္တိုးရီးယားအသင္းကို ၃-၂ နဲ႕ နိုင္ကာ ျပန္ နုိင္ပြဲရထားပါတယ္။ ရိုက္ကေတာ့ အာဆင္နယ္ ေလာေလာဆယ္ လိုအပ္ေနတာက အိုေဇးလို ကစားသမားမ်ိဳး ျဖစ္တယ္လို႔ ေထာက္ျပခဲ့ပါတယ္။

” အိုေဇးကို ပြဲထြက္စာရင္းမွာ မျမင္ရတာ က်ေနာ္ ေဒါသထြက္မိတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အခု အာဆင္နယ္ရဲ႕ ဖန္တီးမႈ အခ်က္အလက္ေတြ ၾကည့္လုိုက္ပါဦး။ ဘာမွ မ်ားမ်ားစားစား မရွိဘူး။ တကယ္ေတာ့ သူတို႔ကလည္း ဖန္တီးမႈေတြ လုပ္ေနတာ မဟုတ္ဘူး ဂိုးေပါက္တည့္ေအာင္ ဆြဲသြား ကန္ ဒါပဲ။ ဒါကို ျမင္ေတာ့ အသင္းမွာ ဖန္တီးမႈေတြ ျပဳလုပ္ေပးမယ့္ တစ္ေယာက္ေယာက္လိုတယ္လို႔ က်ေနာ္ ထင္တယ္။ ”

” အိုေဇးက အဲဒီလို ကစားသမားမ်ိဳးပဲ။ သူနဲ႕ အမ္မရီၾကား ဘာေတြ ျဖစ္ေနလဲ က်ေနာ္ မသိဘူး။ ဒါေပမယ့္ အာဆင္နယ္က အခုလိုပဲ ဆက္သြားေနမယ္ဆိုရင္ အမွား ျဖစ္မွာက အမ္မရီပဲ လို႕ က်ေနာ္ ထင္တယ္။ သူတို႔က အူဘာမီးယန္း ဒါမွမဟုတ္ ပီပီကို ေစာင့္ေနတယ္။ တစ္ရက္ျပီး တစ္ရက္ အသင္းကို ကယ္တင္ဖို႔ ဒီလိုပဲ ေစာင့္ရင္း သြားေနတယ္။ တကယ့္တကယ္က အိုေဇး ၀င္ကစားေနသင့္ျပီ။ ” လုိ႔ ရိုက္က ရွင္းလင္း ေျပာဆိုသြားခဲ့ပါတယ္။