လူတိုင်းက ဘော်ဘီကို အသိအမှတ် ပြုလာကြတာအတွက် ကျေနပ်မိတယ်ဆိုတဲ့ မာနေး

[Unicode] လီဗာပူးတိုက်စစ်သမား မာနေးက အသင်းဖော်ဖြစ်တဲ့ ဖာမင်နိုက တမူထူးကဲတဲ့ အရည်အချင်းရှိသူဖြစ်ပြီး သူ့ထံကနေ ထူးချွန်လှတဲ့ ဖန်တီးမှုတွေ မြင်နေရတဲ့အပေါ် အံ့အားသင့်မိခြင်း မရှိပါဘူးလို့ ထုတ်ဖော်ပြောဆိုပါတယ်။

ဖာမင်နိုဟာ လီဗာပူးတိုက်စစ်အတွဲမှာ ဖန်တီးရှင်အဖြစ် ကစားသူဖြစ်ပြီး ကိုယ်တိုင် သွင်းဂိုးတွေ အများကြီး မသွင်းနိုင်ပေမယ့် အသင်းဖော်တွေ ဂိုးရဖို့ ဖန်တီးမှုကောင်းတွေ မကြာခဏ ပြုလုပ်နိုင်သူဖြစ်တယ်။ ဂျန့်နဲ့ပွဲမှာလည်း ဆာလက်၊ မာနေးတို့အတွက် ထူးချွန်တဲ့ အခွင့်အရေးတွေ အများအပြားကို ဖန်တီးပေးခဲ့ပြီး သူ့ရဲ့ ဘောလုံးအမြင်ကောင်းမှုအတွက် ချီးကျူးခံခဲ့ရသူဖြစ်တယ်။

မာနေးက “ ဂျန့်နဲ့ပွဲမှာ ဘော်ဘီထံက အရမ်းကောင်းတဲ့ ဖန်တီးမှုစွမ်းရည်ကို ရခဲ့ပါတယ်။ သူ့ရဲ့ ပေးမှုကို ကျနော် ဂိုးသွင်းနိုင်ဖို့ ကြိုးစားပေမယ့် ခံစစ်သမားက ကျနော် အနော်မှာ ရှိနေပြီး အနည်းငယ် တွန်းခဲ့တော့ ခြေတစ်လှမ်းစာ နောက်ကျခဲ့တယ်။ ဒါကြောင့်လည်း ဘော်ဘီရဲ့ ပေးမှုကို ဂိုးရယူဖို့အတွက် အခက်အခဲ ဖြစ်ခဲ့ရပါတယ်။

သူ့အကြောင်းကို မသိရင် ဒီလို အခွင့်အရေးမျိုးကို မျှော်လင့်မိမှာ မဟုတ်ဘူး။ ကျနော်ကတော့ သူ့အကြောင်း ကောင်းကောင်းသိတယ်လေ။ လေ့ကျင့်ရေးမှာ နေ့တိုင်း သူနဲ့ လေ့ကျင့်နေတာဆိုတော့ ဘယ်လို အရည်အချင်းရှိတယ် ဘာလုပ်နိုင်တယ်ဆိုတာ ကျနော် သိပါတယ်။ ဘော်ဘီ လုပ်ပြနေတာတွေအတွက် ကျနော်ကတော့ အံ့အားသင့်မိတာ မရှိပါဘူး။ ကွင်းထဲမှာ ဘယ်လိုအကောင်းဆုံး ရှေ့ဆက်ရမလဲဆိုတာပဲ ကြိုးစားနေမိတာပါပဲ။

ဘော်ဘီက ကျနော်၊ မိုနဲ့ အသင်းဖော်တွေအားလုံးအတွက် အရမ်းကို ကောင်းပါတယ်။ သူက တကယ်ကို ထူးချွန်တဲ့ ကစားသမားပါ။ အားလုံးက ဘော်ဘီကို အသိအမှတ်ပြုကြတယ်။ လူတွေက အခုတော့ ဘော်ဘီရဲ့ စွမ်းရည်ကို မြင်လာကြပါပြီ ဒါပေမယ့် အသင်းနဲ့ အဖွဲ့ဝင်တွေကတော့ ဘော်ဘီ အသင်းအတွက် ဘယ်လိုတောင် ကိုယ်ကျိုးမငဲ့ဘူးလည်းဆိုတော့ သိထားတာကြောင့် အမြဲပဲ ကျေနပ် ပျော်ရွှင်ပါတယ်။

သူက အကောင်းဆုံး လုပ်နိုင်တယ်။ အသင်းအတွက် ကြိုးစားပေးသလို ဂိုးသွင်းနိုင်တယ်၊ ဂိုးထောက်ပံ့မှုတွေ လုပ်ပေးနိုင်တယ်။ သူ့ကို လူတွေ အသိအမှတ်ပြုလာကြတာ အရမ်းကောင်းပါတယ်။ ဒါက ဖြစ်သင့်နေတာပါ ” လို့ ပြောဆိုသွားခဲ့ပါတယ်။

Sports Home Time

[Zawgyi] လီဗာပူးတိုက္စစ္သမား မာေနးက အသင္းေဖာ္ျဖစ္တဲ့ ဖာမင္ႏိုက တမူထူးကဲတဲ့ အရည္အခ်င္းရွိသူျဖစ္ျပီး သူ႔ထံကေန ထူးခၽြန္လွတဲ့ ဖန္တီးမႈေတြ ျမင္ေနရတဲ့အေပၚ အံ့အားသင့္မိျခင္း မရွိပါဘူးလို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။

ဖာမင္ႏိုဟာ လီဗာပူးတိုက္စစ္အတြဲမွာ ဖန္တီးရွင္အျဖစ္ ကစားသူျဖစ္ျပီး ကိုယ္တုိင္ သြင္းဂိုးေတြ အမ်ားၾကီး မသြင္းႏုိင္ေပမယ့္ အသင္းေဖာ္ေတြ ဂိုးရဖို႔ ဖန္တီးမႈေကာင္းေတြ မၾကာခဏ ျပဳလုပ္ႏုိင္သူျဖစ္တယ္။ ဂ်န္႔နဲ႔ပြဲမွာလည္း ဆာလက္၊ မာေနးတို႔အတြက္ ထူးခၽြန္တဲ့ အခြင့္အေရးေတြ အမ်ားအျပားကို ဖန္တီးေပးခဲ့ျပီး သူ႔ရဲ႕ ေဘာလံုးအျမင္ေကာင္းမႈအတြက္ ခ်ီးက်ဴးခံခဲ့ရသူျဖစ္တယ္။

မာေနးက “ ဂ်န္႔နဲ႔ပြဲမွာ ေဘာ္ဘီထံက အရမ္းေကာင္းတဲ့ ဖန္တီးမႈစြမ္းရည္ကို ရခဲ့ပါတယ္။ သူ႔ရဲ႕ ေပးမႈကို က်ေနာ္ ဂိုးသြင္းႏုိင္ဖို႔ ၾကိဳးစားေပမယ့္ ခံစစ္သမားက က်ေနာ္ အေနာ္မွာ ရွိေနျပီး အနည္းငယ္ တြန္းခဲ့့ေတာ့ ေျခတစ္လွမ္းစာ ေနာက္က်ခဲ့တယ္။ ဒါေၾကာင့္လည္း ေဘာ္ဘီရဲ႕ ေပးမႈကို ဂိုးရယူဖို႔အတြက္ အခက္အခဲ ျဖစ္ခဲ့ရပါတယ္။

သူ႔အေၾကာင္းကို မသိရင္ ဒီလို အခြင့္အေရးမ်ိဳးကို ေမွ်ာ္လင့္မိမွာ မဟုတ္ဘူး။ က်ေနာ္ကေတာ့ သူ႔အေၾကာင္း ေကာင္းေကာင္းသိတယ္ေလ။ ေလ့က်င့္ေရးမွာ ေန႔တိုင္း သူနဲ႔ ေလ့က်င့္ေနတာဆိုေတာ့ ဘယ္လို အရည္အခ်င္းရွိတယ္ ဘာလုပ္ႏုိင္တယ္ဆိုတာ က်ေနာ္ သိပါတယ္။ ေဘာ္ဘီ လုပ္ျပေနတာေတြအတြက္ က်ေနာ္ကေတာ့ အံ့အားသင့္မိတာ မရွိပါဘူး။ ကြင္းထဲမွာ ဘယ္လိုအေကာင္းဆံုး ေရွ႔ဆက္ရမလဲဆိုတာပဲ ၾကိဳးစားေနမိတာပါပဲ။

ေဘာ္ဘီက က်ေနာ္၊ မိုနဲ႔ အသင္းေဖာ္ေတြအားလံုးအတြက္ အရမ္းကို ေကာင္းပါတယ္။ သူက တကယ္ကို ထူးခၽြန္တဲ့ ကစားသမားပါ။ အားလံုးက ေဘာ္ဘီကို အသိအမွတ္ျပဳၾကတယ္။ လူေတြက အခုေတာ့ ေဘာ္ဘီရဲ႕ စြမ္းရည္ကို ျမင္လာၾကပါျပီ ဒါေပမယ့္ အသင္းနဲ႔ အဖြဲ႔ဝင္ေတြကေတာ့ ေဘာ္ဘီ အသင္းအတြက္ ဘယ္လိုေတာင္ ကိုယ္က်ိဳးမငဲ့ဘူးလည္းဆိုေတာ့ သိထားတာေၾကာင့္ အျမဲပဲ ေက်နပ္ ေပ်ာ္ရႊင္ပါတယ္။

သူက အေကာင္းဆံုး လုပ္ႏုိင္တယ္။ အသင္းအတြက္ ၾကိဳးစားေပးသလို ဂိုးသြင္းႏုိင္တယ္၊ ဂိုးေထာက္ပံ့မႈေတြ လုပ္ေပးႏုိင္တယ္။ သူ႔ကို လူေတြ အသိအမွတ္ျပဳလာၾကတာ အရမ္းေကာင္းပါတယ္။ ဒါက ျဖစ္သင့္ေနတာပါ ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။

Sports Home Time