ဇာဟာက အာဆင်နယ်ကို အပြတ် ချေမှုန်းချင်နေလိမ့်မယ်လို့ အမ်မရီ သတိပေး
ပဲလေ့စ် တိုက်စစ်မှူး ဇာဟာက တနင်္ဂနွေနေ့ အာဆင်နယ်နဲ့ ပွဲစဉ်မှာ ပြိုင်ဘက်အသင်းကို ချေမှုန်းဖို့ စိတ်အားတက်ကြွနေမယ့် အကြောင်း ရှိနေလိမ့်မယ်လို့ အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီက အသင်းသားတွေအား သတိပေးလိုက်ပါတယ်။
ခရစ္စတယ်ပဲလေ့စ် တောင်ပံတိုက်စစ်သမား ဇာဟာက ပြီးခဲ့တဲ့နွေမှာ အမ်းမရိတ်ထံ ရောက်လာဖို့ သတင်းကြီးခဲ့ပြီး အာဆင်နယ်ကလည်း ဇာဟာကို အလေးအနက် ချိတ်ဆက်ခဲ့တာပါ။ ဒါပေမယ့် ပေါင် သန်း ၁၀၀ တောင်းဆိုနေတဲ့ ပြောင်းရွှေ့ကြေးကြောင့် ဇာဟာထက် လိုင်လီမှ နစ်ကိုးလပ်စ် ပီပီကို ခေါ်ယူဖို့ ဦးလှည့်သွားခဲ့တာပါ။
ဒီတပတ်မှာ ပဲလေ့စ်က လန်ဒန်ပြိုင်ဘက် အာဆင်နယ်ထံ လာရောက် ကစားရတော့မှာ ဖြစ်ပြီး အာဆင်နယ်က ပြီးခဲ့တဲ့ အပတ်ကပဲ ရှက်ဖီးကို ၁-၀ နဲ့ ရှုံးနိမ့်ထားပါတယ်။
” သူက အလွန်ကောင်းတဲ့ ကစားသမားဖြစ်တယ်။ ပွဲတော်တော်များများမှာ သူက ခြားနားတဲ့ ရလဒ်ကို ဖြစ်စေနိုင်ခဲ့တယ် ကျနေ်ာတို့နဲ့ရော အခြားအသင်းတွေနဲ့ ရင်ဆိုင်ရချိန်မှာရောပါ။ ဒီနှစ်မှာလည်း ဒီလိုပါပဲ။ ကျနော်တို့ အနေနဲ့ကတော့ ကိုယ် ကစားသမားတွေ လုပ်နိုင်စွမ်းအားတွေ အသင့်ပြင်ပြီး အမ်းမရိတ်မှာ ရှိပါမယ်။ ပဲလေ့စ် ဒီကို လာကစားရမှာအတွက် ခံစားမှုတွေကတော့ ကောင်းနေတယ်ဗျာ။ ”
” ကျနော်တို့ အတွက် စိန်ခေါ်မှုက သူ့ကို ဘယ်လို ရပ်တန့်ရမလဲ ဆိုတာပဲ။ ကျနော်တို့ အသင်းလိုက် ဘယ်လို တုန့်ပြန် ကစားမလဲ ဆိုတာပါ။” လို့ အမ်မရီက ဆိုခဲ့ပါတယ်။
ဇာဟာကို မရခဲ့လို့ ခေါ်ယူဖြစ်ခဲ့တဲ့ ပီပီက အာဆင်နယ်နဲ့ ပွဲဦးထွက် ရာသီ အစမှာ ခက်ခဲမှုများ ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် နောက်ဆုံးကစားထားတ့ ယူရိုပါလိဂ်ပွဲမှာတော့ ဗစ်တိုးရီးယား အသင်းဘက် ၂ ဂိုး သွင်းပြီး အစွမ်းပြထားတာပါ။
Sports Home Time
Zawgyi
Sports Home Time