မဖြစ်နိုင်ဘူးလို့ အများက ထင်ထားတာတွေ ဖြစ်အောင် လုပ်ပြနေသူ လမ်းပတ်

ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်ဟာ အသင်းကို တာဝန်ယူပြီးနောက် မဖြစ်နိုင်ဘူးလို့ အများထင်ထားခဲ့ကြတဲ့ ကိစ္စတွေ ဖြစ်အောင် လုပ်ပေးနေပြီး ချယ်ဆီးဟာ အဓိက ကစားသမား အီဒင် ဟာဇက် မရှိတော့သည့်တိုင် ပိုပြီး ကြည့်ကောင်းလာအောင် လမ်းပတ် စွမ်းဆောင် ပေးထားတယ်လို့ ရော်ဘီဆားဗေ့ချ်က ချီးကျူး ရေးသားလိုက်ပါတယ်။

အခုဆိုရင် လမ်းပတ်ဟာ ချယ်ဆီးအသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှ လီဗာပူးနဲ့ မန်စီးတီးနောက်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ လွန်ခဲ့တဲ့ လေးနှစ်က လက်စတာလိုပဲ လူတိုင်းရဲ့ ဒုတိယ အကြိုက်ဆုံး အသင်း ဖြစ်လာပြီး လူငယ်တွေရဲ့ ခြေစွမ်းနဲ့ သတိပြုမိလောက်ဖွယ် တိုးတက်လာနေပါတယ်။

ရာသီအစတည်းက လမ်းပတ်ဟာ ချယ်ဆီးအတွက် ပြီးပြည့်စုံ လိုက်ဖက်ညီမယ့် နည်းပြ ဖြစ်တယ်လို့ ဆားဗေ့ချ်က ဆိုခဲ့ပါတယ်။ ဒါပေမယ့် လူငယ်တွေနဲ့ အရိုင်းဆန်ဆန် လမ်းပတ်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ထိ ရောက်ခဲ့တဲ့ အေဂျက်ကို အမ်စတာဒမ်မှာ အနိုင် ကစားသွားနိုင်လောက်တဲ့ထိ ဖြစ်လာမယ် မထင်ခဲ့ကြောင်း ၎င်းက ဝန်ခံခဲ့ပါတယ်။

အဆိုပါ နိုင်ပွဲက လမ်းပတ်ရဲ့ လုပ်အားနှုန်း၊ သူ့ရဲ့ လက်ထောက် မောရစ်နဲ့ ကလပ်အသင်း လူငယ်ကစားသမားတွေရဲ့ ကြိုးစားမှု ရလဒ်ကို မျက်ဝါးထင်ထင် မြင်ခဲ့ရတာ ဖြစ်ပါတယ်။ လမ်းပတ်ဟာ အခင်းအကျင်းတွေ ပြောင်းလဲ ကစားဖို့လည်း မကြောက်ရွံ့ခဲ့ပါဘူး။ ၄-၃-၃ ကနေ ၄-၂-၃-၁ ဒါမှမဟုတ် ၄-၃-၂-၁ စတာတွေ အပြင် တကယ်တမ်း ရာသီအဖွင့်ပွဲ အိုးထရက်ဖို့ဒ်မှာ အေဗရာဟမ်ရဲ့ တိုင်ထိကန်ချက် ဂိုးဝင်သွားမယ်ဆိုရင် ခြားနားတဲ့ အနေအထားတွေ ပိုမြင်ခဲ့ရဦးမှာပါ။

လူငယ်တွေရဲ့ ပင်ကိုအရည်ချင်းတွေကို အမြင့်ဆုံးထိ ရအောင် ညှစ်ထုတ်ယူနိုင်တဲ့နေရာမှာ လမ်းပတ်ထက် ဘယ်သူကမှ ပို မကောင်းနိုင်တော့ဘူး ထင်ပါတယ်။

ဝက်စ်ဟမ်းအသင်းမှာ ဆယ်ကျော်သက် အရွယ်တည်းက လမ်းပတ်ဟာ အားလုံး လေ့ကျင့်ပြီးချိန်ဆို ဆက်နေပြီး ထပ်မံ လေ့ကျင့်မှုတွေ ကန်သွင်းမှု တွေ ဆက်လက် လုပ်ဆောင်လေ့ ရှိသူ ဖြစ်ပါတယ်။ သူက ပါရမီ ပင်ကိုဗီဇနဲ့ ထူးချွန်တဲ့သူ မဟုတ်ပေမယ့် နောက်ဆုံး ချွေးတစ်စက်ထိတောင် အားကုန်ထုတ် ကြိုးစားသူ ဖြစ်ပါတယ်။ ချယ်ဆီးအသင်းက လူငယ်ကစားသမားတွေ အနေနဲ့ လမ်းပတ်ကို စံနမူနာယူပြီး အလုပ်ကြိုးစားမှုရဲ့ ရလဒ်ကို မြင်နိုင်နေပါတယ်။

ချယ်ဆီးအသင်းဟာ ဒီရာသီ အပြောင်းအရွှေ့ ပိတ်ခံထားရတာကြောင့် ထိပ်သီးလေးသင်း အတွင်း ဝင်ဖို့ဆိုတာ စိန်ခေါ်မှုကြီး ဖြစ်မယ်လို့ ထင်ခဲ့မိကြောင်း ဆားဗေ့ချ်က ဝန်ခံခဲ့ပြီး လက်ရှိမှာတော့ ချယ်ဆီးဟာ ဒုတိယနေရာမှ မန်စီးတီးနောက် ၂ မှတ် အကွာမှာ ရှိနေပါတယ်။ ၎င်းတို့ဟာ ချန်ပီယံလိဂ်မှာလည်း ရှုံးထွက်အဆင့်ထံတက်ရောက်ဖို့ အခြေအနေကောင်းတွေ ရှိနေပါပြီ။

လက်ရှိအချိန်မှာ ဖရန့်လမ်းပတ် က ထိပ်သီးမန်နေဂျာ စာရင်းထဲ ဝင်နေပြီလို့ ရော်ဘီ ဆားဗေ့ချ်က ဆိုခဲ့ပြီး တကယ်လို့သာ သူ့အသင်းအတွက် လမ်းပတ်၊ ပိုချက်တီနိုနဲ့ အူနိုင်း အမ်မရီ တစ်ယောက်ယောက်ကို ရွေးချယ်ရမယ်ဆိုရင် လမ်းပတ်ကိုသာ ရွေးမှာဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

Sports Home Time

Zawgyi

ခ်ယ္ဆီးနည္းျပ ဖရန္႔လမ္းပတ္ဟာ အသင္းကို တာ၀န္ယူျပီးေနာက္ မျဖစ္နုိင္ဘူးလို႔ အမ်ားထင္ထားခဲ့ၾကတဲ့ ကိစၥေတြ ျဖစ္ေအာင္ လုပ္ေပးေနျပီး ခ်ယ္ဆီးဟာ အဓိက ကစားသမား အီဒင္ ဟာဇက္ မရွိေတာ့သည့္တိုင္ ပိုျပီး ၾကည့္ေကာင္းလာေအာင္ လမ္းပတ္ စြမ္းေဆာင္ ေပးထားတယ္လုိ႔ ေရာ္ဘီဆားေဗ့ခ်္က ခ်ီးက်ဴး ေရးသားလိုက္ပါတယ္။

အခုဆိုရင္ လမ္းပတ္ဟာ ခ်ယ္ဆီးအသင္းကို ပရီးမီးယားလိဂ္ အမွတ္ေပးဇယားထိပ္မွ လီဗာပူးနဲ႕ မန္စီးတီးေနာက္ကို ေရာက္ရွိလာျပီ ျဖစ္ပါတယ္။ ခ်ယ္ဆီးအသင္းဟာ လြန္ခဲ့တဲ့ ေလးနွစ္က လက္စတာလိုပဲ လူတိုင္းရဲ႕ ဒုတိယ အၾကိဳက္ဆံုး အသင္း ျဖစ္လာျပီး လူငယ္ေတြရဲ႕ ေျခစြမ္းနဲ႕ သတိျပဳမိေလာက္ဖြယ္ တိုးတက္လာေနပါတယ္။

ရာသီအစတည္းက လမ္းပတ္ဟာ ခ်ယ္ဆီးအတြက္ ျပီးျပည့္စံု လိုက္ဖက္ညီမယ့္ နည္းျပ ျဖစ္တယ္လို႔ ဆားေဗ့ခ်္က ဆိုခဲ့ပါတယ္။ ဒါေပမယ့္ လူငယ္ေတြနဲ႕ အရိုင္းဆန္ဆန္ လမ္းပတ္ရဲ႕ အသင္းဟာ ျပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ထိ ေရာက္္ခဲ့တဲ့ ေအဂ်က္ကို အမ္စတာဒမ္မွာ အနုိင္ ကစားသြားနုိင္ေလာက္တဲ့ထိ ျဖစ္လာမယ္ မထင္ခဲ့ေၾကာင္း ၄င္းက ၀န္ခံခဲ့ပါတယ္။

အဆိုပါ နုိင္ပြဲက လမ္းပတ္ရဲ႕ လုပ္အားနႈန္း၊ သူ႔ရဲ႕ လက္ေထာက္ ေမာရစ္နဲ႕ ကလပ္အသင္း လူငယ္ကစားသမားေတြရဲ႕ ၾကိဳးစားမႈ ရလဒ္ကို မ်က္၀ါးထင္ထင္ ျမင္ခဲ့ရတာ ျဖစ္ပါတယ္။ လမ္းပတ္ဟာ အခင္းအက်င္းေတြ ေျပာင္းလဲ ကစားဖို႔လည္း မေၾကာက္ရြ႕ံခဲ့ပါဘူး။ ၄-၃-၃ ကေန ၄-၂-၃-၁ ဒါမွမဟုတ္ ၄-၃-၂-၁ စတာေတြ အျပင္ တကယ္တမ္း ရာသီအဖြင့္ပြဲ အိုးထရက္ဖို႔ဒ္မွာ ေအဗရာဟမ္ရဲ႕ တိုင္ထိကန္ခ်က္ ဂိုး၀င္သြားမယ္ဆိုရင္ ျခားနားတဲ့ အေနအထားေတြ ပိုျမင္ခဲ့ရဦးမွာပါ။

လူငယ္ေတြရဲ႕ ပင္ကိုအရည္ခ်င္းေတြကို အျမင့္ဆံုးထိ ရေအာင္ ညွစ္ထုတ္ယူနိုင္တဲ့ေနရာမွာ လမ္းပတ္ထက္ ဘယ္သူကမွ ပို မေကာင္းနုိင္ေတာ့ဘူး ထင္ပါတယ္။

၀က္စ္ဟမ္းအသင္းမွာ ဆယ္ေက်ာ္သက္ အရြယ္တည္းက လမ္းပတ္ဟာ အားလံုး ေလ့က်င့္ျပီးခ်ိန္ဆို ဆက္ေနျပီး ထပ္မံ ေလ့က်င့္မႈေတြ ကန္သြင္းမႈ ေတြ ဆက္လက္ လုပ္ေဆာင္ေလ့ ရွိသူ ျဖစ္ပါတယ္။ သူက ပါရမီ ပင္ကိုဗီဇနဲ႕ ထူးခၽြန္တဲ့သူ မဟုတ္ေပမယ့္ ေနာက္ဆံုး ေခၽြးတစ္စက္ထိေတာင္ အားကုန္ထုတ္ ၾကိဳးစားသူ ျဖစ္ပါတယ္။ ခ်ယ္ဆီးအသင္းက လူငယ္ကစားသမားေတြ အေနနဲ႕ လမ္းပတ္ကို စံနမူနာယူျပီး အလုပ္ၾကိဳးစားမႈရဲ႕ ရလဒ္ကို ျမင္နုိင္ေနပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဒီရာသီ အေျပာင္းအေရႊ႕ ပိတ္ခံထားရတာေၾကာင့္ ထိပ္သီးေလးသင္း အတြင္း ၀င္ဖို႔ဆိုတာ စိန္ေခၚမႈၾကီး ျဖစ္မယ္လို႔ ထင္ခဲ့မိေၾကာင္း ဆားေဗ့ခ်္က ၀န္ခံခဲ့ျပီး လက္ရွိမွာေတာ့ ခ်ယ္ဆီးဟာ ဒုတိယေနရာမွ မန္စီးတီးေနာက္ ၂ မွတ္ အကြာမွာ ရွိေနပါတယ္။ ၄င္းတို႔ဟာ ခ်န္ပီယံလိဂ္မွာလည္း ရွံဳးထြက္အဆင့္ထံတက္ေရာက္ဖို႔ အေျခအေနေကာင္းေတြ ရွိေနပါျပီ။

လက္ရွိအခ်ိန္မွာ ဖရန္႔လမ္းပတ္ က ထိပ္သီးမန္ေနဂ်ာ စာရင္းထဲ ၀င္ေနျပီလို႔ ေရာ္ဘီ ဆားေဗ့ခ်္က ဆိုခဲ့ျပီး တကယ္လို႔သာ သူ႔အသင္းအတြက္ လမ္းပတ္၊ ပိုခ်က္တီနိုနဲ႕ အူနုိင္း အမ္မရီ တစ္ေယာက္ေယာက္ကို ေရြးခ်ယ္ရမယ္ဆိုရင္ လမ္းပတ္ကိုသာ ေရြးမွာျဖစ္ေၾကာင္း ၄င္းက ေျပာၾကားခဲ့ပါတယ္။

Sports Home Time