အာဆင်နယ်အတွက် ခြေစွမ်းပြဖို အထနှေးနေခဲ့ရခြင်း အကြောင်းရင်းကို ရှင်းပြသွားတဲ့ ပီပီ

[Unicode] နီကိုးလပ်ပီပီဟာ နွေရာသီမှာ အမ်းမရိတ်စ်ကို လိုင်လီကနေ ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် အင်္ဂလန်မှာ အသားကျဖို့ ခက်ခဲခဲ့ပြီး တန်ကြေးနဲ့ သင့်တော်တဲ့ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတာပါ။

ကြာသပတေးညမှာတော့ သူဟာ အရန်ခုံကနေ ထလာကာ ဖရီးကစ် နှစ်လုံး သွင်းယူခဲ့ပြီး ဂန်းနားတွေအတွက် နိုင်ပွဲရစေခဲ့ပါတယ်။ ပီပီရဲ့ သွင်းဂိုး ၂ ဂိုး မတိုင်ခင် ပေါ်တူဂီ ကလပ် ဗစ်တိုးရီးယားက အံ့အားသင့်စရာအဖြစ် အမ်းမရိတ်ကွင်းမှာ အာဆင်နယ်ကို အနိူုင်ရဖို့ ရှိနေခဲ့တာ ဖြစ်ပါတယ်။

” နည်းပြက ကျနော့်ကို ယုံကြည်တယ်။ ခနတာလောက် ကျနော် အဆင်မပြေဖြစ်ခဲ့တာတောင် အမြဲတမ်း နည်းပြရဲ့ ယုံကြည်မှုကို ရခဲ့တယ်။ နည်းပြရဲ့ ယုံကြည်မှု ရတာက အရေးပါခဲ့ပါတယ်။ ဒါက လီဂူးဝမ်း နဲ့ လုံးဝ ကွဲပြားတဲ့ လိဂ်ပါ။ ကျနော့် အနေနဲ့ မြန်မြန် အထိူင်ကျဖို့ လိုအပ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ မျှော်လင့်ချက်တွေက မြင့်မားခဲ့တယ်လေ။

ကံမကောင်းစွာပဲ အစပိုင်းမှာ ကျနော် မလုပ်နိူင်ခဲ့ဘူး။ ဒါပေမယ့် နည်းပြရဲ့ ယုံကြည်မှု ကို အမြဲရခဲ့ပြီး ကစားသမားတွေက ကျနော့်ကို ထောက်ခံအားပေးခဲ့ကြတယ်။ ပရီးမီးယားလိဂ် မှာ အထိူင်ကျပြီး ခြေစွမ်းပြဖို့ ကျနော် အလူပ်ကြိုးစားနေပါတယ်။ ” လို့ ပီပီက ပြောဆိုခဲ့ပါတယ်။

ဒီပွဲစဉ်မတိုင်ခင် ပီပီဟာ အက်စ်တွန်ဗီလာ ကို ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပင်နယ်တီဂိုး ရရှိပြီးနောက် သူ့ရဲ့ပထမဆုံး ၁၁ ပွဲမှာ ၁ ဂိုးသာ ရယူနိူင်ခဲ့တာ ဖြစ်ပါတယ်။ အခု ဗစ်တိုးရီးယားနဲ့ပွဲက ဖရီးကစ်ဂိုးတွေဟာ ဒီရာသီမှာ သူနဲ့ ကလပ်အတွက် အရေးပါတဲ့ အပြောင်းအလဲ အချိန် ဖြစ်နိုင်တယ်လို့ ပီပီက မျှော်လင့်နေပါတယ်။

“နှစ်ဂိုးသွင်းနိုင်လို့ ယုံကြည်မှုတွေ ရလာတယ်။ ဒါပေမယ့် အဆုံးသတ်မှာ အနိုင်ရတာက အရေးကြီးပါတယ်။ အဲ့ဒါက ကျနော်တို့ရဲ့ အနိုင်မခံ အရံှူးမပေး စိတ်ဓာတ်ကို ပြသခဲ့ပါတယ်။ အက်စ်တွန်ဗီလာ နဲ့ပွဲမှာလဲ ဒါကို ပြသခဲ့ပြီးပါပြီ။ အခုချိန်က ခရစ္စတယ်ပဲလေ့စ် နဲ့ပွဲအတွက် အာရုံစိုက်ရပါတော့မယ်။

ရုပ်ပိုင်းဆိုင်ရာ အရ ကျနော်က အကောင်းဆုံး အခြေအနေ မဟုတ်သေးဘူး။ ဘာကြောင့်လဲဆိုတော့ သူများတွေလို ကျနော်က ရာသီကြိုမှာ အသင်းနဲ့ ပူးပေါင်းမှုတွေ မလုပ်ခဲ့ရဘူးလေ။ အာဖရိက နေးရှင်းဖလားမှာ ကစားနေခဲ့ရတယ်။ ဖြည်းဖြည်းချင်း ကျနော် စတင်ခဲ့ပြီး ဒါကို နည်းပြက နားလည်ပေးခဲ့တယ်။ ကြံ့ခိုင်မှု အပြည့်နဲ့ ခြေစွမ်းပြနိုင်ဖို့ ကျနော် ကြိုးစားနေတယ်။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Sports Home Time

[Zawgyi] နီကိုးလပ္ပီပီဟာ ေႏြရာသီမွာ အမ္းမရိတ္စ္ကို လိုင္လီကေန ေပါင္ ၇၂ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့ေပမယ့္ အဂၤလန္မွာ အသားက်ဖို႔ ခက္ခဲခဲ့ၿပီး တန္ေၾကးနဲ႔ သင့္ေတာ္တဲ့ ေျခစြမ္းျပဖို႔ ႐ုန္းကန္ခဲ့ရတာပါ။

ၾကာသပေတးညမွာေတာ့ သူဟာ အရန္ခုံကေန ထလာကာ ဖရီးကစ္ ႏွစ္လုံး သြင္းယူခဲ့ၿပီး ဂန္းနားေတြအတြက္ ႏိုင္ပြဲရေစခဲ့ပါတယ္။ ပီပီရဲ႕ သြင္းဂိုး ၂ ဂိုး မတိုင္ခင္ ေပၚတူဂီ ကလပ္ ဗစ္တိုးရီးယားက အံ့အားသင့္စရာအျဖစ္ အမ္းမရိတ္ကြင္းမွာ အာဆင္နယ္ကို အႏိူုင္ရဖို႔ ရွိေနခဲ့တာ ျဖစ္ပါတယ္။

” နည္းျပက က်ေနာ့္ကို ယုံၾကည္တယ္။ ခနတာေလာက္ က်ေနာ္ အဆင္မေျပျဖစ္ခဲ့တာေတာင္ အၿမဲတမ္း နည္းျပရဲ႕ ယုံၾကည္မႈကို ရခဲ့တယ္။ နည္းျပရဲ႕ ယံုၾကည္မႈ ရတာက အေရးပါခဲ့ပါတယ္။ ဒါက လီဂူးဝမ္း နဲ႔ လုံးဝ ကြဲျပားတဲ့ လိဂ္ပါ။ က်ေနာ့္ အေနနဲ႔ ျမန္ျမန္ အထိူင္က်ဖို႔ လိုအပ္ခဲ့တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေမွ်ာ္လင့္ခ်က္ေတြက ျမင့္မားခဲ့တယ္ေလ။

ကံမေကာင္းစြာပဲ အစပိုင္းမွာ က်ေနာ္ မလုပ္ႏိူင္ခဲ့ဘူး။ ဒါေပမယ့္ နည္းျပရဲ႕ ယုံၾကည္မႈ ကို အၿမဲရခဲ့ၿပီး ကစားသမားေတြက က်ေနာ့္ကို ေထာက္ခံအားေပးခဲ့ၾကတယ္။ ပရီးမီးယားလိဂ္ မွာ အထိူင္က်ၿပီး ေျခစြမ္းျပဖို႔ က်ေနာ္ အလူပ္ႀကိဳးစားေနပါတယ္။ ” လို႔ ပီပီက ေျပာဆိုခဲ့ပါတယ္။

ဒီပြဲစဥ္မတိုင္ခင္ ပီပီဟာ အက္စ္တြန္ဗီလာ ကို ၃-၂ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ပင္နယ္တီဂိုး ရရွိၿပီးေနာက္ သူ႔ရဲ႕ပထမဆံုး ၁၁ ပြဲမွာ ၁ ဂိုးသာ ရယူႏိူင္ခဲ့တာ ျဖစ္ပါတယ္။ အခု ဗစ္တိုးရီးယားနဲ႔ပြဲက ဖရီးကစ္ဂိုးေတြဟာ ဒီရာသီမွာ သူနဲ႔ ကလပ္အတြက္ အေရးပါတဲ့ အေျပာင္းအလဲ အခ်ိန္ ျဖစ္ႏိုင္တယ္လို႔ ပီပီက ေမွ်ာ္လင့္ေနပါတယ္။

“ႏွစ္ဂိုးသြင္းႏိုင္လို႔ ယုံၾကည္မႈေတြ ရလာတယ္။ ဒါေပမယ့္ အဆုံးသတ္မွာ အႏိုင္ရတာက အေရးႀကီးပါတယ္။ အဲ့ဒါက က်ေနာ္တို႔ရဲ႕ အႏိုင္မခံ အရံွဴးမေပး စိတ္ဓာတ္ကို ျပသခဲ့ပါတယ္။ အက္စ္တြန္ဗီလာ နဲ႔ပြဲမွာလဲ ဒါကို ျပသခဲ့ၿပီးပါၿပီ။ အခုခ်ိန္က ခရစၥတယ္ပဲေလ့စ္ နဲ႔ပြဲအတြက္ အာ႐ုံစိုက္ရပါေတာ့မယ္။

႐ုပ္ပိုင္းဆိုင္ရာ အရ က်ေနာ္က အေကာင္းဆုံး အေျခအေန မဟုတ္ေသးဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူမ်ားေတြလို က်ေနာ္က ရာသီႀကိဳမွာ အသင္းနဲ႔ ပူးေပါင္းမႈေတြ မလုပ္ခဲ့ရဘူးေလ။ အာဖရိက ေနးရွင္းဖလားမွာ ကစားေနခဲ့ရတယ္။ ျဖည္းျဖည္းခ်င္း က်ေနာ္ စတင္ခဲ့ၿပီး ဒါကို နည္းျပက နားလည္ေပးခဲ့တယ္။ ႀကံ့ခိုင္မႈ အျပည့္နဲ႔ ေျခစြမ္းျပႏိုင္ဖို႔ က်ေနာ္ ႀကိဳးစားေနတယ္။ ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

Sports Home Time