သက်တမ်းတိုးဖို့ လမ်းပတ် မျှော်လင့်နေတဲ့ ချယ်ဆီးအသင်းသား နှစ်ဦး

ချယ်ဆီးနည်းပြ လမ်းပတ်ဟာ အကယ်ဒမီမှ ကစားသမားနှစ်ဦးကို ဒီရာသီ စီနီယာအသင်းကြီးမှာ ကစားခွင့်ပေးထားပြီး ၎င်းတို့ နှစ်ဦးလုံးကို သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုနေပါတယ်။ ၎င်းတို့ကတော့ တမ်မီ အေဗရာဟမ်နဲ့ ဖီကာယို တိုမိုရီတို့ ဖြစ်ပြီး စာချုပ်သစ် အတွက် ဆွေးနွေးမှုများလည်း စတင်ထားကြောင်း သိရပါတယ်။

ချယ်ဆီးအသင်းရဲ့ အရင်နည်းပြတွေက အကယ်ဒမီ ကစားသမားတွေကို ခေါ်ယူအသုံးပြုမှု နည်းပါးသော်လည်း လမ်းပတ်ကတော့ အပြောင်းအရွှေ့ ပိတ်ခံထားရချိန်မှာ အကယ်ဒမီ ကစားသမားတွေရဲက အစွမ်းပြမှု အသီးအပွင့်တွေကို ခံစားနေရပြီ ဖြစ်ပါတယ်။ အင်္ဂလန် လက်ရွေးစင် အသင်းကပါ ခေါ်ယူခြင်း ခံထားရပြီ ဖြစ်တဲ့ အေဗရာဟမ်နဲ့ တိုမိုရီတို့ကို ချယ်ဆီးအသင်းက သက်တမ်းတိုးဖို့ ကမ်းလှမ်းထားပြီး ဖြစ်ပါတယ်။

ချယ်ဆီး လူငယ်ကစားသမားတွေနဲ့ စိတ်လှုပ်ရှားဖွယ် အနာဂတ်အကြောင်း ပြောဆိုခဲ့ရာ လတ်တလော အင်တာဗျူးမှာ လမ်းပတ်က သက်တမ်းတိုးဖို့ စီစဉ်ထားမှုများအကြောင်း ဖွင့်ဟခဲ့ပါတယ်။

” သေချာတာပေါ့။ ကျနော်က ဒီလူငယ်လေးတွေကို ဆက်နေစေချင်တာပေါ့။ ဒါပေမယ့် သက်တမ်းတိုးဖို့ ကလပ်နဲ့ ဆွေးနွေးနေတဲ့ ကိစ္စမှာတော့ ကျနော် ဝင် ပါလို့ရတဲ့ ကိစ္စ မဟုတ်တော့ဘူး။ ဒါပေမယ့် ကလပ်အသင်းက ကျနော် ကစားသမားတွေကို ချစ်တယ် ဆိုတာ ကော်ငးကောင်း သိပါတယ်။ ကျနော်ပဲ သူတို့ကို အသင်းကြီးဆီ ဒီရာသီမှာ ခေါ်လာခဲ့တာပါ။ ”

” သူတို့က အသင်းနဲ့အတူ ခြေစွမ်းတွေ ပြထားတယ်။ ဒါပေမယ့် စာချုပ်ကိစ္စ ဆွေးနွေးမှုကိုတော့ ကျနော် အသင်းကိုပဲ လွှဲထားပါတယ်။ ကျနော့် အနေနဲ့ ကတော့ သူတို့ကို အကြာကြီး ဒီမှာ ရှိစေချင်တာပါ။ ” လို့ လမ်းပတ်က ဆိုခဲ့ပါတယ်။

ချယ်ဆီး လူငယ်တိုက်စစ်မှူး အေဗရာဟမ်က ကျောနံပါတ် ၉ ကို ဝတ်ဆင်ပြီး စတင် ကစားစဉ်မှာ သံသယနဲ့ ဝေဖန်မှုများ ခံခဲ့ရပေမယ့် အသင်းအတွက် ဂိုးတွေ သွင်းကာ ဝေဖန်မှုများကို ချေဖျက်ခဲ့ပါတယ်။ တိုမိုရီကတလည်း တစတစ အသင်းမှာ ခြေစွမ်းပြနေကာ အေဂျက်ကို နိုင်တဲ့ပွဲမှာ အထူးအစွမ်းပြထားသူ ဖြစ်ပါတယ်။

Sports Home Time

Zawgyi

ခ်ယ္ဆီးနည္းျပ လမ္းပတ္ဟာ အကယ္ဒမီမွ ကစားသမားနွစ္ဦးကို ဒီရာသီ စီနီယာအသင္းၾကီးမွာ ကစားခြင့္ေပးထားျပီး ၄င္းတို႔ နွစ္ဦးလံုးကို သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုလိုေနပါတယ္။ ၄င္းတို႔ကေတာ့ တမ္မီ ေအဗရာဟမ္နဲ႕ ဖီကာယို တိုမိုရီတို႔ ျဖစ္ျပီး စာခ်ဳပ္သစ္ အတြက္ ေဆြးေႏြးမႈမ်ားလည္း စတင္ထားေၾကာင္း သိရပါတယ္။

ခ်ယ္ဆီးအသင္းရဲ႕ အရင္နည္းျပေတြက အကယ္ဒမီ ကစားသမားေတြကို ေခၚယူအသံုးျပဳမႈ နည္းပါးေသာ္လည္း လမ္းပတ္ကေတာ့ အေျပာင္းအေရႊ႕ ပိတ္ခံထားရခ်ိန္မွာ အကယ္ဒမီ ကစားသမားေတြရဲက အစြမ္းျပမႈ အသီးအပြင့္ေတြကို ခံစားေနရျပီ ျဖစ္ပါတယ္။ အဂၤလန္ လက္ေရြးစင္ အသင္းကပါ ေခၚယူျခင္း ခံထားရျပီ ျဖစ္တဲ့ ေအဗရာဟမ္နဲ႕ တိုမိုရီတို႔ကို ခ်ယ္ဆီးအသင္းက သက္တမ္းတိုးဖို႔ ကမ္းလွမ္းထားျပီး ျဖစ္ပါတယ္။

ခ်ယ္ဆီး လူငယ္ကစားသမားေတြနဲ႕ စိတ္လႈပ္ရွားဖြယ္ အနာဂတ္အေၾကာင္း ေျပာဆိုခဲ့ရာ လတ္တေလာ အင္တာဗ်ဴးမွာ လမ္းပတ္က သက္တမ္းတိုးဖို႔ စီစဥ္ထားမႈမ်ားအေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

” ေသခ်ာတာေပါ့။ က်ေနာ္္က ဒီလူငယ္ေလးေတြကို ဆက္ေနေစခ်င္တာေပါ့။ ဒါေပမယ့္ သက္တမ္းတိုးဖို႔ ကလပ္နဲ႕ ေဆြးေႏြးေနတဲ့ ကိစၥမွာေတာ့ က်ေနာ္ ၀င္ ပါလို႔ရတဲ့ ကိစၥ မဟုတ္ေတာ့ဘူး။ ဒါေပမယ့္ ကလပ္အသင္းက က်ေနာ္ ကစားသမားေတြကို ခ်စ္တယ္ ဆိုတာ ေကာ္ငးေကာငး္ သိပါတယ္။ က်ေနာ္ပဲ သူတို႔ကို အသင္းၾကီးဆီ ဒီရာသီမွာ ေခၚလာခဲ့တာပါ။ ”

” သူတို႔က အသင္းနဲ႕အတူ ေျခစြမ္းေတြ ျပထားတယ္။ ဒါေပမယ့္ စာခ်ဳပ္ကိစၥ ေဆြးေႏြးမႈကိုေတာ့ က်ေနာ္ အသင္းကိုပဲ လႊဲထားပါတယ္။ က်ေနာ့္ အေနနဲ႕ ကေတာ့ သူတို႔ကို အၾကာၾကီး ဒီမွာ ရွိေစခ်င္တာပါ။ ” လို႔ လမ္းပတ္က ဆိုခဲ့ပါတယ္။

ခ်ယ္ဆီး လူငယ္တိုက္စစ္မွဴး ေအဗရာဟမ္က ေက်ာနံပါတ္ ၉ ကို ၀တ္ဆင္ျပီး စတင္ ကစားစဥ္မွာ သံသယနဲ႕ ေ၀ဖန္မႈမ်ား ခံခဲ့ရေပမယ့္ အသင္းအတြက္ ဂိုးေတြ သြင္းကာ ေ၀ဖန္မႈမ်ားကို ေခ်ဖ်က္ခဲ့ပါတယ္။ တိုမိုရီကတလည္း တစတစ အသင္းမွာ ေျခစြမ္းျပေနကာ ေအဂ်က္ကို နုိင္တဲ့ပြဲမွာ အထူးအစြမ္းျပထားသူ ျဖစ္ပါတယ္။

Sports Home Time