ဘန်လေ – ချယ်ဆီးပွဲ အတွက် စကိုင်းစပေါ့ ခန့်မှန်းသုံးသပ်ချက်

ချန်ပီယံလိဂ် ဥရောပ မျက်နှာစာမှာ ချယ်ဆီးအသင်းဟာ အေဂျက်ကို အနိုင်ယူပြီး ပြိုင်ပွဲစုံ ၆ ပွဲဆက် နိုင်ပွဲရယူကာ လူငယ်တွေနဲ့ ခြေစွာနေပါတယ်။ ထို ၆ ပွဲမှာ ချယ်ဆီးက ၁၇ ဂိုး သွင်းခဲ့ကာ ဂိုးပြန်ပေးလိုက်ရတာက ၃ ဂိုးသာ ရှိပြီး clean sheet လည်း ၃ ပွဲ ရယူထားနိုင်ခဲ့ပါတယ်။

ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ မှာတော့ ချယ်ဆီးအသင်းက ခက်ခဲမယ့် ပြိုင်ဘက် ဘန်လေကို အဝေကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဘန်လေက ကာယကြံ့ခိုင်မှု အားပြုပြီး ခံစစ်သမားတွေရဲ့ တွန်းတွန်းတိုက်တိုက် ခပ်ကြမ်းကြမ်း ကစားလေ့ရှိတာကြောင့် လမ်းပတ် အနေနဲ့ စိန်ခေါ်မှုကြီး ရင်ဆိုင်ရမှာပါ။

ဘန်လေ – ချယ်ဆီး ပွဲအတွက် စကိုင်းစပေါ့မှ ချာလီ နစ်ကိုးလပ်စ်ရဲ့ သုံးသပ်ချက်ကို ပြန်လည် ဖော်ပြပေးပါမယ်။

” ချယ်ဆီးအသင်းက ကျနော် ထင်တာထက် ပိုပြီး ခြေစွမ်း တည်ငြိမ်မှု ရှိတယ်။ လမ်းပတ်ရဲ့ ပွဲထွက် ကစားသမား အလဲအလှယ်ကလည်း အလုပ်ဖြစ်နေပြီး ဆုံးဖြတ်ချက်တွေ မှန်ကန်နေတယ်။ အရေးကြီးတာက အပြောင်းအလဲတွေမှာ ရှင်းလင်းသေချာဖို့ပါ။ တမ်မီ အေဗရာဟမ် ဂိုးတွေ သွင်းနေတာကြောင့် ပွဲထွက်မှာ ပါဝင်နေပြီး ကျနော့် အတွက်ကတော့ မေဆန်မောင့်ကလည်း ပါဝင်ဖို့ ထိုက်တန်ပါတယ်။

အိုဒွိုင်းက အသင်းနဲ့ အတူ သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားတာကြောင့် ပွဲကစားခွင့် ရှိနေမှာပါ။ ဝီလီယံကလည်း ပုံစံကောင်း ပြန်ရနေတယ်။ ဂျော်ဂျင်ဟိုကလည်း ကောင်းနေတယ်။ တိုမိုရီကလည်း ခြေစွမ်းပြနေတယ်။ ဒါပေမယ့် ကျနော် မသေချာတာက ချယ်ဆီး ဗဟိုခံစစ်သမားတွေက ဘန်လေ တိုက်စစ် အတွဲ ဖြစ်တဲ့ အက်ရှ်လေ ဘန်းစ်နဲ့ ခရစ်ဝုဒ်တို့ အစွမ်းပြရင် တားဆီးနိုင်ပါ့မလား ဆိုတာပါပဲ။

တကယ်လို့ ဒီသီတင်းပတ်ထဲ စိတ်ပျက်စရာ ရလဒ်ထွက်မယ့် ပွဲတစ်ပွဲ ပြောပါဆို ကျနော် ဒီပွဲကို ရွေးမိမယ်။ ဘန်လေရဲ့ ကစားပုံက တချို့သူတွေ အတွက် ဆွဲဆောင်မှု မရှိဖြစ်နေနိုင်ပေမယ့် အလုပ်ဖြစ်တာ အမှန်ပဲ။ ” လို့ ချာလီက ဆိုပါတယ်။

ချာလီ ခန့်မှန်းရလဒ်။ ။ ဘန်လေ ၂-၁ ချယ်ဆီး

Zawgyi

ခ်န္ပီယံလိဂ္ ဥေရာပ မ်က္နွာစာမွာ ခ်ယ္ဆီးအသင္းဟာ ေအဂ်က္ကို အနုိင္ယူျပီး ျပိဳင္ပြဲစံု ၆ ပြဲဆက္ နုိင္ပြဲရယူကာ လူငယ္ေတြနဲ႕ ေျခစြာေနပါတယ္။ ထို ၆ ပြဲမွာ ခ်ယ္ဆီးက ၁၇ ဂိုး သြင္းခဲ့ကာ ဂိုးျပန္ေပးလိုက္ရတာက ၃ ဂိုးသာ ရွိျပီး clean sheet လည္း ၃ ပြဲ ရယူထားနုိင္ခဲ့ပါတယ္။

ဒီတပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၀ မွာေတာ့ ခ်ယ္ဆီးအသင္းက ခက္ခဲမယ့္ ျပိဳင္ဘက္ ဘန္ေလကို အေ၀ကြင္းမွာ သြားေရာက္ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။ ဘန္ေလက ကာယၾကံ႕ခိုင္မႈ အားျပဳျပီး ခံစစ္သမားေတြရဲ႕ တြန္းတြန္းတိုက္တိုက္ ခပ္ၾကမ္းၾကမ္း ကစားေလ့ရွိတာေၾကာင့္ လမ္းပတ္ အေနနဲ႕ စိန္ေခၚမႈၾကီး ရင္ဆိုင္ရမွာပါ။

ဘန္ေလ – ခ်ယ္ဆီး ပြဲအတြက္ စကိုင္းစေပါ့မွ ခ်ာလီ နစ္ကိုးလပ္စ္ရဲ႕ သံုးသပ္ခ်က္ကို ျပန္လည္ ေဖာ္ျပေပးပါမယ္။

” ခ်ယ္ဆီးအသင္းက က်ေနာ္ ထင္တာထက္ ပိုျပီး ေျခစြမ္း တည္ျငိမ္မႈ ရွိတယ္။ လမ္းပတ္ရဲ႕ ပြဲထြက္ ကစားသမား အလဲအလွယ္ကလည္း အလုပ္ျဖစ္ေနျပီး ဆံုးျဖတ္ခ်က္ေတြ မွန္ကန္ေနတယ္။ အေရးၾကီးတာက အေျပာင္းအလဲေတြမွာ ရွင္းလင္းေသခ်ာဖို႔ပါ။ တမ္မီ ေအဗရာဟမ္ ဂိုးေတြ သြင္းေနတာေၾကာင့္ ပြဲထြက္မွာ ပါ၀င္ေနျပီး က်ေနာ့္ အတြက္ကေတာ့ ေမဆန္ေမာင့္ကလည္း ပါ၀င္ဖို႔ ထိုက္တန္ပါတယ္။

အိုဒြိဳင္းက အသင္းနဲ႕ အတူ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုထားတာေၾကာင့္ ပြဲကစားခြင့္ ရွိေနမွာပါ။ ၀ီလီယံကလည္း ပံုစံေကာင္း ျပန္ရေနတယ္။ ေဂ်ာ္ဂ်င္ဟိုကလည္း ေကာင္းေနတယ္။ တိုမိုရီကလည္း ေျခစြမ္းျပေနတယ္။ ဒါေပမယ့္ က်ေနာ္ မေသခ်ာတာက ခ်ယ္ဆီး ဗဟိုခံစစ္သမားေတြက ဘန္ေလ တိုက္စစ္ အတြဲ ျဖစ္တဲ့ အက္ရွ္ေလ ဘန္းစ္နဲ႕ ခရစ္၀ုဒ္တို႔ အစြမ္းျပရင္ တားဆီးနုိင္ပါ့မလား ဆိုတာပါပဲ။

တကယ္လို႔ ဒီသီတင္းပတ္ထဲ စိတ္ပ်က္စရာ ရလဒ္ထြက္မယ့္ ပြဲတစ္ပြဲ ေျပာပါဆို က်ေနာ္ ဒီပြဲကို ေရြးမိမယ္။ ဘန္ေလရဲ႕ ကစားပံုက တခ်ိဳ႕သူေတြ အတြက္ ဆြဲေဆာင္မႈ မရွိျဖစ္ေနနိုင္ေပမယ့္ အလုပ္ျဖစ္တာ အမွန္ပဲ။ ” လို႔ ခ်ာလီက ဆိုပါတယ္။

ခ်ာလီ ခန္႔မွန္းရလဒ္။ ။ ဘန္ေလ ၂-၁ ခ်ယ္ဆီး