ေအဂ်က္ကို နုိင္တဲ့ပြဲအျပီး လမ္းပတ္ ထုတ္ေဖာ္ခ်ီးက်ဴးခဲ့ရတဲ့ ခ်ယ္ဆီးအသင္းသား နွစ္ဦး

ဖရန့်လမ်းပတ်ရဲ့ ချယ်ဆီးလူငယ်လေးတွေဟာ ချန်ပီယံလိဂ်မှာ အေဂျက်ကို အနိုင်ယူပြီး ရင့်ကျက်မှုတွေ ရရှိလာပြီ ဖြစ်ပါတယ်။ အမ်စတာဒမ်က ပွဲမှာ ချယ်ဆီးဟာ အိမ်ရှင်တွေကို လူစားဝင်လာတဲ့ ဘတ်ရှူဝါရီရဲ့ သွင်းဂိုးနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံတိုက်စစ်သမားဟာ ဂိုးမဝင်ခင် မိနစ်ပိုင်းအလိုက အပိုင် အခွင့်အရေး လွဲချော်ခဲ့ပေမယ့် အမှားကို ပြင်ဆင်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီ ဆီမီးဖိုင်နယ်ရောက် အေဂျက်အသင်းကို ဒီရာသီ ပထမဆုံး ရှုံးပွဲ တွေ့စေခဲ့ပါတယ်။ ချယ်ဆီးအတွက် ကံကောင်းမှုတွေလည်း ရှိခဲ့ပြီး အေဂျက်ရဲ့ ဂိုး VAR အဆုံးအဖြတ်မှာ အနည်းငယ် လူကျွံလို့ ပယ်ဖျက်ခဲ့တာနဲ့ တိုင်ထိ ထွက်ခဲ့တဲ့ အလုံးတွေ ဂိုးမပေးခဲ့ရတာပါ။

လမ်းပတ်ရဲ့ လူငယ်တွေကတော့ ရင့်ကျက်မှုနဲ့ အတွေ့အကြုံတွေ တိုးလာပြီး နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်။ ထိုပွဲအပြီးမှာ လမ်းပတ်က အားရကျေနပ်နေပြီး လူစားဝင် ကစားခဲ့တဲ့ ချယ်ဆီး အသင်းသား နှစ်ဦးကို ထုတ်ဖော် ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

” ကျနော်ကတော့ ဒီပွဲက စွမ်းဆောင်ရည်တွေ အားလုံး အသေးစိတ်ကို အားရကျေနပ်ပါတယ်။ တကယ့်ကို နိုင်ပွဲကြီးလို့လည်း ခံစားရတယ်။ အုပ်စုထဲမှာ ၆ မှတ်သာ ရှိထားသေးတယ် ဆိုပေမယ့်လေ။ စနေနေ့မြှတော့ ကျနော်တို့ ဘန်လေနဲ့ ကစားရမှာပါ။ ဒီညတော့ ကျနေ်ာတို့ ရင်ခုန် ပျော်ရွှင်ခွင့် ရှိပါတယ်။ ”

” ဒီပုံစံက ကျနော်တို့ ပုံကြမ်းချထားတဲ့ အတိုင်းပါပဲ။ ဒီ စံအနေအထားကို ကျနေ်ာတို့ လျော့သွားလို့ မဖြစ်ဘူး ဆင်ခြေတွေလည်း ပေးလို့ မရဘူး။ လူငယ်တွေက ချန်ပီယံလိဂ်မှာ ကလေးတွေပဲ ရှိသေးတယ် ဆိုပေမယ့် စမ်းသပ်မှုကြီးကို သူတို့ ရင်ဆိုင်ခဲ့ကြပြီးပြီ။ အသင်းမှာ လူငယ်တွေနဲ့ အတွေ့အကြုံရှိ ကစားသမားတွေ ဟန်ချက်ညီပါတယ်။ ဒီညမှာ ကျနော်တို့ ဘယ်လို ဖြစ်အောင် လုပ်နိုင်ခဲ့ကြလဲဆိုတာ သဘောပေါက်ဖို့လိုတယ်.. အေဂျက်က တကယ့် ထိပ်တန်း အသင်း တစ်သင်းပါ။ ” လို့ လမ်းပတ်က ဆိုပါတယ်။

” တခါတလေ ပွဲကစားဖို့ လူစာရင်းမှာ တယောက်ယောက်ကို ဖယ်ထုတ်ခဲ့ရတာက အခက်ခဲဆုံး အရာပါ။ ဒါပေမယ့် လူစားဝင် ကစားသမားတွေ ဝင်လာတဲ့အခါ အသင်း စိတ်ဓာတ်ပိုင်း တိုးတက်မှုကြီးတွေ မြင်ရတာက အားရစရာ ဖြစ်တယ်။ ”

” မီချီ (ဘတ်ရှူဝါရီ) အပိုင် အခွင့်အရေး လွဲတုန်းက ကျနော် ဒေါသထွက်နေခဲ့တာ ဒါပေမယ့် အဲဒီနောက်တော့ ကျနော် ပြန် ခေါင်းမော့နိုင်အောင် သူ လုပ်ပြခဲ့တယ်။ သူ ဒီလို အဆုံးသတ်နိုင်စွမ်း ရှိတယ်ဆိုတာ ကျနော် သိခဲ့တယ်။ ခရစ္စတီယန် (ပူလီဆစ်) ရဲ့ ပံ့ပိုးမှုကလည်း ဂိုးအဆုံးသတ်လိုပဲ အရေးကြီးခဲ့တယ်။ လူစားဝင် ကစားသမားတွေ ဂိုးသွင်းပြီး ဒီလို အစွမ်းပြတာက ကျေျနာ့်ကို သိပ်ပျော်ရွှင်စေပါတယ်။ ” လို့ လမ်းပတ်က ထုတ်ဖေ ် ပြောကြားခဲ့ပါတယ်။

Sports Home Time

Zawgyi

ဖရန္႔လမ္းပတ္ရဲ႕ ခ်ယ္ဆီးလူငယ္ေလးေတြဟာ ခ်န္ပီယံလိဂ္မွာ ေအဂ်က္ကို အနုိင္ယူျပီး ရင့္က်က္မႈေတြ ရရွိလာျပီ ျဖစ္ပါတယ္။ အမ္စတာဒမ္က ပြဲမွာ ခ်ယ္ဆီးဟာ အိမ္ရွင္ေတြကို လူစား၀င္လာတဲ့ ဘတ္ရွဴ၀ါရီရဲ႕ သြင္းဂိုးနဲ႕ အနိုင္ယူနိုင္ခဲ့ပါတယ္။

ဘယ္လ္ဂ်ီယံတိုက္စစ္သမားဟာ ဂိုးမ၀င္ခင္ မိနစ္ပိုင္းအလိုက အပိုင္ အခြင့္အေရး လြဲေခ်ာ္ခဲ့ေပမယ့္ အမွားကို ျပင္ဆင္နုိင္ခဲ့ျပီး ျပီးခဲ့တဲ့ရာသီ ဆီမီးဖိုင္နယ္ေရာက္ ေအဂ်က္အသင္းကို ဒီရာသီ ပထမဆံုး ရွံဳးပြဲ ေတြ႔ေစခဲ့ပါတယ္။ ခ်ယ္ဆီးအတြက္ ကံေကာင္းမႈေတြလည္း ရွိခဲ့ျပီး ေအဂ်က္ရဲ႕ ဂိုး VAR အဆံုးအျဖတ္မွာ အနည္းငယ္ လူကၽြံလို႔ ပယ္ဖ်က္ခဲ့တာနဲ႕ တိုင္ထိ ထြက္ခဲ့တဲ့ အလံုးေတြ ဂိုးမေပးခဲ့ရတာပါ။

လမ္းပတ္ရဲ႕ လူငယ္ေတြကေတာ့ ရင့္က်က္မႈနဲ႕ အေတြ႔အၾကံဳေတြ တိုးလာျပီး နုိင္ပြဲနဲ႕ ထိုက္တန္ခဲ့ပါတယ္။ ထိုပြဲအျပီးမွာ လမ္းပတ္က အားရေက်နပ္ေနျပီး လူစား၀င္ ကစားခဲ့တဲ့ ခ်ယ္ဆီး အသင္းသား နွစ္ဦးကို ထုတ္ေဖာ္ ခ်ီးက်ဴးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

” က်ေနာ္ကေတာ့ ဒီပြဲက စြမ္းေဆာင္ရည္ေတြ အားလံုး အေသးစိတ္ကို အားရေက်နပ္ပါတယ္။ တကယ့္ကို နိုင္ပြဲၾကီးလို႔လည္း ခံစားရတယ္။ အုပ္စုထဲမွာ ၆ မွတ္သာ ရွိထားေသးတယ္ ဆိုေပမယ့္ေလ။ စေနေန႔မွၾေတာ့ က်ေနာ္တို႔ ဘန္ေလနဲ႕ ကစားရမွာပါ။ ဒီညေတာ့ က်ေန္ာတို႔ ရင္ခုန္ ေပ်ာ္ရႊင္ခြင့္ ရွိပါတယ္။ ”

” ဒီပံုစံက က်ေနာ္တို႔ ပံုၾကမ္း္ခ်ထားတဲ့ အတိုင္းပါပဲ။ ဒီ စံအေနအထားကို က်ေန္ာတို႔ ေလ်ာ့သြားလို႔ မျဖစ္ဘူး ဆင္ေျခေတြလည္း ေပးလို႔ မရဘူး။ လူငယ္ေတြက ခ်န္ပီယံလိဂ္မွာ ကေလးေတြပဲ ရွိေသးတယ္ ဆိုေပမယ့္ စမ္းသပ္မႈၾကီးကို သူတုိ႔ ရင္ဆုိင္ခဲ့ၾကျပီးျပီ။ အသင္းမွာ လူငယ္ေတြနဲ႕ အေတြ႔အၾကံဳရွိ ကစားသမားေတြ ဟန္ခ်က္ညီပါတယ္။ ဒီညမွာ က်ေနာ္တုိ႔ ဘယ္လို ျဖစ္ေအာင္ လုပ္နိုင္ခဲ့ၾကလဲဆိုတာ သေဘာေပါက္ဖို႔လိုတယ္.. ေအဂ်က္က တကယ့္ ထိပ္တန္း အသင္း တစ္သင္းပါ။ ” လို႔ လမ္းပတ္က ဆိုပါတယ္။

” တခါတေလ ပြဲကစားဖို႔ လူစာရင္းမွာ တေယာက္ေယာက္ကို ဖယ္ထုတ္ခဲ့ရတာက အခက္ခဲဆံုး အရာပါ။ ဒါေပမယ့္ လူစား၀င္ ကစားသမားေတြ ၀င္လာတဲ့အခါ အသင္း စိတ္ဓာတ္ပိုင္း တိုးတက္မႈၾကီးေတြ ျမင္ရတာက အားရစရာ ျဖစ္တယ္။ ”

” မီခ်ီ (ဘတ္ရွဴ၀ါရီ) အပိုင္ အခြင့္အေရး လြဲတုန္းက က်ေနာ္ ေဒါသထြက္ေနခဲ့တာ ဒါေပမယ့္ အဲဒီေနာက္ေတာ့ က်ေနာ္ ျပန္ ေခါင္းေမာ့နုိင္ေအာင္ သူ လုပ္ျပခဲ့တယ္။ သူ ဒီလို အဆံုးသတ္နုိင္စြမ္း ရွိတယ္ဆိုတာ က်ေနာ္ သိခဲ့တယ္။ ခရစၥတီယန္ (ပူလီဆစ္) ရဲ႕ ပံ့ပိုးမႈကလည္း ဂိုးအဆံုးသတ္လိုပဲ အေရးၾကီးခဲ့တယ္။ လူစား၀င္ ကစားသမားေတြ ဂိုးသြင္းျပီး ဒီလို အစြမ္းျပတာက က်ေ်နာ့္ကို သိပ္ေပ်ာ္ရႊင္ေစပါတယ္။ ” လို႔ လမ္းပတ္က ထုတ္ေဖ ္ ေျပာၾကားခဲ့ပါတယ္။

Sports Home Time